သတင်း

စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားအချို့ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မူးမန္တလေးကျေးရွာကို စစ်ကြောင်းထိုးပြီး ကန်ဖျားကျေးရွာဘက်သို့ စစ်ကြောင်းပြန်လှည့်ဆုတ်ခွာစဉ် Zero ပြောက်ကျားတပ်ဖွဲ့နှင့် Zeo Power တော်လှန်ရေးအင်အားစုတို့မှ ဝေဟင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၇ဦးသေဆုံးကာ ၁၈ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် နံနက်ပိုင်း ၉နာရီဝန်းကျင် မူးမန္တလေးကျေးရွာ မြေပြင်ကို လက်နက်ကြီးပစ်ခတ်ကာ ဝင်ရောက်မီးရှို့ဖျက်စီးခဲ့ပြီး မွန်းလွှဲပိုင်းတွင် မြင်းမူမြို့ဘက်သို့ ပြန်လှည်ဆုတ်ခွာစဉ် တိုက်ခိုက်ခဲ့သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ဆိုသည်။

“မနေ့ကမနက်ပိုင်းက ရဟတ်ယာဉ် နဲ့လာပစ်တယ် လူတစ်ချို့ချသွားတယ် သူတို့က မူးမန္တလေးရွာကိုမီးရှို့ပြီး ညနေပိုင်းကျတော့ ကန်ဖျားဘက်ကကနေ ၂၉ ကောင်ပါတဲ့စစ်ကြောင်းက မြင်းမူဘက်ကနေပြန်ဆုတ်တဲ့အချိန် ကြိုစောင့်ပြီးတိုက်ခိုက်ခဲ့တာဟုတ်တယ်။ အဲ့နေရာမှာတင် ၇ ကောင်သေတယ်။ ၁၈ကောင်လောက်က ဒဏ်ရာရတယ်”ဟုပြောဆိုသည်။

တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်သည် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို လူနာတင်ကားဖြင့် မုံရွာဘက်သို့ သယ်ဆောင်သွားသည်ဟု မြေပြင်တွင် ကြည့်ရှု့နေသောအဖွဲ့က ပြောဆိုသည်ဟု သူကဆက်ဆိုသည်။

လက်ရှိတွင် မူးမန္တလေးကျေးရွာမှ ဒေသခံပြည်သူများကို စစ်ကောင်စီတပ်မှ ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး ဖေ့ဘုတ် စာမျက်နှာတွင် ဖော်ပြထားသော်လည်း KNG သတင်းဌာနမှ သီးခြားအတည်ပြုနိုင်းခြင်းမရှိသေးပါ။

အဆိုပါ စစ်ကောင်စီတပ်များကို ယမန်နေ့ နံနက်ပိုင်း ၉နာရီဝန်းကျင်ခန့်တွင် ရဟတ်ယာဉ်တစ်စီးဖြင့် စစ်အင်အား ၃၀ခန့် မူးမန္တလေးကျေးရွာသို့ လာချထားသည့် စစ်ကောင်စီအဖွဲ့ဖြစ်ပါသည်။

ထို့နောက် မူးမန္တလေး ကျေးရွာ၏ မြောက်ပိုင်းဘက်တွင် လူနေအိမ်များ မီးရှို့ခံရမှုဆက်ရှိနေပြီး လက်ရှိအချိန်အထိ ရွာထဲတွင် စစ်ကောင်စီတပ်များရှိနေသေးသည့်အတွက်ကြောင့် နယ်မြေခံတပ်များ ဝင်ရောက်ကြည့်ရှု့ရန် ခက်ခဲနေသေးကြောင်း Zero ပြောက်ကျားတပ်ဖွဲ့မှ ဆက်လက်သိရသည်။

Show More

Related Articles

Back to top button