တိုက်ပွဲသတင်း

ဝူယန် ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရမှုတွင် ပြည်သူ့စစ် ၆ ဦးသေ၊ အယောက် ၂၀ ကျော် ထိခိုက်

ဝိုင်းမော်မြို့ စစ်ကောင်စီအောက် ဝူယန်ပြည်သူ့စစ်စခန်း ယနေ့ နံနက် တိုက်ခိုက်ခံရမှုတွင် ၆ ဦး သေဆုံးပြီး အယောက် ၂၀ ကျော် ထိခိုက်ခဲ့သည်ဟု ရှေ့တန်း KIA သတင်းများထံမှ သိရသည်။

ကချင်လွတ်လပ်ရေးတပ်တော် KIA နှင့် PDF တို့မှ စခန်းအတွင်းအထိ ဝင်ရောက်ရှင်းလင်းနိုင်ခဲ့သည်ဟု ရှေ့တန်း KIA တာဝန်ရှိသူတစ်ဦးက KNG ကို ယခုလိုဆိုသည်။

“စခန်းအတွင်းမှာ အလောင်းက ၆ လောင်းတွေ့ရတယ်။ မသေဘဲ ထိခိုက်ဒဏ်ရာရတဲ့သူ ၂၀ လောက်ရှိမယ်။ အဲ့ဒဏ်ရာရတဲ့ သူတွေကိုလည်း ဒီမနက်အစောကြီး မြစ်ကြီးနား စစ်ဆေးရုံဘက်ကို ပို့လိုက်ပြီ။ ကျနော်တို့က သူတို့ရဲ့ ပြည်သူ့စစ်ဂိတ်အတွင်းထိကို ဝင်ရောက်စီးနင်းနိုင်ခဲ့တာဟုတ်တယ်။ စခန်းတောင် မီးရှို့ပေးလိုက်ဖို့ ဒါပေမယ့် ရွာအလယ်မှာဖြစ်နေတဲ့ မရှို့ဘဲ ပြန်ခေါက်သွားခဲ့ကြတယ်” ဟု ပြောဆိုသည်။

ပြည်သူ့ စစ်တပ်စခန်းတွင် ၁ နာရီခန့်အကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လက်နက်ပစ္စည်းတစ်ချို့ကိုလည်း သိမ်းယူနိုင်ခဲ့ပြီး ထွက်ခွာသွားကြသည်ဟု သူဆက်ဆိုသည်။

ယခုလို ဝူယာန်ပြည်သူ့စစ်တပ်စခန်းကို KIA နှင့် PDF အဖွဲ့ ဝင်ရောက်တိုက်ခိုက်မှုသည် ယခုလအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၅ လက်အောက် တပ်ရင်း ၃နယ်မြေရှိ နန်ဇော်ကျေးရွာဘက်တွင် ပြည်သူ့စစ်အဖွဲ့မှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်မှုကြောင့် တန်ပြန် တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ယနေ့ နံနက် တိုက်ပွဲနှင့်ပတ်သက်ပြီး ဝူယာန်ပြည်သူ့စစ်တပ်စခန်းအနီးတွင်ရှိသော ဒေသခံတစ်ဦးက ယခုလို ဆက်ပြောဆိုသည်။

“စခန်းအတွင်းမှာရှိ သလောက်က သေမယ်။ မသေရင်တောင် ဒဏ်ရာရမယ်။ တစ်ချို့ကတော့ လက်နက်သံကြားတာနဲ့ ထွက်ပြေးသွားတာရှိလိမ့်မယ်။ ဘာလို့လဲဆိုတော့ KIA က စခန်းအတွင်းဘက်ကို ဝင်ပစ်ပေးတာလေ။ ပြီးရင် အထဲ ပြန်ဝင်တယ်။ နောက် ပြည်သူ့တပ်စခန်းထဲက အော်သံတွေလည်းကြားရတယ်။  ပြည်သူ့စစ် ခြံတံခါးတွေလည်း ဖျက်စီးပေးသွားတယ်” ဟု ပြောဆိုသည်။

ဝူယာန် ပြည်သူ့စစ်တပ်စခန်းသည် ကားလမ်းမဘေး နံနက်စျေးအထက် အုပ်ချုပ်ရေးရုံးဖြင့် ကပ်ယက်တွင် ဆောက်လုပ်ထားပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်သား စုစုပေါင်း ၄၀ ဝန်းကျင်ခန့် နေထိုင်လျက်ရှိသည်ဟု သိရသည်။

ထို့နောက် ယနေ့နံနက်ပိုင်း ၁၁ နာရီဝန်ကျင်အထိ တိုက်ခိုက်ခံရသော ဝူယာန်ပြည်သူ့စစ်ရှေ့တွင် ပြည်သူများကို သွားလာခွင့် ပိတ်ထားဆဲဖြစ်ကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

အဆိုပါစခန်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ၄ ရက်အကြာ KIA မှ စတင်ပစ်ခတ်ခဲ့သည်။ သို့သော်လည်း ယနေ့ အထိ ဆက်ရှိနေကာ ခရီးသွားများကို ငွေကြေးကောက်ခံမှု၊ စစ်ဆေးမှုများ ပြုလုပ်နေသော စခန်းဖြစ်သည်။

Show More

Related Articles

Back to top button