တိုက်ပွဲသတင်း

ဖားကန့် YTT လုပ်ကွက်တွင် ကုမ္ပဏီ ကျောက်မိုင်းခွဲရာမှ ကျောက်ခဲစင်၍ ရေမဆေးသမားတစ်ဦး ထိမှန်သေဆုံး

ကချင်ပြည်နယ် ဖားကန်မြို့နယ် မနကျေးရွာမှော် YTT ကျောက်စိမ်းလုပ်ကွက်နေရာတွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတစ်ခုက ကျောက်မိုင်းခွဲရာမှ ကျောက်ခဲစင်၍ ရေမဆေး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင် ၂၈ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်တွင် YTT လုပ်ကွက်၌ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတစ်ခုက ကျောက် မိုင်းခွဲရာ ကျောက်ခဲစင်၍ လုပ်ကွက်အနီး ရေမဆေးကျောက်ရှာနေသူ ဦးကျော်ဆန်းနိုင် အသက် (၄၆) ကို ခဲထိမှန်ခဲ့ရာ နေတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်း အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“ရတနာတောင်တန်း (YTT) လုပ်ကွက်မှာ ဟုတ်တယ်။ အခုက ရေမဆေးကော ကုမ္ပဏီတွေကော ညဘက်ပဲ တူးကြတာဆိုတော့ အဲ့မှာကုမ္ပဏီတစ်ခုက ကျောက်မိုင်းခွဲတာခဲစင်ပြီး ရေမဆေးတစ်ယောက် ဦးခေါင်မှန်ပြီးပွဲ ချင်းပြီးပဲသေသွားတာ”ဟု ဖြစ်စဉ် သိသူအမျိုးသားတစ်ဦးကပြောသည်။

သေဆုံးသွားသည့် အမျိုးသားသည် ဆန်းကြွယ်ကျေးရွာ ရပ်ကွက် (၃) တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီ ခွဲတဲ့ကျောက်ခဲမှန်တာဆိုတော့ ကုမ္ပဏီက ဘယ်လိုဆောင်ရွက်ပေးမလဲ တော့မသိရသေးဘူး အလောင်းကတော့ ဒီနေ့သဂြိုလ်မှာပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။

ရတနာတောင်တန်း (YTT) လုပ်ကွက်တွင် ယခင်က YTT ကုမ္ပဏီတစ်ခုတည်းကသာ ဝင်ရောက်လုပ်ကိုင်လျှက်ရှိပြီး လက်ရှိတွင် ကုမ္ပပေါင်းစုံ ဝင်ရောက်လုပ်ကိုင်နေသည်ဟု သိရသည်။

ဖားကန့်မြို့နယ်တွင် ဇူလိုင် ၂၇ ရက်နေ့ကလည်း ဆိုင်းတောင် ကျေးရွာ အနောက်ဘက် ဆိပ်မူ နှင့် မိုးကာ ကျေးရွာကြား မြေစာပုံ ပြိုကျ၍ ရေဆေးရှာနေသည့် အမျိုးသားနှစ်ဦး ဦးဒီးတန် ၃၃ နှစ်နဲ့ ကိုနော်နော် ၃၀ နှစ်တို့ မြေစာပိ၍ သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button