သတင်း

ဗန်းမော်စုပေါင်းရုံးမိုင်းးခွဲခံရမူ မြေစာရင်းဌာနမှ ဝန်ထမ်း ၁ ဦးထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ အထွေထွေအုပ်ချုပ်ရေး စုပေါင်းရုံး ယနေ့နံနက် ၁၁ နာရီဝန်းကျင် မိုင်းခွဲခံရသည့်အတွက် မြေစာရင်းဌာနမှ ဝန်ထမ်းတစ်ဦး မိုင်းကျည်စ ထိမှန်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ သြဂုတ် ၁၀ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင် ဗန်းမော်မြို့နယ် စုပေါင်းရုံးရှေ့၌ မိုင်းနှစ်လုံး၊ အင်းဝဘဏ် လုံခြုံရေးပေးနေသည့် စစ်ကောင်စီကင်းတဲ၌ မိုင်းတစ်လုံးဖောက်ခွဲခံရသည့်အပြင် ရဲဝန်ထမ်းအိမ်ရာကိုလည်း ခြောက်လန့်ပစ် ခတ်ခဲ့ရာ စုပေါင်းရုံးမိုင်းခွဲမူတွင် မြေစရင်းဝန်ထမ်းတစ်ဦး မိုင်းကျည်စထိမှန်ကြောင်း သိရသည်။

“ဆိုင်ကယ်စတန်းမှာ ဆိုင်ကယ်ဝင်ထားတဲ့ချိန်နဲ့ အထဲက ပေါက်ကွဲတဲ့ချိန် ကွက်တိဖြစ်သွားတော့ မိုင်းစထိမှန်သွားတာတဲ့ စိုးရိမ်စရာမရှိဘူးလို့ သိရတယ်” လို့ ဒေသခံတစ်ဦးကပြာသည်။

အဆိုပါ နေရာ ၃ ခု စလုံးအား ဖောက်ခွဲမူကို ၁၁ နာရီဝန်းကျင်အတွင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ အဓိကယန္တရားစက်လည်ပတ်‌ နေသည်ရုံးများဖြစ်သည့်အတွက် ဖောက်ခွဲရခြင်းဖြစ်သည်ဟု Urban Revolutionary Forceမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စုပေါင်းရုံးကတော့စစ်ကောင်စီရဲ့အဓိက ယန္တရားစက်လည်ပတ်တဲ့နေရာပေါ့။ အဲ့ကြောင့် အဲ့နေရာမှာ ထောင်မိုင်းနှစ်လုံးခွဲခဲ့တယ်။ နောက်ပြီးတော့ အင်းဝဘဏ်ကိုလုံခြုံ ရေးပေးနေတဲ့ စစ်သားတွေနေရာကို လက်ပစ်မိုင်းတစ်လုံးခွဲခဲ့တယ်ပြီးတော့ ရဲဝန်ထမ်းအိမ်ရာကိုလည်းခြောက်လန့်ပစ်ခတ်တာမျိုးလုပ်ခဲ့တယ်”ဟုပြောသည်။

ယနေ့ URFမှ မိုင်းဖောက်ခွဲမှု ဖြစ်စဥ်တွင် ပြည်သူလူထုထိခိုက်မှုမရှိခဲ့သော်လည်း ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ပေါက်ကွဲမှုဖြစ်ပါက ချက်ချင်းစုပြုံ၍ ထွက်မကြည့်သင့်ကြောင်းနဲ့ စစ်သားများနဲ့ရဲများအနီးတွင် ကပ်၍သွားလာ နေထိုင်ခြင်း မပြုလုပ်ကြရန်လည်း URF အဖွဲ့မှ တိုက်တွန်းထားသည်။

URF အဖွဲ့အနေဖြင့် ယခင်ကလည်း စစ်ကောင်စီလက်အောက်ခံ EPC ရုံး၊ ရဲစခန်းနဲ့အခြား စစ်ကောင်စီနဲ့ဆက်စပ်သည့်နေရာများတွင်မိုင်းဖောက်ခွဲမှုများ ပြုလုပ်ခဲ့ဖူးကြောင်းသိရသည်။

Show More

Related Articles

Back to top button