သတင်း

ကသာနယ်တွင် အရပ်သားပြည်သူ ၅၀ ဝန်းကျင်ကို စစ်ကောင်စီတပ် ဖမ်းဆီးထား၊ စစ်အင်အား ၄၀၀ ကျော် စစ်အင်အားတိုးချဲ့ထား

စစ်တိုင်းဒေသ ကသာမြို့နယ် အထက်ပိုင်းဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ကျောက်ထုံးကြီး ကျေးရွာမှ အရပ်သားပြည်သူ ၅၀ ကျော် ဖမ်းခံထားသည်ဟု ဒေသခံများ ထံမှသိရသည်။

ဩဂုတ်လ ၁၂နေ့မှစတင်ပြီး ကသာနယ်အထက်ပိုင်း ကျောက်ထုံးကြီးတိုက်နယ်ဘက်သို့ စစ်အင်အား ၄၀၀ ကျော်ခန့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဩဂုတ်လ ၁၅ရက်နေ့တွင် ကျောက်ထုံးကျေးရွာမှ အရပ်သားပြည်သူ ၅၀ ကျော်ခန့်ကို ဖမ်းဆီးထားကြောင်း ဒေသခံတစ်ဦး KNG ကိုပြောသည်။

“ရွာသား ၅၀ကျော် ဟိုတနေ့က ဖမ်းခံရတာ။ အားလုံးက ကျောက်ထုံးကြီးရွာကလူတွေပဲ မနေ့ကနည်းနည်းပြန်လွတ်ပေးတယ်လို့သိရတယ် ဘယ်နဦးလွတ်လာလေးတော့မသိရဘူး မများပိုင်းဖမ်းခံထားရဆဲပဲ သူတို့ကိုရွာထဲမှာပဲဖမ်းထားပြီးတော့မေးမြန်းစစ်ဆေးတာတွေလုပ်နေတယ်တဲ့”ဟု ဒေသခံတစ်ဦးကပြောသည်။

အလားတူ သြဂုတ် ၁၄ ရက်နေ့တွင် ကျောက်ထုံးကြီး တိုက်နယ်သို့ဝင်ရောက်နေသည့် စစ်ကြောင်းက ကြည်နူးကျေးရွာ မှ အသက် ၄၀ ဝန်းကျင်ရှိ အရပ်သားတစ်ဦးကို သတ်ဖြတ်မီးရှို့ခဲ့ကြောင်း  ကသာ PDF အဖွဲ့ပြောဆိုချက်မှသိရသည်။

အဆိုပါ စစ်ကြောင်းသည် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ကျောက်ထုံးကြီးတိုက်နယ်ဘက်တွင် စစ်အင်အား ၂၀၀ ကျော်၊ မြစ်၏ အနောက်ဘက်ကမ်း မိုးတားတိုက်နယ်ဘက် စစ်အင်အား ၂၀၀ ကျော် စစ်ကြောင်း ၂ခုဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေကြောင်းသိရသည်။

ယခုလို ကသာနယ်တွင် တိုက်ပွဲဖြစ်ပွာခြင်းမရှိသော်လည်း စစ်ကောင်စီတပ်ဘက်မှ စစ်အင်အားအလုံးအရင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်မှုမှာ ကသာနယ်အထက်ပိုင်းတစ်လျှောက် နယ်မြေစိုးမိုးရန်အတွက်ဖြစ်သည်ဟု ကသာ PDF တစ်ဦးက ယခုလိုပြောဆိုသည်။

“အဓိကတော့ သူတို့ ကသာနယ် အထက်ဘက်မှာ နယ်​မြေစိုးမိုးဖို့အတွက် ဝင်လာတယ်လို့ပဲမြင်ပါတယ်။ နောက်တစ်ခုက သင်္ဘောလမ်းကြောင်းတစ်လျှောက် လုံခြုံရေးယူပေးဖို့အတွက် ထင်ပါတယ်”ဟုပြောဆိုသည်။

လက်ရှိ ကသာနယ်အထက်ပိုင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်နေသော စစ်ကြောင်းသည် ခမရ ၆၀၂၊ ခလရ ၅၆၊ ရှမ်းပြည်ဘက်မှ လာသည့် ငါးအိုး ခလရ ၁၂၁ ပူးပေါင်းတပ်တို့ဖြစ်ကြောင်းသိရသည်။

ထို့နောက် ကျောက်ထုံးကြီးနှင့် မိုးတာတိုက်နယ်အတွင်းရှိသော ကျေးရွာ ၁၀ ကျော်ခန့်လည်း ကသာမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်မှုများလည်းရှိနေကြောင်း ဆက်လက်သိရသည်။

Show More

Related Articles

Back to top button