,

Breaking News :

အောင်ဟိန်းမင်း ဦးဆောင်သည့် PDF အဖွဲ့မှ ပိုက်ဆံလုယက်သည် ဆိုပြီး သတင်းအမှားဖြန့်

KIO နယ်မြေမှာဖွင့်လှစ်တဲ့ Kachin State Comprehensive University (KSCU)

မိုးညှင်း နှင့် မော်ဟန်ကြားတွင် စစ်ကောင်စီတပ်မှ ခရီးသွားယာဉ်များကို စစ်ဆေးနေ

ဗန်းမော်တွင် မီတာကြေးမဆောင်သည့် နေအိမ်များမှ မီတာဘောက်များ စစ်ကောင်စီအဖွဲ့ လိုက်လံဖြုတ်သိမ်းနေ

စစ်ကောင်စီတပ်၏ စက်လှေ ၄စီးပစ်ခံရပြီး မိုးစစ်ရွာမှ ကလေးငယ် ၅ဦးခန့် ထိခိုက် သေဆုံးမှုရှိ

ထီးချိုင့်နယ် ငွေကြေးကောက်ခံနေသည့် စစ်တပ်ဂိတ်တစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်သား ၃ဦးခန့်သေဆုံးဟုဆို

မင်းကင်းနယ်ရှိ စစ်တပ်ဂိတ်စခန်းတစ်ခုတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ၊ လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရရှိ

နန့်ယား ပြည်သူ့စစ်ခေါင်းဆောင် သတ်ခံရပြီးနောက် နန့်ယားကျေးရွာတွင် စစ်ဆေးရေးပိုမိုတင်းကြပ်ထား

မြစ်ကြီးနားတွင် စစ်ကောင်စီအဖွဲ့ ကင်းပုန်းချ ဖမ်းဆီးမှုလုပ်ဆောင်နေ၊ တစ်ရက်အတွင်း လူငယ် ၂ဦး ဖမ်းဆီးခံရ

ငွေသာကျေးရွာ မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

ဆယ်ဇင် စစ်ရှောင်ထောင်ချီအတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေ

ဆယ်ဇင်း စစ်ရှောင်ပြည်သူများ

ဖားကန့်မြို့နယ် ဆယ်ဇင်း စစ်ရှောင်ပြည်သူများအတွက် အစားအသောက်၊ အဝတ်အထည် နှင့် ခြင်ထောင် ခေါင်းအုံးများ အကူအညီ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။

သြဂုတ်လ ၁၀ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ဆယ်ဇင်းကျေးရွာကို စစ်ကောင်စီတပ် မှ လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ မြေပြင်တွင် မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် ဆယ်ဇင်းကျေးရွာ အိမ်ခြေ ၆၇၀ ဝန်းကျင် မီးပြာကျခဲ့ရာ ဒေသခံပြည်သူများက တာမခံ၊ ဟောင်ပါး၊ နတ်ရေတောင် ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်း ဖြစ်သည်။

“လူဦးရေက စစ်ရှောင်စခန်းတစ်ခု တစ်ခုမှာကို ၁၀၀ ကျော် ၂၀၀ ၊၃၀၀ လောက်ထိရှိတယ်ဗျ။ အဲ့တော့သူတို့အတွက် တစ်ရက်စာကို ဆန်တစ်အိတ်လောက်နဲ့မရဘူး။ အဲ့ကြောင့် စားဖို့သောက်ဖို့ ဆန်၊ ဆီ ဆားတွေ လိုအပ်နေတယ်ဗျ။ ပြီးတော့ သူတို့မှက အဝတ်အထည်လည်း အပိုမပါလာကြဘူး။ အင်္ကျီ ဘောင်းဘီတွေလည်း အရမ်းလိုအပ်နေတယ်။ တချို့ဆို လှဲစရာကို မရှိဘူး”ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ဒေသခံတစ်ဦးက ပြောသည်။

ဆယ်ဇင်း စစ်ရှောင်ပြည်သူများမှာ လက်ရှိ ဖားကန့်မြို့တွင်း၊ နမ္မဖြစ်၊ ဟောင်ပါး၊ တာမခံ စသည့် ကျေးရွာများတွင် ရောက်ရှိနေကြပြီး စုစုပေါင်း ဦးရေ ၂၀၀၀ နီးပါးခန့်က စားနပ်ရိက္ခာအကူအညီ ထောက်ပံ့ပေးရန် လိုအပ်နေခြင်းဖြစ်ပါသည်။

ဆယ်ဇင်းကဲ့သို့ တာမခံ နှင့် ဟောင်ပါးကျေးရွာဘက်တွင် တိုက်ပွဲပြင်းထန်လာနိုင်သည်ဟုဆိုကာ ဆယ်ဇင်ဘက်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်တစ်ချို့သည် ဩဂုတ်လ ၁၂ရက်နေ့ မှ ယနေ့အထိ မိုးညှင်း၊ မိုင်းကောင်းနှင့် မန္တလေးဘက်သို့ ထွက်ခွာလျက်ရှိနေကြောင်းလည်းသိရသည်။

“စစ်ရှောင်တွေလည်း တချို့တော့ မိုးညှင်းမိုးကောင်းဘက်တို့ကိုသွားကုန်ကြပြီ။ ကျွန်မတို့ ဟောင်ပါး ကလည်းရွာခံတွေ တချို့ ကလေးရှိတဲ့သူတွေ ကိုယ်ဝန်သည်ရှိတဲ့သူတွေအများပိုင်းကပြောင်းကုန်ကြပြီ။ စစ်ဖြစ်လာရင် ပိတ်မိမှာဆိုးလို့ ဆယ်ဇင်းလို ဖြစ်မှာဆိုးလို့တဲ့ ပြောင်းကုန်ကြတာ”ဟု ဟောင်ပါးကျေးရွာနေ အမျိူးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဆယ်ဇင်းစစ်ရှောင်ပြည်သူများကို ကူညီလှူဒါန်းလိုပါက ဖုန်းနံပတ် 0 9 261 657 767 သို့ ဖြစ်စေ ”ဖားကန့်လူငယ်” Face Book Page မက်ဆင်ဂျာသို့ တိုက်ရိုက်ဖြစ်စေ ဆက်သွယ်လျှူဒါန်းနိုင်ကြောင်း သိရသည်။

ဆယ်ဇင်းကျေးရွာသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ ဖုန်းအင်တာနက်လိုင်းများကို ဖြတ်တောက်ထားသော ဖားကန့်မြို့နယ်တွင်ပါရှိသည်။

ယခုလ ဩဂုတ် ၈ရက်နေ့မှစတင်ပြီး ၁၃ရက်နေ့အထိ ဆယ်ဇင်းတွင် စစ်ကောင်စီတပ်၊ ရှမ်းနီ SNA ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပါသည်။

Read Previous

ကသာနယ်တွင် အရပ်သားပြည်သူ ၅၀ ဝန်းကျင်ကို စစ်ကောင်စီတပ် ဖမ်းဆီးထား၊ စစ်အင်အား ၄၀၀ ကျော် စစ်အင်အားတိုးချဲ့ထား

Read Next

စစ်ရိက္ခာတင် သင်္ဘော ၆ စီး ကို ရဟတ်ယာဉ်၊ ဂျက်ဖိုက်တာများဖြင့် လုံခြုံရေး ယူပေး

Leave a Reply

Your email address will not be published.