သတင်း

မင်းကျောင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်သေဆုံး

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် မင်းကျောင်းကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သြဂုတ်လ ၂၀ရက်နေ့တွင် ကသာမြို့မှ ကချင်ပြည်နယ်ရွှေကူမြို့ နယ် မင်းကျောင်းကုန်းကျေးရွာဘက်သို့ ဧရာဝတီမြစ်ကြောင်းဖြင့်တက်လာသည့် စစ်ကောင်စီတပ်သည့် မင်းကျောင်းကုန်းကျေးရွာဘက်သို့လက်နက်ကြီး ၁၀ ချက်ခန့်ရမ်းသမ်းပစ်ခတ်ခဲ့ရာ မင်းကျောင်းကုန်းကျေးရွာတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောသည်။

“သူတို့က မင်းကျောင်းကုန်းမရောက်ခင် ကောက်ကွေ့ချောင်းဆိုတာရှိတယ် အဲ့ကောက်ကွေ့ချောင်းတံတားကနေပြီးတော့ မင်းကျောင်းကုန်းဘက်ကို လေး ငါးဆယ် ချက်လောက်ပစ်တယ် အဲ့မှာမင်းကျောင်းကုန်းရွာထဲကျတယ် ကျပြီးတော့ အရင်အုပ်ချုပ်ရေးမှူးဟောင်းက ဝက်ခြံမှာဝက်ကျွေးနေတာ ထိသွားတယ် အနောက်ကြောကနေထိတာ အရှေ့ဘက်ထိပေါက်ထွက်သွားတာ ပွဲချင်းပြီးပဲသေဆုံးသွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသွားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းမှာ ဦးမျိုးမျိုးအောင် ၊အသက် (၄၁)သူဖြစ်ပြီး စစ်အာဏာသိမ်းမှုကြောင့် နှုတ် ရာထူးမှာနုတ်ထွက်ထားသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်းသိရသည်။

“မင်းကျောင်းကုန်းတစ်ရွာလုံးက စစ်ကြောင်းဝင်လာတယ် သတင်းကြောင့် ကြိုပြီးတိမ်းရှောင်နေကြတာ သူတစ် ယောက်ထဲပဲ ဘယ်မှမရှောင်ပဲ ဘာမှမဖြစ်လောက်ဘူးဆိုပြီးရွာထဲမှာ နေနေတာ တဲ့အဲ့တာနဲ့ကံဆိုးချင်တော့ ခုလိုဖြစ်သွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

အုပ်ချုပ်ရေးမှူးဟောင်းအား ထိမှန်သေဆုံးအောင်လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်ခဲ့သည့် စစ်ကြောင်းမှာ ယခုလဆန်းပိုင်းကတည်းက ရှမ်းမြောက်ဘက်မှဝင်လာသည့်အင်အား ၈၀ ကျော်ပါ 121 တပ်ဖြစ်ပြီး ရွှေကူနယ်မင်းကျောင်းကုန်းသို့စစ်ကြောင်းထိုးလာစဥ် မင်းကျောင်းကုန်းမရောက်မှီလမ်းခုလတ်နေရာတွင် KIA နှင့် PDF ပူးပေါင်းတပ်တို့က နှစ်ကြိမ်တိတိ ခြုံခို တိုက်ခိုက်ခဲ့ရာ အထိနာခဲ့သောကြောင့် ယခုကဲ့သို့လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ရာမှ အုပ်ချုပ်ရေးမှူးကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ပထမအကြိမ်ကတော့ တပ်မှူး ဇင်ယော်ဦးဆောင်အဖွဲ့က ည ၅နာရီ ၂၀ မိနစ်လောက်မှာ တိုက်ခိုက်ခဲ့တာ သူတို့ဘက်က ငါးယောက်သေပြီး အများအပြားဒဏ်ရာရသွားတယ် နောက်ဒုတိယတစ်ကြိမ်ကိုတော့ တပ်စုမှူး တပ်မှူးရွှေဒေါင်း အဖွဲ့က တိုက်ခိုက်တာ အဲ့တစ်ချိန်မှာလည်း သူတို့ဘက်က ထိခိုက်သေဆုံးများခဲ့တယ် အ့ကြောင့်အထိနာပြီးရမ်းသမ်းပစ်ခတ်တာ”ဟု မြို့လှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးပြောသည်။

မန္တလေးမှမြို့မှ သြဂုတ်လ ၈ ရက်နေ့တွင် စတက်လာသည့် စစ်အင်အားနဲ့ စားနပ်ရိက္ခာအပြည့်ပါ စစ်သဘော်ခြောက် စီးသည်ယနေ့ ရွှေကူမြို့သို့ရောက်ရှိလာကြောင်းသိရပြီး ကချင်ပြည်နယ်နဲ့ စစ်ကောင်းတိုင်းနယ်စပ် ရွှေကူမြို့နယ်နိမိတ်ရှိ ကသာမြို့နယ်တွင်လည်း ယနေ့ KIA၊ PDF ပူးပေါင်းတပ်များနဲ့ စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများရှိနေပြီး နှစ်ဘက်စစ်ရေးတင်းမာနေကြောင်းသိရသည်။

Show More

Related Articles

Back to top button