သတင်း

အောင်မြင်သာဘက်မှ ပြန်လာသည့် အမျိုးသား ၅ ဦး အူဗျစ်ကျေးရွာအနီး အုပ်စုဖွဲ့ ရိုက်နက်ခံသဖြင့် ၂ ဦးသေဆုံး

မြစ်ကြီးနား အောင်မြင်သာဘက်မှ ပြန်လာသည့် အမျိုးသား ၅ ဦး အူဗျစ်ကျေးရွာအနီးတွင် လူငယ်တစ်စု၏ ပိတ်ဆို့တားမြစ်ခံရပြီး ဝိုင်းရိုက်ခံရသောကြောင့် အမျိုးသားနှစ်ဦးသေဆုံးသွားကြောင်း ရိုက်နက်ခံရသည့် မိသားစုဝင်များထံမှ သိရသည်။

အောက်တိုဘာ ၁၀ ရက်နေ့ ည ၅နာရီအချိန်တွင် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေ အမျိုးသား  ဦးသည် အောင်မြင်သာဘက်မှ မြစ်ကြီးနားဘက်သို့ပြန်လာစဥ် အူဗျစ်ကျေးရွာအနီး လူငယ် ၂၀ ကျော်ခန့်ပါအဖွဲ့တစ်ဖွဲ့က အကြောင်းမဲ့ တားဆီးပြီး ရိုက်နက်ရာ အမျိုးသားနှစ်ဦးသေဆုံးသွားကြောင်း သေဆုံးသွားသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက KNG ကိုပြောသည်။

သူတို့ငါးယောက်က ဆိုင်ကယ်နှစ်စီးနဲ့ အောင်မြင်သာကနေအပြန် အူဗစ်တံတားအကျော်နားလေးမှာ လူငယ် ၂၀ လောက်က တားတာရပ်ပေးဖို့။ အဲ့မှာ ညီမအမျိုးသာနဲ့အတူစီးတဲ့တစ်ယောက်က အဲ့တားတဲ့ လူငယ်တွေထဲမှာ အသိသူငယ်ချင်းတစ်ယောက်ရှိနေတော့ ရပ်ပေးလိုက်တာ အဲ့မှာပြေပြေလည်လည်ပဲစကားပြောတယ်။ သူတို့က ဒီနားမှာကားတစ်စီး ကျော်သွားတာတွေ့လိုက်လားလို့မေးတာ မတွေ့လိုက်ဘူးလို့ပြန်ဖြေတယ်။ ပြေပြေလည်လည်ပဲ ပြောနေတာသူတို့အဖွဲ့ထဲက ပုပုလေးနဲ့တစ်ယောက်က ဝင်လာပြီးစရိုက်နက်တော့တာပဲ” ဟု သေဆုံးသွားသည့် အမျိုးသားတစ်ဦး၏ ဇနီးသည်ကပြောသည်။

သေဆုံးသူနှစ်ဦးမှာ ဦးနေထက်အောင် အသက် ၂၂ နှစ်နှင့် မောင်ဝင်းမြင့်ထွေး အသက် ၂၀ တို့ဖြစ်ပြီး နေထက်အောင်မှာ ရိုက်နက်ခံရသည့်နေရာတွင် သေဆုံးသွားပြီး မောင်ဝင်းမြင့်ထွေးမှာ ဆေးရုံသို့ ပို့ဆောင်လိုက်ရာ ရိုက်နက်ဒဏ်ရာများဖြင့် ယနေ့ နံနက် ၇ နာရီတွင် ဆုံးသွားကြောင်းသိရသည်။

ရိုက်နက်သည့်အဖွဲ့သည် ဆိုင်ကယ်ရှစ်စီးဖြင့်ဖြစ်ပြီး ရမ်ပူရပ်ကွက်တွင် နေထိုင်သည့်လူငယ်အချို့ပါဝင်ကြောင်း၊ အောင်မြင်သာအပန်းဖြေစခန်းတွင် အရက်ဘီယာသောက်စား၍ ပြန်လာသူများဖြစ်သည်ဟု သိရသည်။

အမျိူးသားနှစ်ဦး ရိုက်နှက်သတ်ခံရမှုနှင့်ပက်သက်ပြီး မိသားစုဝင်များက မြစ်ကြီးနားအမှတ် ၁ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းလည်း သိရသည်။

Show More

Related Articles

Back to top button