,

Breaking News :

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား

ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား

ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ

စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ

ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံးဖောက်ခွဲခံရမူ တစ်လအတွင်း ၅ ကြိမ်ထိရှိလာ

ဒလန် တစ်ဦးဖမ်းဆီးခံရမှုကြောင့်  စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂ ဦးဖမ်းဆီး

မှော်ဆီစာ ရဲကင်းတိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်ဘက်မှ လက်ရှိချိန်ထိ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ

ဆန်အိတ်ထဲ ကျည်ဆံသယ်ဆောင်လာသည့် အမျိုးသား စစ်ကြောရေးတွင် သေဆုံး

အင်းတော် – မော်လူး ကြားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခု မြင်ကွင်း

ခရီးသည်ယာဉ်ပေါ် ဆန်အိတ်ထဲ ကျည်ဆံတင်ဆောင်လာသည့် အမျိုးသားသည် အောက်တိုဘာလ ၁၅ ရက်နေ့ ကသာစစ်ကြောင်းရေးတွင် သေဆုံးသွားပြီဟု သိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွှဲ ၃နာရီဝန်းကျင် မြစ်ကြီးနားမှ မန္တလေးဘက်သို့ ဆင်းလာသည့် တက်နေလင်း ခရီးသည်တင်ယာဉ်ပေါ်တွင် အမျိုးသားတစ်ဦး၏ ဆန်အိတ် ၅ အိတ်အတွင်း ကျည်ဆံများတင်ဆောင်လာသောကြောင့် အင်းတော်မြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိပြီး အမျိုးသားကို ကသာ စစ်ကြောရေးဘက်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

သူတို့အစက အင်းတော်ရဲစခန်းမှာ ဖမ်းထားတာ ဟုတ်တယ်။ နောက်တစ်ရက်နေ့မှာပဲ ကသာတပ်ထဲကို ပြောင်းရွှေ့လိုက်ပြီး စစ်ဆေးကြောရေးလုပ်ရင်းနဲ့ ဆုံးသွားတယ်လို့ ကသာရဲ စခန်းဘက်ကနေ ပြောလာတယ်ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

စစ်ကြောရေးတွင် ဖမ်းဆီးသတ်ဖြတ်ခံရသည့် အမျိုးသား၏ ကိုယ်ရေးအချက်အလက်ကို KNG သတင်းဌာနမှ သီးခြားစုံစမ်းသိရှိနိုင်ခြင်းမရှိသေးပါ။

အဆိုပါ ကျည်ဆံဖမ်းဆီးရမိသည့် တက်နေလင်းမော်တော်ယာဉ်နှင့် ယာဉ်မောင်းတို့ကို အင်းတော်ရဲစခန်းတွင် တစ်ညအိပ်ထိန်းသိမ်းခံရပြီး နောက်တစ်ရက်တွင် ပြန်လည်သွားလာခွင့်ပေးလိုက်ကြောင်းသိရသည်။

အင်းတော် စစ်ဆေးရေးဂိတ်တွင် ယခုလို လက်နက်ကျည်ဆံ ဖမ်းဆီးရမှုသည် ပထမအကြိမ်ဖြစ်ပြီး ထိုဂိတ်တွင် စစ်ကောင်စီစစ်သားများနှင့် ရဲတပ်သားများက သွားလာသည့် မော်တော်ယာဉ်များကို ဂိတ်ကြေးကောက်ခံနေသည့် ဂိတ်တစ်ခုလည်းဖြစ်သည်။

အလားတူ ကချင်နှင့် စစ်ကိုင်းနယ်စပ်ရှိ နန့်စီးအောင်စစ်ဆေးဂိတ်တွင် လက်နက်ခဲယမ်းများ ဖမ်းဆီးခံရမှုမကြာခဏဖြစ်ပွားလျက်ရှိနေပါသည်။

Read Previous

ဖားကန့်တွင် ရဲ ၃ ဦးဖမ်းဆီးခံရ၊ တစ်ဦး ထွက်ပြေးလွတ်မြောက်

Read Next

ဗန်းမောက်မြို့နယ် ကော်တာရွာကို စစ်တပ်က မီးရှို့ခဲ့