သတင်း

ဗန်းမော်တွင် စစ်ရိက္ခာသယ် သင်္ဘောများ ဝင်ရောက်နေသဖြင့် စစ်ကောင်စီ လက်နက်ကြီးများပစ်ခတ်နေ

ဗန်းမော်မြို့ဘက်သို့ ဆန်တက်လာသည့် စစ်ရိက္ခာသယ် သင်္ဘော ၇ စီးကို ကာကွယ်ရန်အတွက် လုံခြုံရေးဟုဆိုကာ ဗန်းမော်မြို့တွင်းရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ် နေကြောင်း ဗန်းမော်ဒေသခံ များထံမှသိရသည်။

စစ်ရိက္ခာသယ်လာတဲ့ သင်္ဘောတွေ ဒီကနေ့ရောက်မယ်ဆိုတော့ လမ်းကြောင်းရှင်းပေးတဲ့အနေနဲ့ လက်နက်ကြီးတွေနဲ့ထုနေကြတယ်။ ဒီကနေ့ ၁ နာရီလောက်ကနေ ပစ်နေကြတယ် အချက်ပေါင်းမနည်းတော့ဘူး။ ပစ်လိုက်နားလိုက် လုပ်နေတာ အချက်ပေါင်း ၃၀ ကျော်လောက်ရှိပြီဟု ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦး KNG ကိုပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ရိက္ခာသယ် စစ်သင်္ဘော ၇ စီးသည် အောက်တိုဘာလ ၂၀ ရက်နေ့  ထီးချိုင့်နယ်ဘက်မှ ဆန်တက်လာခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဗန်းမောက်မြို့သို့ ဆိုက်ရောက် လာခြင်းဖြစ်ကာ စစ်ကောင်စီတပ်မှ လုံးခြုံရေးအရ ပစ်ခတ်ခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း ဒေသခံများပြောသည်။

စစ်ကောင်စီ စစ်သင်္ဘော ၇ စီးတွင် စစ်အင်အားအပါအဝင် လက်နက်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ အပြည့်တင်ဆောင်လာကြောင်းသိရသည်။

ဗန်းမော်မြို့တွင်းမှ စစ်ကောင်စီ လက်နက်ကြီး ပတ်ခတ်မှု အများပြည်သူရှိသည့် ဧရိယာအတွင်းသို့ ရောက်ရှိနိုင်သည်ဟုလည်း ဒေသခံများပြောဆိုနေကြသည်။

အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ပြီး ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်တွင် စစ်ကောင်စီတပ် မြေပြင် စစ်ကြောင်းထိုးခိုက်ခိုက်နေပြီး လေကြောင်းလိုင်းဖြင့်လည်း ၃ ရက်ဆက်တိုက်ခိုက်နေသောကြောင့် ၂ ဖက်တပ်စစ်ရေးတင်းမာလျက်ရှိနေပါသည်။

Show More

Related Articles

Back to top button