သတင်း

ဗန်းမော်တွင်  KIA တက်လာသည်ဟု လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ကချင်ပြည်နယ် ဗန်းမော်တွင် KIA စစ်သားများတက်လာသည်ဟု ပြောဆိုကာ ဗန်းမော် ၄ မိုင် စစ်တပ်ကုန်းမှ လက်နက်ကြီး ခြောက်လန့်ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အောက်တိုဘာလ ၂၆ ရက် နေ့လည် ၁၂ နာရီဝန်းကျင် ၄ မိုင်စစ်တပ်နှင့် ၁ မိုင်ခန့်အကွာတွင်ရှိသည့် ဘုံဘောကျေးရွာဘက်သို့ လက်နက်ကြီး အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်မှုကြောင့် မံခွန်ကျေးရွာနေ အသက် ၄၅ နှစ်အရွယ်ရှိ ဒေါ်သန်းဌေးခေါ်သူ အသက်သေဆုံးခဲ့ရသည်ဟု ဒေသခံတစ်ဦး KNG ကိုပြောသည်။

ဒေသခံတွေပြောကြတာက အဲ့ဒီဘုံဘောဘက်ကနေ ၅ မိုင်ဘက်ကို KIA တွေတက်လာကြတယ်ဆိုပြီး ၄ မိုင် စစ်တပ်ကနေ လက်နက်ကြီးတွေနဲ့လှမ်းထုတာ။ အဲ့မှာ မံခွန်ကျေးရွာက အခုသေဆုံးသွားတဲ့ အမျိုးသမီးက အခင်းထဲမှာရှိနေတာ လက်နက်ကြီးကျမှန်တော့ သူ့ရဲ့ဗိုက်ကနေ မိုင်းစဖောက်ဝင်ပြီး အဲ့နေရာမှာတင် ပွဲချင်းပြီးဆုံးသွားတယ်ဟုဆိုသည်။

ယမန်နေ့တွင်လည်း ဗန်းမော်ဘက်သို့ ရေကြောင်းလိုင်းဖြင့် ဆန်တက်လာသည့် စစ်ရိက္ခာသယ် သင်္ဘော ၇ စီးကို လုံးခြုံရေးအတွက်ဟုဆိုကာ ဗန်းမော်မြို့တွင်း တပ်မှ ဧရာဝတီမြစ်ကမ်း တစ်ဖက်ဘက်သို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။

ထို့နောက် ပြီးခဲ့သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဗန်းမော်စစ်တပ်မှ မိုးမောက် လုံဂျာဘွမ်ဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိုးမောက်မြို့ ခါနန်ရပ်ကွက် အထက်တန်းကျောင်းတွင် လက်နက်ကြီးတစ်လုံး ကျကွဲမှုဖြစ်ပွားခဲ့ရာတွင် ခါနန်ရပ်ကွက် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော KIA PDF တို့ကြားတိုက်ပွဲပြင်းထန်လျက်ရှိနေပါသည်။

Show More

Related Articles

Back to top button