,

Breaking News :

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား

ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား

ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ

စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ

ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံးဖောက်ခွဲခံရမူ တစ်လအတွင်း ၅ ကြိမ်ထိရှိလာ

ဒလန် တစ်ဦးဖမ်းဆီးခံရမှုကြောင့်  စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂ ဦးဖမ်းဆီး

မှော်ဆီစာ ရဲကင်းတိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်ဘက်မှ လက်ရှိချိန်ထိ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ

မီတာခ ပေးဆောင်ရန် လှုံ့ဆော်နေသည့် ရွှေကူ EPC ရုံးကို PDF က မိုင်းခွဲသတိပေး

Shwe Gu

ရွှေကူမြို့အဝင်ဆိုင်းဘုတ်

မီတာခ ပေးဆောင်ကြရန် အတင်းလှုံ့ဆော်နေသည့် ရွှေကူမြို့ အမှတ် ၃ ရပ်ကွက်ရှိ EPC ရုံးကို ရွှေကူ PDF က ယနေ့ နံနက်ပိုင်းတွင် မိုင်းခွဲ သတိပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ရွှေကူ EPC ရုံးအနေဖြင့် လွန်ခဲ့သည့် စနေနေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှစတင်၍ မီတာခ မပေးဆောင်သည့် ရွှေကူပြည်သူများ မီတာခလာရောက် ပေးဆောင်ကြရန်နှင့် လာရောက်ပေးဆောင်ခြင်းမရှိပါက မီးဖြတ်ခြင်း၊ မီတာဘောက်ပြန်လည် ဖြုတ်သိမ်းခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လှည့်လှည်လှုံ့ဆော်နေသည့်အတွက် ယနေ့ နံနက်ပိုင်း တွင် မိုင်းခွဲသတိပေးခံလိုက်ရကြောင်း ရွှေကူ PDF နှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

အဲ့စနေ နေ့ကစပြီး သူတို့က အတင်းလှုံ့ဆော်နေတာ နေ့ဆိုရင်သုံးဘီးနဲ့ လော်စပီကာတပ်ပြီး အသံသွင်းထားတဲ့ဟာဖွင့်ပြီး လိုက်အော်နေတာ။ မီတာလာဆောင်ဖို့ ညဆိုရင်လည်း ဆိုင်ကယ်နဲ့ပတ်ပြီးမှ လိုက်အော်တယ်။ မီတာကြေး မဆောင်ရင် မီးဖြတ်မယ် မီတာဘောက်ဖြုတ်မယ်ဆိုပြီး အဲ့ကြောင့် ဒီနေ့ မနက်တော့ အစောကြီး ၄ နာရီတိတိမှာ epc ရုံးကို မိုင်းတစ်လုံးခွဲပြီး သတိပေးခံလိုက်ရတယ်။ မိုင်းကတော့ လက်ပစ်မိုင်းတဲ့ တစ်လုံးထဲပဲဟု အထက်ပါ အမျိုးသမီးက ပြောသည်။

အဆိုပါ မိုင်းသည် EPC ရုံးရှေ့ခြံစည်းရိုးတွင်ပေါက်ကွဲပြီး မနက် ၄ နာရီဖြစ်သည့်အတွက် လူထိခိုက်မှု မရှိသော်လည်း EPC ရုံခြံစည်းရိုးများ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

EPC က ရွှေကူပြည်သူများအား သတိပေးလှုံ့ဆော်ရာတွင် နိုဝင်ဘာ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ တစ်ပတ်တိတိဖြစ်ပြီး သတိပေးကာလအတွင်း မီတာလာမဆောင်ပါက မီတာဖြုတ်၊ မီးဖြတ်မှုများပြုလုပ်မည်ဟုသိရသည်။

မီတာခက ဒီနှစ် ၂ လပိုင်းကနေ ၁၀ ပိုင်းစာအထိ တစ်ခါတည်းဆောင်ခိုင်းတာ တချို့ကတော့ ၁ သိန်းကျော်လောက်ပဲကျမယ်။ တချို့ကတော့ ၃ သိန်း ၄သိန်းထိကျတဲ့သူရှိတယ်။ ဒီမှာက မဆောင်ကြတာများတယ် ကျမတို့လည်းမဆောင်ဘူး။ ဆောင်ရင်သူတို့ကို အားပေးသလိုဖြစ်မှာပေါ့။ အဲ့ကြောင်းကျွန်မတို့က သူတို့ကို အားမပေးဘူး။ အဲကြောင့်မဆောင်ဘူးဟု မီတာမဆောင်သည့် ရွှေကူမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီကို အားမပေးလိုသည့်အတွက် မီတာမဆောင်ကြသည့်ပြည်သူမှာ မြို့နေလူဦးရေ၏ သုံးပုံ နှစ်ပုံခန့်ရှိသော်လည်း မီးဖြတ်ခံရမည်ကိုကြောက်သည့်အတွက် မီတာကြေး ဆောင်သူများလည်း ရှိသည်ဟု သိရသည်။

ရွှေကူမြို့သည် ရပ်ကွက် ၈ ခုရှိပြီး အိမ်ခြေပေါင်း ၃၅၀၀ ကျော် အိမ်ထောင်စု ၃၆၀၀ ကျော်ရှိပြီး ကျေးရွာအုပ်စုပေါင်း ၃၇ အုပ်စုအထိ ရှိသည်။

Read Previous

အင်းတော်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အယောက် ၂၀ ကျော်သေဆုံး

Read Next

ကသာအထက်ပိုင်း KIA တပ်မဟာ ၈ နယ်မြေတွင် စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်နေ