,

Breaking News :

မဲဇာရဲစခန်းရှေ့ အမျိုးသားတစ်ဦး ပစ်သတ်ခံရမှုဖြစ်ပွား

ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို

ဖားကန့်တွင် လုပ်ကွက်ဟောင်းတွင်းထဲ ပြုတ်ကျသေဆုံးခဲ့သည့် မိသားစု ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းပြန်တွေ့ရှိ

မြစ်ကြီးနားနဲ့ ဖားကန့် မြို့နေရာတွေမှာ စစ်ကောင်စီ စစ်ဆေးရေးပိုမိုတင်းကြပ်နေသည့်အတွက် သွားလာရေးအခက်တွေ့နေ

စစ်ကိုင်းနှင့် ထိစပ်သည့် KIA တပ်မဟာ ၈ ၊ ၉ ဒေသများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်

အသည်းနှလုံးတွေကိုဖျက်စီးသွားစေတဲ့အရာ

ပြည်သူ့ စစ်စခန်းသို့ ဝင်ရောက်စီးနင်းချိန် TNLA တပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့

ကန့်ဘလူနယ်တွင် ကျေးရွာ ၅ခု မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ ၈ ထောင်ကျော် ထွက်ပြေးနေရ

ရွှေကူနယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွာလာမည်ကို ဒေသခံများစိုးရိမ်

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

စစ်ကောင်စီ ဝင်ရောက်စီးနင်းထားသည့် မှော်ဘုံတွင် ရွာသားအချို့ပိတ်ဆို့ခံထားရ

ဖားကန့် ဒေသ ပြည်သူများရှိသည့် မြင်ကွင်းတစ်နေရာ

ဖားကန့် ဒေသ ပြည်သူများရှိသည့် မြင်ကွင်းတစ်နေရာ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဘုံကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းထားပြီး ကျေးရွာနေပြည်သူတစ်ချို့လည်း ပိတ်ဆို့ခံထားရကြောင်း  ဒေသခံများပြောသည်။

ဒီဇင်ဘာလ ၅ ရက် ယမနေ့ ညနေ ၄ နာရီဝန်းကျင်မှ မှော်ဘုံကျေးရွာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့ ဝင်ရောက်နေထိုင်သည်ဟု စစ်ကောင်စီအဖွဲ့က စစ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး လက်ရှိ ကျေးရွာနေရာများတွင် သွားလာ၍မရအောင် ပိတ်ဆို့ထားသည့်အပြင် ဒေသခံတစ်ချို့လည်း ဖမ်းဆီးခံထားရကြောင်း ဖားကန့်မြို့ပေါ်ရောက်ရှိနေသည့် မှော်ဘုံဒေသခံ အမျိုးသားတစ်ဦး KNG ကိုပြောသည်။

ရွာရဲ့ ဘုန်းကြီးကျောင်းမှာ တစ်ချို့ ဖမ်းဆီးခံထားရတယ်။ ရွာသားတွေကိုလည်း ထွက်ခွင့်မပေးဘူး ဖမ်းထားတဲ့သူတွေကိုလည်း ဘုန်းကြီးကျောင်းထဲမှာ ဝိုင်းထားတယ်။ အဖမ်းမခံရပဲ ရွာထဲမှာကျန်နေတဲ့ သူတွေကိုလည်း ထွက်ခွင့်မပေးဘူး ပိတ်မိနေတာဖြစ်တယ်။ ကျန်တဲ့ တူမောင်တွေလည်း ရွာထဲမှာ ပိတ်မိနေတာ ဖမ်းခံရတဲ့သူတွေဘယ်လောက်ရှိလဲတောင်မသိရဘူး သူတို့ရဲ့ အနားတောင် ကပ်လို့မရဘူးလို့ပြောတယ်ဟုပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီစစ်သားများသည် ကျေးရွာကို ဝန်းရံပိတ်ဆို့ထားသည့်အတွက် ကျေးရွာအတွင်း ဝင်ရောက်ရန် ခက်ခဲနေပြီး ရွာအတွင်းကျန်ရှိသည့် ပြည်သူများကိုလည်း ဆက်သွယ်ရန် ခက်ခဲနေသည်ဟု ဆက်ဆိုသည်။

တချို့တွေက ဖမ်းခံရတဲ့ထဲမှာပါတယ်။ တစ်ချို့ကတော့ မပါဘူး ဖုန်းလည်း ဆက်သွယ်လို့မရဘူး သူတို့ရဲ့ဖုန်းတွေ စက်ပိတ်ထားတယ်။ စစ်သားတွေဝိုင်းထားတော့ ကြောက်နေကြတယ်ဟုပြောဆိုသည်။

မှော်ဘုံကျေးရွာအတွင်းနေထိုင်သည့် ကျေးရွာနေပြည်သူတစ်ချို့သည် ယမန်နေ့ စစ်ကောင်စီအဖွဲ့ စတင်ဝင်ရောက်လာချိန်မှစတင်၍ ဖားကန့်၊ လုံးခင်း၊ ကျေးရွာနေရာများတွင် တိမ်းရှောင်ခဲ့ကြရပြီး လက်ရှိတွင် တိမ်းရှောင်ခွင့်မရသည့် ပြည်သူများသာ ပိတ်မိနေဆဲဖြစ်သည်။

လက်ရှိ ကျေးရွာအတွင်း စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးခံရသည့်သူများနှင့်ပတ်သက်ပြီး KNG သတင်းဌာနမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယမန်နေ့တွင် စစ်ကောင်စီအဖွဲ့ ကျေးရွာအတွင်း ဝင်ရောက်စီးနင်းမှုကြောင့် နှစ်ဖက်တပ် ပစ်ခတ်မှု ၁ နာရီိခန့်အကြာရှိခဲ့ကြောင်း ဒေသခံများပြောသည်။

ပြီးခဲ့သော နိုဝင်ဘာလ ၂၅ ရက်နေ့နောက်ပိုင်းလည်း ဖားကန့်မြို့နယ်ရှိ ကောင်စံ၊ သောင်းကော့ ၊ ကရင်ချောင်း စသည့်နေရာများတွင် စစ်ကောင်စီအဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်မှုများရှိခဲ့ကာ ဒေသခံပြည်သူများ ၈၀ ကျော်ခန့် ဖမ်းဆီးခံခဲ့ရသည်။

ဖားကန့်ဒေသအတွင်း KIA နှင့် PDF ရှိသည်ဟု ယူဆရသည့်နေရာများတွင် စစ်ကောင်စီအဖွဲ့က စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းများ ရှိနေသသည်။

Read Previous

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို အဆက်အသွယ်မရရှိသေး

Read Next

ရွှေကူ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားအနီး ရွှေတူးဖော်သည့် စက်လှေများ ထပ်မံရောက်ရှိ