,

Breaking News :

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

နာဂတောင်တန်း ကျေးရွာတစ်ခု ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွား

ရွှေဘိုတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

ဒီပဲယင်းတွင် တစ်ပတ်အတွင်းကျေးရွာ ၁၀ ရွာမှ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ

ရွှေကူ ဆင်တပ်ရွာတွင် ဖမ်းဆီးထားသည့် ပြည်သူ ၁၄ ဦးအနက် ဆယ်ကျော်သက်လူငယ်တစ်ဦးကို ကလေးအကျဥ်ထောင်ပို့ရန် စီစဥ်နေ

မိုးညှင်း Silent strike နေ့တွင် အလယ်တန်းကျောင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား

စစ်ဘေးရှောင်ကျေးရွာ ၁၂ ရွာမှ ဒေသခံတစ်သောင်းကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာအရေးပေါ်အကူညီများ လိုအပ်နေ

စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးတို့ဖြင့် အဆက်အသွယ် မရသေး

အာဏာသိမ်းမှု ၂ နှစ်ပြည့် အသံတိတ်သပိတ် ပါဝင်ပေးကြဖို့ ကချင်ပြည်နယ်မှ တော်လှန်ရေးအင်အားစုများ တိုက်တွန်း

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို အဆက်အသွယ်မရရှိသေး

Rev.Dr Hkalam SamSon

Rev.Dr Hkalam SamSon

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း၊ လက်ရှိ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာဒေါက်တာ Hkalam Sam Son ကို စစ်ကောင်စီအဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားရာမှ ၁ ရက်ခန့် ကြာမြင့်လာသော်လည်း မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း သိရသည်။

သိက္ခာတော်ရ ဆရာဒေါက်တာ Hkalam Sam Son သည် ဒီဇင်ဘာလ ၅ ရက် ယမန်နေ့ ၉ နာရီဝန်းကျင် မန္တလေး လေဆိပ်တွင် စစ်ကောင်စီအဖွဲ့ ၏ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွှဲ ၃ နာရီအထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေးကြောင်း မိသားစုနှင့်နီးစပ်သူ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

“အခုချိန်ထိ ဘာသတင်းမှ မကြားရသေးဘူး စုံစမ်းနေဆဲဖြစ်တယ်။ ဘယ်နေရာမှာ ဘယ်လို ထိန်းသိမ်းထားတယ် ဆိုတာကို တိတိကျကျမသိရသေးဘူး။ သူတို့ မိသားစုကိုလည်း ဘာမှအကြောင်းပြန် လာတာမရှိသေးဘူး။ ပြီးရင် စစ်ကောင်စီဘက်ကလည်း ဘာမှ ပြောဆိုလာတာမရှိသေးဘူး”ဟုပြောသည်။

ယမန်နေ့ ဖမ်းဆီးခံရပြီးနောက် နေ့လည် ၁၂ နာရီဝန်းကျင် မန္တလေး လေကြောင်းလိုင်းတစ်ခုဖြင့် မြစ်ကြီးနားသို့ ပို့ဆောင်လိုက်ပြီဟု သတင်းများထွက်ပေါ်ခဲ့ပြီး ကချင်အဖွဲ့အစည်းတစ်ချို့ မြစ်ကြီးနားလေဆိပ်အထိ သွားရောက်ကြိုခဲ့သော်လည်း ဒေါက်တာခလမ်ဆမ်ဆွမ် မပါလာကြောင်း သတင်းအရင်းအမြစ်ကပြောသည်။

ထို့နောက် မီဒီယာတစ်ချို့၏ ဖော်ပြချက်အရ  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) စစ်ကြောရေးသို့ ပို့ဆောင်လိုက်ပြီဟု ရေးသားဖော်ပြမှုများရှိနေသော်လည်း  KNG သတင်းဌာနမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးခံရသည့် ဒေါက်တာ Hkalam Sam Son အပါ သူ၏ လုပ်ဖော်ကိုင်ဖက် ၃ ဦးနှင့်အတူ ထိုင်းနိုင်ငံ ဘန်ကောက်သို့ သွားရန် ဒီဇင်ဘာလ ၄ ရက်နေ့ မြစ်ကြီးနားလေဆိပ်မှ ထွက်ခွာခဲ့ကြပြီး ၅ ရက်နေ့တွင် မန္တလေး လေဆိပ်တွင် စစ်ကောင်စီအဖွဲ့က ဒေါက်တာ ခလမ်ဆမ်ဆွန် တစ်ဦးတည်းကိုသာ စ်ဆေးမေးမြန်ရန်ရှိကြောင်း ပြောဆိုကာခေါ်ဆောင်သွားခြင်းဖြစ်သည်။

ယခုလို စစ်ကောင်စီအဖွဲ့မှ ဒေါက်တာ Hkalam Sam Son  ကို အကြောင်းမဲ့ ဖမ်းဆီးထားသည့်အပေါ် သက်ဆိုင်ရာမှ အမြန်ဆုံးပြန်လည်လွတ်ပေးရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဖမ်းဆီးခံရသည့် ညချင်းတွင်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်တောင်းဆိုခဲ့သည်။

Read Previous

ကန့်ဘလူမြို့နယ် ပင့်သာကျေးရွာ တတိယအကြိမ်မြောက် မီးရှို့ခံရ

Read Next

စစ်ကောင်စီ ဝင်ရောက်စီးနင်းထားသည့် မှော်ဘုံတွင် ရွာသားအချို့ပိတ်ဆို့ခံထားရ