သတင်း

မှော်စီစာ ကျောက်စိမ်းလုပ်ကွက်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်း

ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စုတွင်ရှိသည့် မှော်စီစာ ကျောက်စိမ်းလုပ်ကွက်များတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

နံနက် ၉ နာရီဝန်းကျင်မှစကာ စစ်အင်အား ၅၀ ခန့်ပါသော စစ်ကောင်စီတပ်သည် ကျောက်စိမ်းလုပ်ကွက်တွင်း ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်နေသည်ဟု ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

မနက် ၉နာရီကနေ ခုထိ စစ်ဆေးနေတုန်းလို့ သိရတယ်။ ညနေပိုင်း ၃နာရီဝန်းကျင်မှာ အဲလုပ်ကွက်ဘဲ သေနတ်သံလည်းကြားရတယ်။ ခုချိန်ထိတော့ ဖမ်းဆီးခံရတာရှိမရှိ အခြေနေအသေးစိတ်တော့ သိဖို့ခက်နေသေးတယ်ဟု ကျောက်စိမ်းလုပ်ကွက်အနီး နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများ၏ သုံးသပ်ချက်အရ စစ်ကောင်စီတပ်မှ ယခုကဲ့သို့ ဝင်ရောက်စီးနင်း နေခြင်းသည် မှော်စီစာ ကျောက်စိမ်းလုပ်ကွက်များတွင် ၎င်းတို့ခွင့်မပြုထားသည့် လုပ်ငန်းများရှိနေသည်ဟု ယူဆမှုရှိသည့်အတွက် ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်း ကရင်ချောင်ကျေးရွာဘက်ရှိ ကျောက်စိမ်းလုပ်ကွက်များတွင် ဝင်ရောက်စီးနင်ကာ  အလုပ်သမား ၃၀ ဦးကို ဖမ်းဆီးသွားသည်။

ဖားကန့် ကျောက်စိမ်းမှော်တွင် စစ်ကောင်စီလက်အောက်ခံ တပ်မ ၃၃ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

Show More

Related Articles

Back to top button