သတင်း

အင်းတော်နယ်တွင် စစ်ကောင်စီအဖွဲ့ ဖမ်းဆီးသွားပြီး သတ်ဖြတ်ခံရသည့် ပြည်သူ ၈ ဦး၏ ရုပ်အလောင်းပြန်တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နတ်မဟုတ်မကျေးရွာတွင် စစ်ကောင်စီိအဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားပြည်သူ ၈ ဦး သတ်ဖြတ်ခံရကာ  ရုပ်လောင်းများ ပုပ်ပွလျက်ပြန်တွေ့ခဲ့ကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

သတ်ဖြတ်ခံရသည့် ပြည်သူ ၈ ဦးကို ပြီးခဲ့သော နိုဝင်ဘာလ ၁၈ ရက်နေ့ တွင် စစ်ကောင်စီအဖွဲ့က ဖမ်ဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့ ရက်ပေါင်း ၂၀ ခန့်အကြာမှ ကမ်းနီးကျေးရွာအနီး ရုပ်အလောင်းများ ပြန်တွေ့ရှိခဲ့သည်ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကိုပြောသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ကတည်းက ဘယ်ကိုခေါ်သွားတယ်ကိုမသိရဘူး။ အဆက်အသွယ်ပြတ်နေခဲ့တာဟုတ်တယ် မနေ့ကပြန်တွေ့တော့ ကမ်းနီရွာအနီးမှာ ရိုက်သတ်ပြီး မြေမြှုပ်ထားတာတွေ့ရတယ်။ ၃၀ ရက်လောက်မှာ သတ်ဖြတ်ခံရတာဖြစ်နိုင်တယ်။ အလောင်းတွေက အရိုးတွေထွက်ပြီး အရည်တွေကျနေပြီဟုပြောဆိုသည်။

သတ်ဖြတ်ခံရမှု ၈ ဦးတွင် ၆ ဦးကို လက်နောက်ပြန်ကြိုးတုတ် သတ်ဖြတ်ခံရပြီး ကျန် ၂ဦးသည် ဦးခေါင်းလှီးသတ်ဖြတ်ခံခဲ့ရသည်ဟု ဒေခံများပြောသည်။

နတ်မဟုတ်ကျေးရွာမှ စစ်ကောင်စီအဖွဲ့ သတ်ဖြတ်လိုက်သည့် ၈ ဦးမှာ အသက် ၅၀ နှစ်အရွယ် ဦးမင်းနိုင်၊ အသက် ၆၀ နှစ်အရွယ် ဦကျော်သန်း၊ အသက် ၃၃ နှစ်အရွယ် ဦးဘိုဘိုဝေ၊ အသက် ၅၀ နှစ်အရွယ် ဦးကျော်ဌေး၊ အသက် ၅၀ နှစ်အရွယ် ဦးကျော်ထွန်း၊ အသက် ၃၈ နှစ်အရွယ် ဦးထွန်းနိုင်၊ အသက် ၆၀ နှစ်အရွယ် ဦးမြင့်ဖေနှင့် အသက် ၆၈ နှစ်အရွယ် ဦးသာပြူးတို့ဖြစ်ကြသည်။

ယခုလို အရပ်သားပြည်သူများ သတ်ဖြတ်ခံရမှုမှာ ဒလန်အဖွဲ့၏ လက်ညိုးထိုး တိုင်တန်းမှုကြောင့် ဖြစ်သည်ဟုဒေသခံများပြောဆိုသည်။

အင်းတော်နယ်တွင် ဝင်ရောက်လာသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဒီဇင်ဘာလ ၁၄ ရက်နေ့ ပိန်းအင်းကျေးရွာအတွင်းမှ အရပ်သားပြည်သူ ၄ ဦးကိုသတ်ဖြတ်ခံရကာ ပိန်းအင်းကျေးရွာ၏ ဘုန်းကြီးကျောင်းအနီးတဝိုက် မြုပ်နှံထားသည့် ရုပ်အလောင်းများ ဒီဇင်ဘာလ ၂၀ ရက်နေ့ ဒေသခံများပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။

Show More

Related Articles

Back to top button