သတင်း

Maden Yang တွင် ဖမ်းဆီးခံရသော အရပ်သား ၁၀ ဦး တစ်လကျော်ကြာသည်အထိ မိသားစုဝင်များနှင့် ဆက်သွယ်ခွင့် မရသေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် Maden Yang (မှော်ဘုံကျေးရွာဘုန်းကြီးကျောင်းတွင် ဖမ်းဆီးခံလိုက်ရသည့် အရပ်သား ၁၀ ဦးကို တစ်လကျော်ကြာသည့်အထိ စစ်တပ်က စစ်ကြောရေးတွင်သာ ထားရှိထားပြီး မိသားစုဝင်များနှင့်လည်း ဆက်သွယ်ခွင့် မပေးသေးကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် မှော်ဘုံကျေးရွာ ဘုံးကြီးကျောင်းအတွင်း ခေတ္တတိမ်းရှောင်နေကြသည့် Ginsi (ကံဆီးဘက်မှ စစ်ရှောင်ပြည်သူအချို့နှင့် CDM ပြုလုပ်ထားသည့် လူငယ်အချို့တို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောင်စီးနင်းပြီး ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ဒီလ ၆ ရက်နေ့ဆို သူတို့ဖမ်းခံရတာ တစ်လပြည့်ပြီ ခုထိ ဘာသတင်းမှကိုမရသေးဘူး။ မဇွပ်ယန် ထောင်ပို့လိုက်ပြီလားဆိုပြီး စုံစမ်းတော့လည်းမပို့သေးဘူးတဲ့။ ရဲအချုပ်မှာလားဆိုတော့လည်း အဲ့မှာလည်းမရှိဘူး။ အခုထိ စစ်ကြောရေးမှာပဲတဲ့ လူ ၁၀ ယောက်ကို ဒီလောက်ကြာကြာ စစ်နေဖို့တော့မလို ဘူးထင်တာပဲ။ တူမလေးတစ်ယောက်ပါသွားတော့ အရမ်းစိတ်ပူနေကြတယ်ဟုဖမ်းဆီးခံရသူတစ်ဦးနှင့် ဆွေမျိုးတော်စပ်သူ အမျိူးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ မူလဖမ်းဆီးမှုတွင် အမျိုးသမီး ၇ ဦးနှင့် အမျိုးသားလေးဦးပါဝင်သော်လည်း အမျိုးသားတစ်ဦးမှာ မှော်ပုံဘုန်းကြီး ကျောင်းမှ ကျောင်းသားဖြစ်နေသည့်အတွက် ၅ ရက်ခန့်အကြာတွင် ပြန်လွတ်ပေးခဲ့သည်ဟုသိရပြီး လက်ရှိ ၁၀ ဦး ထိန်းသိမ်းထားခံရဆဲ ဖြစ်သည်။

KNG သတင်းဌာနက စုံစမ်းရရှိထားသည့် သတင်းအရ အဆိုပါ ဖမ်းဆီးထားသည့် ပြည်သူ ၁၀ ဦးကို လုံးခင်းကျေးရွာရှိ ယမ်းတိုက်စခန်းတွင် ထိမ်းသိမ်းထားပြီး စစ်ဆေးရေး ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဖားကန့်တွင် ယခုလို အရပ်သားအများအပြား ဖမ်းဆီးခံရမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့ ဆိုင်းတောင်သပိတ် စစ်ကြောင်းမှအပြန် ပြည်သူ ၈ ဦးအထိ ဖမ်းခံရမှာ ပထမအကြိမ်ဖြစ်ခဲ့သည်။

အဆိုပါ ပြည်သူ ၈ဦးမှာ အမှုဖွင့်တရားစွဲ ထောင်ခံရမှုပြီးနောက် စစ်ကောင်စီ၏  လွတ်ငြိမ်းချမ်းသာမှုဖြင့် ပြန်လွတ်လာပြီ ဖြစ်သည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက် လက်ရှိအချိန်ထိ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် ပြည်သူများမှအပ ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅၀ ဦး ထက်မနည်း ရှိလာပြီဖြစ်သည်။

Show More

Related Articles

Back to top button