တိုက်ပွဲသတင်း

ထီးချိုင့်နယ် တိုက်ပွဲမှာ စစ်တပ်ဘက်ကအထိနာပြီး လေယာဥ်နဲ့ဗုံးကျဲ

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ဇီးကုန်းကျေးရွာဘက်မှာ ဩဂုတ်လ ၂၀ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်  KIA၊ ထီးချိုင့်PDF ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်  ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတစ်ချိူ့ကိုလည်း ကာကွယ်ရေးတပ်ဘက်ကသိမ်းဆည်းရမိခဲ့တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ကနေ သိရပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ဇီးကုန်းကနေ ကွင်းကြီးဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၈၀ ကျော်ပါတဲ့စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်တွေပူးပေါင်းပြီး ဇီးကုန်းနဲ့ ကွင်းကြီးကြား အရောက်မှာ ပိတ်ဆို့ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ထီးချိုင့်PDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

တိုက်ပွဲက မနက် ၈ နာရီ ၄၅ လောက်ကနေ ညနေ ၆နာရီထိဖြစ်တယ်။ ဇီးကုန်းကနေ ကွင်းကြီးဘက်ကွေ့လာတဲ့ချိန်မှာကိုယ့်ဘက်က စောင့်ကြိုတိုက်ခိုက်ခဲ့တာပေါ့ အကျအဆုံးကတော့လောလောဆယ်အလောင်းသုံးလောက်ရထားတယ် ခြင်းကြား ၁၀ လုံးရထားတယ်။ သေနတ်က ၂လက်ရတယ်လို့ သူကပြောပါတယ်။

တိုက်ပွဲဟာ ဇီးကုန်းရွာနဲ့ကွင်းကြီးရွာကြားထဲက တောတစ်နေရာမှာဖြစ်ပွားခဲ့တာဖြစ်ပြီး မနက် ၈နာရီဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီလောက်မှာတော့ မြစ်ကြီးနားကနေ ဆင်းလာတဲ့ဂျက်ဖိုက်တာ ၄ စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွာတာဖြစ်တယ်လို့ သိရပါတယ်။

ဇီးကုန်းနဲ့ကွင်းကြီးကြားလေးမှာပဲ ဖြစ်တာတိုက်ပွဲက ဟိုနေရာရွေ့ဒီနေရာရွေ့တော့ဖြစ်တာပေါ့ သူတို့ဘက်အထိနာတော့ မနက် ၁၁ နာရီမှာ တစ်ကြိမ် ည နေပိုင်းမှာတော့ ၂ နာရီ၂၂ မိနစ်မှာတကြိမ် ၂ နာရီ ၁၅မိနစ်မှာတစ်ကြိမ်လာကျဲသွားတယ်လို့ ထီးချိုင့် PDFတာဝန်ရှိသူတစ်ဦးကဆက်ပြောပါတယ်။

စစ်ကောင်စီက ဂျက်ဖိုက်တာ ၄ စီးနဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်မှုမှာ တစ်ကြိမ်မှာတင် ၂ စီးနှုန်းနဲ့ လာရောက်ဗုံးကျဲသွားပြီး ပေါင် ၅၀၀ နှင့် ပေါင် ၁၀၀၀ ဗုံးသီးလုံးတွေ အများဆုံး အသုံးပြုသွားတယ်လို့သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာဟာ ဇီးကုန်းနဲ့ ကွင်းကြီးကြားက တိုက်ပွဲဖြစ်တဲ့အနီးတစ်ဝိုက်ကို မှာသာကျဲသွားတာကြောင့် အရပ်သားထိခိုက်မှုတော့မရှိဘူးလို့ ဒေသခံတွေကဆိုပါတယ် ။

ကွင်းကြီးဘက်ဝင်ဖို့ စစ်ကြောင်းထိုးလာတဲအဲ့စီစစ်ကြောင်းဟာ KIA PDF ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ယမန်နေ့ ညပိုင်းကတည်းကပဲ ဇီးကုန်းဘက်ကို ပြန်လည်တပ်ဆုတ်သွားတယ်လို့သိရပါတယ်။

Show More

Related Articles

Back to top button