လေယာဉ်လက်မှတ် ဝယ်ရပိုခက်လာ

လေယာဉ်လက်မှတ်တွေကို သတ်မှတ်ဈေးနှုန်းထက် ပိုမရောင်းရန် ထုတ်ပြန်ပြီးနောက် လေယာဉ်လက်မှတ်ဝယ်ယူရ ပိုမိုခက်ခဲလာတယ်လို့ မြစ်ကြီးနားမြို့ခံတွေကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာတော့ အရေးပေါ်အခြေအနေဆိုရင် ဈေးပိုပေးပြီး လေယာဉ်လက်မှတ်တွေ ဝယ်ယူလို့ရခဲ့ပေမယ့် လက်ရှိမှာတော့ လေယာဉ်လက်မှတ်ဝယ်ယူရ ပိုမိုခက်ခဲလာတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

အခုက အမိန့်ထုတ်ပြန်လိုက်တော့ ဂိုက်ရှိုးတွေ ရောင်းတာတွေလည်း မရှိတော့ဘူး။ ဒါပေမယ့်လည်း အခုက ပိုဆိုးတာပဲ၊ အရေးပေါ်လိုက်လို့ရတဲ့ အဆင့်တောင် မရတော့ဘူး။ အရင်ကတော့ ဘာပဲဖြစ်ဖြစ် ဈေးပိုပေးရင် စီစဉ်ပေးသေးတယ်” လို့ဆိုပါတယ်။

လက်ရှိမှာ လေယာဉ်လက်မှတ်တွေကို လေယာဉ်ကွင်းဝန်ထမ်းတွေဆီမှာ တိုက်ရိုက်ဝယ်ယူရတာဖြစ်ပေမယ့် ဝန်ထမ်းတွေကိုသာ ဦးစားပေးရောင်းချပေးနေပြီး သာမန်ပြည်သူတွေအတွက်တော့ ဝယ်ယူရ ပိုမိုခက်ခဲလာတယ်လို့ သိရပါတယ်။

ဒါကြောင့် တကယ်လိုအပ်နေတဲ့ သာမန်ပြည်သူတွေကိုလည်း သေချာရောင်းချပေးဖို့ တောင်းဆိုလိုတယ်လို့ နောက်ထပ် အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

လေကြောင်းလိုင်းကလည်း ဖြောင့်မတ်စွာလုပ်ပေးစေချင်တယ်။ အခုလိုဆို စီးတဲ့ပြည်သူတွေလည်း အဆင်ပြေမယ်။ အခုက မြန်မာနိုင်ငံကနေ စင်ကာပူသွားတဲ့ လက်မှတ်တောင် ဒီလောက်ဈေးမကြီးဘူး” လို့ ဆိုပါတယ်။

လေယာဉ်လက်မှတ် မူရင်းဈေးတွေကတော့ မြစ်ကြီးနားရန်ကုန် ၈၉၇,၅၀၀ ကျပ်နှင့် မြစ်ကြီးနားမန္တလေး ၆၇၂,၅၀၀ ကျပ်သာ ရှိသော်လည်း မှောင်ခိုဈေးကွက်မှာတော့ မြစ်ကြီးနားရန်ကုန်ကို ကျပ်သိန်း ၂၀ ဝန်းကျင်၊ မြစ်ကြီးနားမန္တလေးကို အနည်းဆုံး ၁၅ သိန်းဝန်းကျင်အထိ ဈေးပေါက်နေခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း ပြီးခဲ့တဲ့ ဇွန်လ  ရက်နေ့ စစ်ကောင်စီလက်အောက် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ရန်ကုန်မြစ်ကြီးနား ခရီးစဉ်များတွင် သတ်မှတ်ထားတဲ့ လေယာဉ်လက်မှတ်ဈေးထက် ရောင်းချမှုမဖြစ်စေရန် ပိုမိုကြပ်မတ်သွားမည်ဟု ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ ထုတ်ပြန်ပြီးနောက် မှောင်ခိုဈေးနဲ့ လေယာဉ်လက်မှတ်ရောင်းချမှုများ မတွေ့ရှိတော့သလို အေးဂျင့်များအနေဖြင့်လည်း လေယာဉ်လက်မှတ်ရောင်းချမှု ရပ်နားထားရတာကို တွေ့ရပါတယ်။

တစ်ဖက်မှာလည်း ခုလိုအခြေအနေများကြောင့် လေယာဉ်လက်မှတ်များကို လေယာဉ်ကွင်းဝန်ထမ်းများထံမှ တိုက်ရိုက်ဝယ်ယူရတဲ့အခြေအနေဖြစ်ပြီး ဝန်ထမ်းများကိုသာ ဦးစားပေးရောင်းချနေတဲ့အတွက် သာမန်ပြည်သူများအနေဖြင့် လေယာဉ်လက်မှတ်ဝယ်ယူရ ခက်ခဲနေကြောင်း သိရပါတယ်။

By – Hope

Show More

Leave a Reply

Back to top button