စစ်ပြေးဒုက္ခသည်များ

  • Nov- 2023 -
    4 November

    စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားနေတာကြောင့် အင်းတော်မြို့နယ်မှာရှိတဲ့ ကျေးရွာ ၁၀ ရွာက ပြည်သူတွေ ထပ်ပြီးထွက်ပြေးတိမ်းရှောင်နေရ

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့အနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်တွေမကြာခန စစ်ကြောင်းထိုးဝင်ရောက်နေတာ ကြောင့် ကျေးရွာပေါင်း ၁၀ က ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလကစပြီး ဗန်းမောက်ဘက်ကနေဝင်လာတဲ့ စစ်ကောင်စီရဲ့ အင်အား ၁၀၀ လောက်ရှိတဲ့ တပ်မ ၈၈ စစ်ကြောင်းဟာ အင်းတော်မြို့အရပ်လေးမျက်နှာမှာရှိတဲ့ မြို့နဲ့အနီးဝန်းကျင်ကျေးရွာတွေမှာ စစ်ရေးလှုပ်ရှားတာတွေ ခပ်စိပ်စိပ်လုပ်လာနေတယ်လို့ အင်းတော်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဟိုတနေ့ကဆိုရင် နဘားရွာဘက်ကိုထိုးတယ် အဲကနေ ပြန်ဆုတ်သွားပြီးမှ မနေ့ကတော့ ကြံတောနဲ့နားနောင်ရွာဘက် ကိုထပ်ပြီးစစ်ကြောင်းထိုးတယ် ၃နာရီလောက်မှာပြန်ဆုတ်သွားပြီးတော့။ ဒီကနေ့ကတော့ မိုးယူနဲ့အောင်းကုန်းဘက်ကို ထပ်ပြီးစစ်ကြောင်းထိုးသွားတယ်”လို့ ပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ…

    Read More »
  • Oct- 2023 -
    30 October

    ဖောင်းဆိုင်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံပြည်သူ ၂၀၀ ကျော်ပိတ်မိနေ

    ရှမ်းမြောက် မုံးကိုးမြို့နယ်  ဖောင်းဆိုင်ဒေသတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA ပြင်းထန်နေဆဲဖြစ်တာကြောင့် ဖောင်ဆိုင်ကျေးရွာအုပ်စုက ဒေသခံပြည်သူ ၂၀၀ ကျော် စစ်မြေပြင်မှာ ပိတ်မိနေတယ်လို့ ဖောင်းဆိုင်ဒေသခံတွေကနေ သိရပါတယ်။ ရှမ်းမြောက်မှာ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကနေ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ စစ်တပ်ရဲ့တပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူနေရာကနေ စစ်ဆင်ရေး တတိယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာတော့ မုံးကိုး ၊ ဖောင်ဆိုင်း…

    Read More »
  • 17 October

    အင်းတော်မြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေ ၅၀၀ တုပ်ကွေးနဲ့ငှက်ဖျားဖြစ်နေ

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ် ဒေသဘက်က စစ်ဘေးရှောင်ပြည်သူ ၅၀၀ လောက်ဟာ ခုရက်ပိုင်း ရာသီတုပ်ကွေးနဲ့ ငှက်ဖျားဖြစ်တာတွေများနေပြီး ဆေးဝါးမလုံလောက်မှုတွေနဲ့ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ မော်တိတ်ဒေသထဲက တုံ့တော်၊ အင်ပင်၊ အောင်းကုန်း၊ နန်းသာနဲ့ အနီးဝန်းကျင်ရှိ ရွာပေါင်း ၁၀ ရွာကျော်က စစ်ဘေးရှာင်ပြည်သူ ၇၀၀၀…

    Read More »
  • 13 October

    စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုကြောင့် ရွှေကူ ရွာပေါင်း ၆ ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် တစ်ဖက်ကမ်းမှာရှိတဲ့ ဧရာဝတီမြစ်ကမ်းနဘေးမှာရှိတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ပုံမှန်စစ်ရေးလှုပ်ရှားလာတာတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေဟာ ကျေးရွာ တွေထဲမနေရဲပဲ ရွာပေါင်း ၆ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ စက်တင်ဘာလ  ၂၂ ရက်ကစပြီး စစ်ကောင်စီစစ်သင်္ဘောတွေ ဗန်းမော်ကနေ မန္တလေး ကိုစုန်သွားတဲ့နောက်ပိုင်းကနေစပြီး ရွှေကူမြို့တွင်းတပ်ကစစ်သားတွေနဲ့ ရွှေကူမြို့အထက်ဘက် စင်းခန်းနဲ့ မီးသွေးချောင်းဘက်မှာ တပ်စွဲထားတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာ ရွှေကူမြို့ တစ်ဖက်ကမ်းမှာရှိတဲ့…

    Read More »
  • 12 October

    နမ့်တောင်းကျေးရွာနဲ့ ဖာဖစ်ကျေးရွာချင်းဆက်လမ်းမှာ မိုင်းနင်းမိသူ ၃ ဦးအထိရှိလာ

    ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်တောင်းကျေးရွာနဲ့ ဖာဖစ်ကျေးရွာချင်းဆက်လမ်းကို စစ်တပ်ဖြတ်တောက်ထားပြီး မိုင်းထောင်ထားတာကြောင့် မိုင်းနင်းမိတဲ့ ဒေသခံ ၃ ဦးထိရှိလာပြီဖြစ်တယ်လို့ နမ့်တောင်းကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၁၀ ရက် ညနေပိုင်း ၂ နာရီလောက်မှာ ဖာဖစ်ကျေးရွာဒေသခံအမျိုးသားတစ်ဦး  နမ့်တောင်းကနေ ဖာဖစ်ရွာနေအိမ်ကို ခြေကျင်နဲ့ ပြန်လာချိန် စစ်တပ်ထောင်ထားတဲ့…

    Read More »
  • 9 October

    ပုလဲမှာ စစ်ကြောင်းထိုးလာလို့ ရွာပေါင်း ၁၀ ရွာက ဒေသခံသောင်းနဲ့ချီထွက်ပြေးနေရ

    စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ဂန့်ဂေါလမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးနေတာကြောင့် အရပ်သားသောင်းနဲ့ချီဘေးလွှတ်ရာကို ထွက်ပြေးတိမ်း‌ ရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဘက်က ဒီကနေ့ အောက်တိုဘာ ၉ရက်နေ့ မနက်ပိုင်းကနေစပြီးတော့ ပုလဲ– ဂန့်ဂေါလမ်းမတစ်လျှောက်မှာရှိတဲ့ ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်စီးနင်း နေတာဖြစ်တယ်လို့ ပုလဲမြို့နယ် လူထုတိုက်ပွဲသပိတ်ဦးဆောင်ကော်မတီက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “သူတို့က ရွာတွေကိုစစ်ကြောင်းဝင်ပြီး ပြည်သူပိုင်ပစ္စည်းတွေကားပေါ်တင်ယူတယ်။ သူတို့က ယူချင်တာယူတယ် ဆန်ဆီတွေရော အဝတ်အစားတွေရော…

    Read More »
  • 2 October

    ကန့်ဘလူမှာ စစ်ဘေးရှောင် အမျိုးသမီးတွေ လစဉ်သုံး ပစ္စည်းဝယ်ယူဖို့ခက်ခဲနေ

    စစ်ကိုင်းတိုင်းကန့်ဘလူမြို့နယ်မှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေအဘက်ဘက်က အခက်အခဲတွေ ကြုံတွေ့နေရပြီးတော့ အဲ့ဒီထဲက စစ်ဘေးရှောင် အမျိုးသမီးတွေ လစဥ်သုံးပစ္စည်းဝယ်ယူဖို့ခက်ခဲနေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ကန့်ဘလူခရိုင် အတွင်းက စစ်ဘေးရှောင်တွေနဲ့ရွာတွေမှာနေထိုင်နေဆဲဖြစ်တဲ့ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေသွားပေးခဲ့ကြရာ စစ်ဘေးရှောင်တွေ အရင်နှစ်တွေထက်ပိုခက်ခဲလာတာကိုတွေ့ရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။…

    Read More »
  • 2 October

    နမ်ဆန်ယန်စစ်ရှောင်တွေ အောင်မြေ (၁) ကျေးရွာဘက် ပြောင်းရွေ့

    မြစ်ကြီးနား–ဗန်းမော် ကားလမ်းမပေါ် ၊ ကဇူးရွာမှာစစ်ရှောင်နေတဲ့ နမ်ဆန်ယန်ဒေသခံစစ်ရှောင်များ အောင်မြေ(၁)ကျေးရွာဘက်ကို ပြောင်းရွှေ့နေထိုင်နေပြီလို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။ လက်ရှိ ပြောင်းရွေ့နေထိုင်တဲ့ အောင်မြေ (၁) ကျေးရွာမှာ စစ်ရှောင်နေရာကို ဩဂုတ်လကတည်းကနေ သက်ဆိုင်ရာ KBC အသင်းတော် ဇုံနယ်တာဝန်ရှိသူတွေကနေ ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်လို့ ကဇူးရွာခံတစ်ယောက်က ပြောပါတယ်။ “မနေ့ညနေကနေ စရွှေ့ပြီ အိမ်ထောင်…

    Read More »
  • Sep- 2023 -
    27 September

    ကဇူးကျေးရွာမှာ ထွက်ပြေးနေတဲ့ စစ်ရှောင်တွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်

    မြစ်ကြီးနား–ဗန်းမော်ကားလမ်းမပေါ် ၊ ကဇူးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းမှာခိုလှုံနေတဲ့ နမ်ဆန်ယန် စစ်ရှောင်ပြည်သူ ၈ ဦးကို စစ်တပ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၇၊ ယနေ့ မွန်းလွဲ ၁ နာရီခန့်က ဘုရားကျောင်းဝင်းထဲကို ပြည်သူ့စစ်အဖွဲ့က ကား ၁ စီးနဲ့ ဝင်လာပြီး စစ်ရှောင် ၈ ဦးကို လာရောက်ဖမ်းခေါ်သွားတာ ဖြစ်တယ်လို့ ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။…

    Read More »
  • 26 September

    ရွှေကူအနောက်ဘက် ရေလှဲ နဲ့ ဆင်တပ်ဒေသခံများ နေရပ်မပြန်နိုင်သေး

    ကချင်ပြည်နယ် ရွှေကူမြို့အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားလာတဲ့အတွက် ထွက်ပြေးနေရတဲ့ ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘဲ တောတောင်တွေမှာ ဆက်လက်တိမ်းရှောင် နေရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က ရွှေကူအနောက်ခြမ်းဘက် ရေလှဲ နဲ့ ဆင်တပ်ကျေးရွာတွေကို စစ်ကောင်စီတပ်ဝင်ရောက်လာပြီးတော့ အရပ်သားတွေကို ဖမ်းဆီးခဲ့တဲ့အပြင် နေအိမ်တွေပါ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီစစ်ကောင်စီတပ်တွေက မနေ့ကထိ ရွှေကူအနောက်ဘက်ကျေးရွာတွေမှာ ရှိနေသေးတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ရေလှဲနဲ့ ဆင်တပ်ကမပြန်နိုင်သေးဘူး စစ်သားတွေက ရွှေကူမြို့ပေါ်မှာ…

    Read More »
Back to top button