,
အင်းတော်မြို့ ရဲစခန်းရှေ့မှ ဖြတ်သွားသည့် အသက် ၆၀ ကျော် အမျိုးသားတစ်ဦးကို စစ်ကောင်စီ ရဲများက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးသွားဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည်ဟု သိရသည်။ အသက် ၆၀ ကျော်အရွယ် ဦးဆက်အောင်သည် နိုဝင်ဘာ ၂၉ ရက်နေ့ ည ၇ နာရီ အချိန်တွင် နန်းကင် ကျေးရွာမှ အင်းတော်မြို့ ထဲသို့ နာရေးကိစ္စကြောင့် လာရောက်စဥ် အင်းတော်ရဲစခန်း ရှေ့အရောက်တွင် ရဲစခန်းအတွင်းမှ သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ပြီးနောက် လက်ရှိအချိန်ထိ ရဲစခန်းအတွင်း
ဖားကန့်မြို့နယ် မှော်မောင်းလျှံ(Mau Maw Layang) ကျေးရွာအနီးတွင် အမည်မသိ အမျိူးသားတစ်ဦး ဓာတ်ထိုးဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်း ကို ယနေ့နံနက်ပိုင်းတွင် ဒေသခံများကတွေ့ရှိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ဖားကန့်မြို့နှင့် မှော်မောင်းလျှံရွာကြား မှော်မောင်းလျှံကျေးရွာထိပ် ကားလမ်းဘေးတွင် အမည်မသိ အမျိုးသားတစ်ဦး ဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေကြောင်းရုပ်အလောင်းကို မျက်မြင်တွေ့ခဲ့သူ ဒေသခံတစ်ဦးက KNG ကိုပြောသည်။ ''ဘယ်သူ ဘယ်ဝါမသိရဘူး သတ်ခံထားရတာက မနေ့ည ၁၂
ခရီးသည်ယာဉ်ပေါ် ဆန်အိတ်ထဲ ကျည်ဆံတင်ဆောင်လာသည့် အမျိုးသားသည် အောက်တိုဘာလ ၁၅ ရက်နေ့ ကသာစစ်ကြောင်းရေးတွင် သေဆုံးသွားပြီဟု သိရသည်။ အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွှဲ ၃နာရီဝန်းကျင် မြစ်ကြီးနားမှ မန္တလေးဘက်သို့ ဆင်းလာသည့် တက်နေလင်း ခရီးသည်တင်ယာဉ်ပေါ်တွင် အမျိုးသားတစ်ဦး၏ ဆန်အိတ် ၅ အိတ်အတွင်း ကျည်ဆံများတင်ဆောင်လာသောကြောင့် အင်းတော်မြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိပြီး အမျိုးသားကို ကသာ စစ်ကြောရေးဘက်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။ “သူတို့အစက အင်းတော်ရဲစခန်းမှာ
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာတွင် PDF နှင့် ဆက်စပ်သူ အမျိုးသားတစ်ဦးကို ယမန်ည ၉နာရီဝန်းကျင် စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ ဖမ်းဆီးခံရသူသည် အသက် ၃၀နှစ်အရွယ်ရှိ ကိုဇော်မင်းဦးခေါ်သူဖြစ်ပြီး သူ၏ ပိုင်ဆိုင်သည့် အိမ်နှင့်ကားတစ်စီးကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု ဇော်မင်းဦးနှင့် နီးစပ်သူ ဒေသခံတစ်ဦး KNG ကိုပြောသည်။ ''မနေ့က ညတွင်းကြီးမှာလာဖမ်းသွားတာ အိမ်သားတွေ ကိုတော့ အပြင်မှာခေါ်ထုတ်ထားတယ်။ ပြီးရင် မောက်လျက်အိပ်ခိုင်းပြီး ဘယ်သူ့ကိုမှခေါင်းမထောင် နဲ့ ခေါင်းထောင်ရင်ပစ်မယ်ဆိုပြီး အိမ်ကိုမီးရှို့သွားတယ်။
ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာတွင် သြဂုတ် ၂၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုရသော အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရကြောင်း ဒေသခံများထံမှသိရသည်။ ဟောင်ပါးကျေးရွာနှင့် တာမခံကျေးရွာကြားရှိ ဥရုချောင်း ချောင်းကမ်းအနီးတွင် သတ်ခံလိုက်ရခြင်းဖြစ်ပြီ ရုပ်အလောင်းကို နေ့လယ်ပိုင်းမှသာဒေသခံများက တွေ့ရှိခဲ့ကြောင်း ဟောင်ပါးကျေးရွာနေ အမျိုးသမီးတစ်ဦးက KNG သတင်းကိုပြောသည်။ "စစ်ကောင်စီသတင်းပေးဒလန် သတ်ခံရတယ်လို့ ဒီလိုဘဲပြောကြတယ်။ သူ့ရင်ဘတ်မှာ သေနတ်ဒဏ်ရာနှစ်ချက်တွေ့တယ် ''ဟု ဟောင်ပါးကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။ သတ်ခံရသော အမျိုးသားသည် ဟောင်ပါးကျေးရွာမှ
စစ်ကိုင်းတိုင်း ကသာမြို့ ဧရာဝတီမြစ်ကြောင်းပေါ်တွင် ငါးဖမ်းနေသူ အမျိုးသားတစ်ဦးအား စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ဒေသခံများမှ သိရသည်။ ဇူလိုင် ၁၅ ရက် ယမန်နေ့ ည ၁၀ နာရီဝန်းကျင် စက်လှေဖြင့် ငါးဖမ်းနေသူ ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်မှ ကင်းပတ်သွားလာစဉ် သေနတ်ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ကသာဒေသခံတစ်ဦးက KNG ကိုပြောသည်။ "ည ၁၀ နာရီလောက်ရှိမယ်ဗျ သေနတ် အချက် ၂၀ လောက် ဆက်တိုက်ပစ်သံကြားရတယ်
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လုံဂျာကျေးရွာမှ အမျိုးသားတစ်ဦး တောထဲသို့ မျှစ်ချိုးသွားစဉ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်ပစ်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်သည် ဇွန်လ ၅ ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့ပြီး လုံဂျာကျေးရွာမှ ဦးအိုက်ခန့် 'အသက် (၃၉) နှစ်သည် လုံဂျာတောင်ခြေသို့ မျှစ်ချိုးသွားစဉ် မိုင်းနင်းမိရာမှ ညာဘက်ခြေထောက်ဖြတ်ပစ်လိုက်ရကြောင်း ၎င်းနှင့် ရင်းနှီးသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ "မိုင်းကဘယ်ဘက်ကဘယ်သူ ဘယ်ဝါထောင်ထားတာဆိုတာတော့မသိရဘူး။ သူကတောင်ပေါ်မှာ မျှစ်သွားချိုးရင်းနဲ့ဖြစ်ခဲ့တာတဲ့ သူပြောတဲ့ပုံစံအရဆိုရင်သူက မိုင်းနင်းမိပြီးမှသူတစ်ယောက်ထဲပြန်ဆင်းခဲ့တယ်။ ခြေမျက်စိအောက်ကနေပြတ်သွားတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားပြင်ကျေးရွာတွင် ယမန်နေ့က ရေမဆေးကျောက်ရှာသူ အမျိုးသားတစ်ဦး သံတိုင်ဖြင့် ထိုးသတ်ခံလိုက်ရကြောင်း ဒေသခံများထံ မှ စုံစမ်းသိရှိရသည်။ ဖြစ်စဉ်သည် ယမန်နေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်း ၉ နာရီအချိန်တွင် ဖားပြင်ကျေးရွာအနီးရှိ မြေစာပုံဟောင်းတစ်ခုအနီးတွင် ရေမဆေးကျောက်ရှာသူ အချင်းချင်း လူမှုရေးကိစ္စကြောင့် စကားများရာမှ အခုလို ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဖားကန့်ဒေသခံတစ်ဦးက KNG သို့ပြောသည်။ "သူတို့ကမြေစာပုံမှာ တဲစောင့်ရင်းနဲ့ စကားများကြရင်းနဲ့ဖြစ်တာတဲ့။ မြေစာပုံမှာတဲထိုးတဲ့ကိစ္စတွေနဲ့အချင်းချင်းစကားများထိုးကြရင်းနဲ့ဖြစ်တာ တံတိုင်နဲ့ထိုးခံရတာ"ဟု ဒေသခံတစ်ဦးကပြောသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာတွင် ပျူစောထီး ယူဆရသူ အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံ မှသိရသည်။ ယနေ့ မတ် ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး ယင်းအမျိုးသားမှာ နေအိမ်တွင်းရှိနေစဥ် လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိလူတစ်စုမှ ပစ်ခတ်သွားကြောင်း ဆန်းကြွယ်ကျေးရွာ နေအမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ဆိုသည်။ "သူ့အသက်က ၆၀ ဝန်းကျင် လူနာမည်ကတော့ဦးလူမော်တဲ့ မနက် ၁၀ နာရီခွဲလောက် နေအိမ်မှာသေနတ်နဲ့
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် အမျိုးသားတစ်ဦးက ပြုတ်ကျနေသည့် ဓာတ်ကြိုး ကိုကိုင်မိရာမှ ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားကြောင်း ဒေသခံများမှ သိရသည်။ မတ် ၈ ရက်နေ့ည ၈ နာရီ အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၄၀ ကျော်(ကိုယ်ရေးချက်လက်စုံစမ်းဆဲ) အရွယ်ရှိအမျိူးသားတစ်ဦးသည် ပြုတ်ကျနေသည့် ဓာတ်ကြိုး ကိုင်မိရာမှဓာတ်လိုက်သေဆုံးခဲ့ကြောင်း အဆိုပါရုပ်အလောင်းကိုသွား ရောက် သယ်ဆောင်ခဲ့သည့် လူမှုကူညီရေးအသင်းတာဝန်ရှိသူက KNG သို့ပြောသည်။ "ဓာတ်ကြိုးက ပြုတ်ကျနေတာလား ဘယ်လိုလဲတော့မသိရဘူး သူက ညာဘက်လက်မှာ