လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

အင်းတော်မြို့ ရဲစခန်းရှေ့မှ ဖြတ်သွားသည့် အသက် ၆၀ ကျော် အမျိုးသားတစ်ဦးကို စစ်ကောင်စီ ရဲများက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးသွားဖြင့်  ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည်ဟု သိရသည်။

အသက် ၆၀ ကျော်အရွယ် ဦးဆက်အောင်သည် နိုဝင်ဘာ ၂၉ ရက်နေ့ ည ၇ နာရီ အချိန်တွင် နန်းကင် ကျေးရွာမှ အင်းတော်မြို့ ထဲသို့ နာရေးကိစ္စကြောင့် လာရောက်စဥ် အင်းတော်ရဲစခန်း ရှေ့အရောက်တွင် ရဲစခန်းအတွင်းမှ သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ပြီးနောက် လက်ရှိအချိန်ထိ ရဲစခန်းအတွင်း ဖမ်းဆီးခံထားရကြောင်း သိရသည်။

သူက ည ၇ နာရီလောက်ကို သူ့ရဲ့ ယ္ခောမ နာရေးကနေ ပိုတဲ့ ဟင်းတွေကို အင်းတော်ကို လာပို့တာ၊ အဲ့မှာ အင်းတော် ရဲစခန်းကို ဖြတ်မိတော့ ရဲစခန်း ကနေ သေနတ် ၂ ရက်ပစ်တာ လက်ဖျံရိုးမှန်သွားတယ် အခုသူ့ကို ရဲစခန်းမှာ ဖမ်းထားတုန်းဟု အင်းတော် PDF တာဝန်ရှိသူက ပြောသည်။

ယင်းအမျိုးသားသည် နန်းကင်ကျေးရွာဒေသခံဖြစ်ပြီး ဆိုင်ကယ်ဖြင့် ရဲစခန်းရှေ့ဖြတ်မောင်းစဥ် ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် PDF ဟု စွပ်စွဲ အမှုဖွင့်ခံရနိုင်မည့် အခြေအနေရှိနေသည်ဟု သိရသည်။

သူတို့ကို လက်ပစ်ဗုံးနဲ့မိတယ် ဆိုပြီး စွပ်စွဲထားတယ်၊ စွဲချက်တင်မယ်တဲ့ အကြမ်းဖက်မှုနဲ့ သူကဘာမှမပါဘူး။ အသက်လည်းကြီးပြီ အဲ့တာကို PDF လို့စွပ်စွဲဖမ်းထားတာဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ဝဒါဖြန့် Telegram Channel  Facebook page များတွင် PDF တစ်ဦးကို လက်ပစ်ဗုံးနှင့်အတူ ဖမ်းဆီးရမိကြောင်း လုပ်ကြံသတင်းများ ဖြန့်လျက်ရှိနေသည်။

အင်းတော် မြို့မရဲစခန်းကို ယမန်နေ့ ည  နာရီခွဲအချိန်တွင် အင်းတော်မြို့ပြ ပြောက်ကျားတပ်ဖွဲ့က လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲခန်းအတွင်းရှိ ရဲအချို့ထိခိုက် ဒဏ်ရရာရှိမှုများရှိခဲ့သောကြောင့် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ် ကြောင်းသိရသည်။

အင်းတော်တွင် လွန်ခဲ့သည့် သြဂုတ်လတွင်လည်း ဆေးရုံတွင် ငှက်ဖျားလာကုသည့် အမျိုးသားတစ်ဦးနှင့် လူနာစောင့် ၂ ဦး တို့ကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ဖူးသည်။

Show More

Related Articles

Back to top button