ပူတာအို

  • Nov- 2023 -
    3 November
    သတင်း

    ပူတာအိုမှာ အွန်လိုင်းငွေလိမ်လည်မှုနဲ့အတူ လျှပ်စစ်ပစ္စည်း၊လူသုံးကုန်ပစ္စည်း‌တွေကို အတင်းအဓ္ဓလိုက်လံရောင်းချသူတွေများလာ

    ပူတာအိုမြို့မှာ လျှပ်စစ်ပစ္စည်းတွေနဲ့တခြားလူသုံးကုန်ပစ္စည်း‌တွေကို အတင်းအဓ္ဓမလိုက်လံရောင်းချသူတွေများလာတယ်လို့ ပူတာအို ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း အိမ်သုံးလျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ မီးပူ၊ ထမင်းပေါင်း၊ အလှပြင်စတဲ့ပစ္စည်းတွေကအစတစ်အိမ်တက်တစ်အိမ်ဆင်း ဈေးအဆမတန်တင်ပြီး အတင်းအဓ္ဓမ ရောင်းပေးတာတွေအပြင် ဗလာမပါကံစမ်းမဲပုံစံမျိုးနဲ့ လိုက်ရောင်းနေကြတာဖြစ်တယ်လို့ မချမ်းဘော့ ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “သူတို့က တစ်အိမ်ချင်းဆီကို ဝင်ပြီးလိုက်ရောင်းတာ၊ ပိုက်ဆံမရှိဘူးလို့ပြောရင် လကုန်မှပေးဆိုပြီးတော့ ပစ္စည်းထားခဲ့ပြီး…

    Read More »
  • Oct- 2023 -
    10 October
    သတင်း

    ပူတာအိုမှာ ဆယ်ကျော်သက် မိန်းကလေး တစ်ဦးကားတိုက်ခံရပြီး သေဆုံး

    ကချင်ပြည်နယ် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နဲ့ ကောင်ကထောင်ရပ်ကွက်ကြားမှာ အမျိုးသမီးငယ်တစ်ဦး ဆိုင်ကယ်စီးနင်လာတဲ့အချိန် ကားနဲ့ဝင်တိုက်သွားတာကြောင့် သေဆုံးသွားတယ်လို့သိရပါတယ်။ မနေ့က ည ၆နာရီခွဲအချိန် လုံးစွတ်နဲ့ ကောင်ကထောင်ရပ်ကွက်ကြား လုံးစွတ်ရပ်ကွက်ထဲက ကုန်းဆင်း(ဒေသအခေါ်ပန်းခြံကုန်းဆင်း)နေရာ မှာဆိုင်ကယ်စီးနင်လာတဲ့ အသက် ၁၇ နှစ်ခန့်အရွယ်ရှိတဲ့ မိန်းခလေးငယ်တစ်ဦးကို…

    Read More »
  • Jul- 2023 -
    19 July
    သတင်းPhoto-နောင်မွန်းမြို့အဝင်ဆိုင်းဘုတ်

    နောင်မွန်ဆေးရုံကြီးမှာ ဆေးဝါးလုံလောက်မှုမရှိတာကြောင့် ဒေသခံတွေအခက်တွေ့နေ

    ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာရှိတဲ့ ဆေးရုံကြီးမှာ ဆေးဝါးလုံလောက်မှုမရှိတဲ့အတွက် ဒေသခံ တွေအခက်အခဲဖြစ်နေတယ်လို့ ဆေးရုံနဲ့နီးစပ်သူတွေကနေ သိရပါတယ်။ နောင်မွန်မြို့ပေါ်မှာရှိတဲ့ ပြည်သူဆေးရုံကြီးမှာ လွန်ခဲ့တဲ့ ၃လ လောက်ကနေစပြီး ဆေးဝါးတွေအလုံအလောက်မရှိတော့ တာကြောင့် ဆေးရုံတက်မယ့်လူနာတွေအခက်အခဲ ဖြစ်နေတယ်လို့ နောင်မွန်းမြို့ အမှတ် ၂ရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “ဆေးက တခါတလေဆို ပါရာတောင်မရှိဘူး အများပိုင်းကမရှိတာများတယ် ဆရာဝန်တစ်ယောက်နဲ့ဆရာမ…

    Read More »
  • Jun- 2023 -
    20 June
    သတင်း

    နောင်မွန်ဒေသတွင် တောင်ကမ်းပါးပြိုကျပြီး လမ်းပိတ်ဆို့မှုကြောင့် သွားလာရေးခက်ခဲနေ

    ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် တစ်ပတ်အတွင်း အဆက်အပြတ် မိုးရွာသည်းထန်စွာသွန်းမှုကြောင့် အများပြည်သူသွားလာသည့် လမ်းနေရာများတွင် တောင်ကမ်းပါးများပြိုကျပြီး လမ်းတံတားများပျက်စီးနေသည့်အတွက် လမ်းပိတ်ဆို့မှုဖြစ်ကာ ခရီးသွားလာမှုပြတ်တောက်နေကြောင်းသိရသည်။ ဇွန်လ ၁၉ ရက်နေ့မှ နောင်မွန်မြို့ဘက်ကို တက်သည့် ကွမ်လင်းနှင့် ဆန်ဒမ် ကျေးရွာ ၂ခုကြားရှိ…

    Read More »
  • 2 June
    သတင်း

    ပူတာအို မူလာရှီးဒီချောင်းတွင် လူငယ်တစ်ဦး ရေနစ်ပြီးသေဆုံး

    ဇွန်လ ၂ ရက်နေ့ ယနေ့ မွန်းလွဲ ၁နာရီအချိန်တွင် မူလာရှီးဒီချောင်းထဲသို့ သူငယ်ချင်းများနဲ့အတူ ရေဆင်းချိုးသည့် အသက် ၂၀ ကျော် လူငယ်အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ပူတာအိုဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ “အသက်က ၂၄ နှစ်တဲ့ သူ့သူငယ်ချင်းတွေနဲ့ ရေဆင်းချိုးတဲ့ တံတားအောက်မှာနစ်သွားတာ”ဟု…

    Read More »
  • 2 June
    သတင်း

    သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သည့် အမျိုးသား ၃ ဦးကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်

    ပူတာအိုမြို့တွင် သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့သည့် အမျိုးသား ၃ ဦးကို ထောင်ဒဏ်အနှစ် ၂၀ အသီးသီး ချမှတ်လိုက်ပြီ ဖြစ်ကြောင်း ကျူးလွန်ခံရသည့် မိသားစုဝင်များထံမှ သိရသည်။ ပူတာအိုတွင် ယခုနှစ်ဆန်းပိုင်းအတွင်း သက်ငယ် မုဒိမ်းမှု ဖြစ်စဉ် ၂ ခုဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်များတွင်…

    Read More »
  • May- 2023 -
    10 May
    သတင်း

    ရေခဲတောင်တက်သည့် ခရီးသည်များ အမှိုက်များအား စနစ်တကျ စွန့်ပစ်ကြရန် ဒေသခံလူငယ်များတောင်းဆို

    ပူတာအို ရေခဲတောင်သို့ လာရောက်လည်ပတ်သူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများပြားလာသည့်အတွက် သဘာဝတ်ဝန်းကျင် ထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ကြောင်း ရေခဲတောင်ခြေ ဒေသခံများပြောသည်။ ရေခဲတောင်သို့ လာရောက်လည်ပတ် တောင်တက်သူများသည် တက်ပြီးသည့်အချိန်တိုင်း အမှိုက်များကို စနစ်တကျ သိမ်းဆည်းသွားခြင်းမရှိဘဲ ရေခဲတောင်ပေါ်တွင် အမှိုက်များ စည်းကမ်းမဲ့စွာ…

    Read More »
  • 3 May
    သတင်း

    မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် တောရိုင်းတိရစ္ဆာန်များနှင့် အပင်များအား သတ်ဖြတ်ခြင်း၊ ဖျက်စီးခြင်းမပြုရန်အသိပညာပေးဆိုင်းဘုတ်များစိုက်ထူ

    ပူတာအိုဒေသအတွင်းရှိ မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် သဘာ၀ဇီ၀မျိုးစိပ်မျိုးကွဲ တောရိုင်းတိရစ္ဆာန်များနှင့်အပင်များကို သတ်ဖြတ်ခြင်း၊ ဖျက်စီးခြင်း မပြုလုပ်ကြရန် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းအစီအစဉ်အား သစ်တောဦးစီးဌာနမှ ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပူတာအိုဒေသတွင် ရှားပါးငှက်မျိုးစိတ်များ၊ တောရိုင်းတိရစ္ဆာန်များအား ဖမ်းဆီးသတ်ဖြတ် ရောင်းဝယ်မှုအလွန်အကျွံများပြားနေပြီး သက်ဆိုင်ရာမှ အရေးယူတားမြစ်မှုတစ်စုံတစ်ရာ မရှိသောကြောင့် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်သင့်ကြောင်း ဒေသခံပြည်သူများကြာ ပြောဆိုမှုရှိခဲ့သည်။ မေလ ၂ ရက်နေ့ တွင် ပူတာအိုမြို့နယ် သစ်တောဦးစီးဌာန နှင့် တွဲဖက်ဌာနဆိုင်ရာများစုပေါင်းပြီး သဘာ၀တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်းကာကွယ်ရမည့်အကြောင်းနှင့် ပတ်သက်သည့် ပညာပေးဆိုင်းဘုတ်၊ ဗီနိုင်းကြီးများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ စသည့် တားမြစ်ချက်ဆိုင်းဘုတ်များအား ပူတာအိုမြို့တွင်း အများပြည်သူ သွားလာမှုများရှိသည့် လမ်းနေရာများတွင် စိုက်ထူခြင်း အစီအစဉ်ပြုလုပ်ကြောင်း ပူတာအိုဒေသခံများထံမှ သိရသည်။ “အခုက မနက်စျေးမှာ ဘာတွေ တွေ့နေရသေးလဲဆို ဒီဒေသမှာကျက်စားတဲ့ ရောင်စုံငှက်ကလေးတွေ တောထဲကငှက်တွေ ပစ်သတ်ပြီး ခင်းရောင်းနေတာတွေတော့ အခုထိတွေ့နေရတယ်။ ဒါပေမယ့် ဒီမနက်တော့ ပူတာအိုက ဌာနဆိုင်ရာတွေအားလုံးပေါင်းပြီး ပညာပေးဆိုင်းဘုတ်တွေ လိုက်ကပ်နေကြတယ်”ဟုပူတာအိုဒေသခံတစ်ဦးအမျိုးသားတစ်ဦးက KNG သတင်းဌာနကိုပြောသည်။ အဆိုပါ အသိပညာပေးဆိုင်းဘုတ်တွင် သဘာ၀တောရိုင်းတိရစ္ဆာန်များ ၊ အပင်များကို သတ်ဖြတ်ခြင်း ၊ ဖျက်ဆီးခြင်းများ မပြုလုပ်ရန်ဆိုသည့်စာသားအား မြန်မာ၊ ဂျိမ်းဖော့၊ လီဆူ၊ ရှမ်း စသည့် ဘာသာစကား ၄ မျိုးဖြင့်ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။ သစ်တောဦးစီးဌာနဆိုင်ရာများ နှင့် အတူ ရဝမ်၊ လီဆူ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှတာဝန်ရှိသူများလည်းပူးပေါင်းကာ ပူတာအိုမြို့မစျေး၊ လေယာဉ်ကွင်းရပ်ကွက် ရုပ်တုလမ်းဆုံနှင့် နံနက်စျေး၊ ကောင်းမှုလုံနှင့် မချမ်းဘော စသည့်လမ်းဆုံနေရာများတွင် စိုက်ထူခဲ့ကြကြောင်းသိရသည်။ ယခုချိန်ကာလသည် တောတွင်း ငှက်များ မျိုးပွား မျိုးပေါက်ဖြစ်ထွန်းသည့် ကာလဖြစ်သကဲ့သို့ ပူတာအို နံနက်စျေးတွင်းနေရာများတွင် ရောင်စုံသားငှက်များစည်းမဲ့ကမ်းမဲ့ သတ်ဖြတ် ရောင်းဝယ်မှုများလည်း ဆက်လက်ရှိနေကြောင်းသိရသည်။…

    Read More »
  • 2 May
    သတင်း

    ချောင်းရေတိမ်ကောလာသောကြောင့် ပူတာအို မြို့နယ်တွင် ၂ ရက်ခြားတစ်ကြိမ်သာ လျှပ်စစ်မီးရရှိ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ် အထက်ချောင်းရေတိမ်ကောလာသောကြောင့် မြို့ပေါ်ရပ်ကွက်များနဲ့ ကျေးရွာများတွင် လျှပ်စစ်မီး ၂ ရက်ခြားတစ်ကြိမ်သာ ရရှိတော့ကြောင်း ပူတာအိုမြို့ ဒေသခံများထံမှ သိရသည်။ ပူတာအိုမြို့တွင် ယခင် ရပ်ကွက်၊ ကျေးရွာအလိုက် အလေ့ကျစနစ်ဖြင့်သာ မီးရရှိသည့်အချိန်တွင်လည်း ည ၁၀…

    Read More »
  • Apr- 2023 -
    22 April
    သတင်း

    ပူတာအိုမြို့တွင် ၃လတာအတွင်း သက်ငယ်မုဒိန်းမှု ၂ ခုဖြစ်ပွား

    ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ၃ လအတွင်း သက်ငယ်မုဒိမ်းမှု ဖြစ်စဉ် ၂ ခု ဖြစ်ပွားခဲ့ကြောင်း  ဒေသခံများထံမှ သိရှိရသည်။ ပထမဖြစ်စဉ်မှာ စစ်ကောင်စီတပ်မှ ခေါ်ယူထားသည့် အလုပ်သမား အောင်ဖြိုးဝေဆိုသူသည် ပူတာအိုမြို့အနီးရှိ အမည်မဖော်လိုသည့် ကျေးရွာတစ်ရွာမှ အသက်…

    Read More »
Back to top button