မိုးကောင်း
-
Mar- 2024 -6 Marchသတင်း
မိုးကောင်းမှာ ညအချိန်မတော် အသေးစားကျောက်စိမ်းခိုးတူးတာတွေရှိနေ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နန့်ရင်းရပ်ကွက်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတချို့နဲ့ ဒေသခံတချို့က ညအချိန်မတော် အသေးစားကျောက်စိမ်းခိုးတူးတာတွေရှိနေပြီး ဒေသခံတွေကလည်း အုပ်ချုပ်ရေးမူးတွေဆီ တိုင်ကြားပေမဲ့ အရေးယူဆောင်ရွက်တာတွေမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မိုးကောင်းမြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ နန့်ရင်းရပ်ကွက်က မူလတန်းကျောင်းတစ်ကျောင်းမှာဆိုရင် ကျောင်းမြေကိုဖို့ပေးမယ်လို့ဆိုကာ ည ၁၂ နာရီဝန်းကျင်လောက်ဆိုကျောက်စိမ်းတူးတာမျိုးတွေ ရှိတယ်လို့…
Read More » -
Feb- 2024 -29 Februaryသတင်း
မိုးညှင်းနဲ့ မိုးကောင်းဒေသ စစ်တပ်နဲ့ SNA တပ်က ဖမ်းဆီးမှုပိုမိုလုပ်ဆောင်လာ
မိုးညှင်းနဲ့ မိုးကောင်း မြို့နယ်အတွင်းရှိကြတဲ့ ကျေးရွာတစ်ချို့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်တွေက ခရီးသွားပြည်သူတွေကို သွားလာရေးခက်ခဲအောင်လုပ်ဆောင်နေပြီး ဖမ်းဆီးစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ မိုးညှင်း၊ ဟိုပင်၊ နမ္မန၊ မင်းကုန်း၊…
Read More » -
27 Februaryသတင်း
မိုးကောင်း ၈ မိုင်ရွာမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ၈ မိုင်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာအတွင်း စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး လူနေအိမ်တွေပါ ဝင်ရောက်စစ်ဆေးနေတာကြောင့် အရပ်သားပြည်သူတစ်ချို့ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့ မနက်ပိုင်းကနေ မိုးကောင်းမြို့နဲ့ ၅ မိုင်အကွာရှိတဲ့…
Read More » -
22 Februaryသတင်း
စစ်ကောင်စီတပ်တွေ ခရီးသည်တစ်ယောက်ရဲ့ ငွေကျပ် ၁၈ သိန်းနိုက်ယူသွားတယ်လို့ဆို
မိုးကောင်းမြို့နယ် နန့်ခွင်ကျေးရွာမှာ ဖေဖော်ဝါရီလ ၂၁ ရက် မနေ့က ခရီးသွားပြည်သူတွေကို တားမြစ်စစ်ဆေးချိန်မှာ စစ်ကောင်စီတပ်တွေက ခရီးသည်တစ်ယောက်ရဲ့ ငွေကျပ် ၁၈ သိန်းကို နိုက်ယူသွားတယ်လို့ သိရပါတယ်။ ငွေနိုက်ယူခံလိုက်ရတဲ့ ခရီးသည်ဟာ မြစ်ကြီးနားမြို့ကနေ ဟိုပင်ဘက်ကို အသင်းတော်လုပ်ငန်းနဲ့…
Read More » -
21 Februaryသတင်း
မိုးကောင်းနယ်ထဲမှာ ခရီးသည် ၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီး
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ နန့်ခွင်ကျေးရွာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ခရီးသွား အမျိုးသား ၂၀ ယောက်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ မနက် ၇ နာရီဝန်းကျင်မှာ ပင်းဘောအခြေစိုက် ခမရ ၅၂၁ တပ်က စစ်ကောင်စီ တပ်ဖွဲ့တွေဟာ စစ်ယူနီဖောင်းနဲ့ နန့်ခွင်ကျေးရွာအဝင်…
Read More » -
15 Februaryသတင်း
မိုးကောင်းမြို့ နယ်ထိန်းခေါင်းဆောင် လာဘ်စားမှုနဲ့ခေါ်ယူစစ်ဆေးခံနေရ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နယ်ထိန်းခေါင်းဆောင် လာဘ်စားမှုနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်က ခေါ်ယူစစ်ဆေးခံနေရတယ်လို့ မပခတပ်တွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က မိုးကောင်းမြို့နယ်ထိန်း ခေါင်းဆောင် ဗိုလ်ကြီးဇာနည်ဇော် ဆိုသူကို လာဘ်စားမှုနဲ့ဆင့်ခေါ်စစ်ဆေးနေတာလို့…
Read More » -
Jan- 2024 -29 Januaryသတင်း
မိုးကောင်းနဲ့ ဖားကန့်လမ်းမှာရှိတဲ့ နာ့ဟိုင်စစ်ကောင်စီတပ်စခန်း ဆုတ်ခွာ
မိုးကောင်းမြို့နယ် နာ့ဟိုင်ကျေးရွာ(Namsheng)မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုက တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် ရက်ပိုင်းအတွင်းမှာပဲ တပ်စခန်းတစ်ခုလုံး တပ်ဆုတ်သွားခဲ့တာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဖားကန့်သွားလမ်း မိုးကောင်းနဲ့ ကားမိုင်းကြားမှာရှိတဲ့ နာ့ဟိုင်စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဇန်နဝါရီလ ၂၇ ရက်နေ့ တပ်စခန်းတစ်ခုလုံးက ကားမိုင်းဗျူဟာကုန်းနေရာဆီ ဆုတ်ခွာသွားကြတယ်လို့…
Read More » -
10 Januaryသတင်း
မိုးကောင်းမြို့ ရွှေပီတိစားသောက်ဆိုင်ကို စစ်တပ်က ချိတ်ပိတ်
ကချင်ပြည်နယ် မိုးကောင်းမြို့ အရှေ့ရပ်ကွက် ရွှေပီတိစားသောက် ဆိုင်ပိုင်ရှင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DF နဲ့ပတ်သက်ဆက်နွယ်မှုရှိတယ်လို့ဆိုပြီး နေအိမ်နဲ့ဆိုင်ကို စစ်တပ်က ချိတ်ပိတ်လိုက်တယ်လို့ မိုးကောင်းဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဆိုင်ပိုင်ရှင်ကိုစိုင်းဘိုကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ဖမ်းဆီးသွားပြီးနောက်…
Read More » -
Dec- 2023 -14 Decemberသတင်း
လမ်ဘရော့ယန်မှာ တိမ်းရှောင်နေကြတဲ့ ကဆုန့် စစ်ရှောင်များ မီးဖိုချောင်ဆောက်လုပ်ဖို့ အကူအညီလိုအပ်နေ
မိုးကောင်းမြို့နယ် နမ္မတီးမြို့ လမ်ဘရော့ယန်(Lambraw Yang)ကျေးရွာမှာ တိမ်းရှောင်နေကြတဲ့ ကဆုန့် စစ်ရှောင်ပြည်သူများအတွက် မီးဖိုချောင်ပြုပြင်ဖို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ လမ်းခွကျေးရွာ ကချင်နှစ်ခြင်းဘုရားကျောင်းနယ်မြေထဲ ခိုလှုံနေကြတဲ့ ကဆုန့်စစ်ရှောင်တွေရဲ့ မီးဖိုချောင်အမိုးတွေဟာ ယိုယွင်းပျက်စီးလာပြီး ခေါင်မိုးပေါက်နေတာကြောင့် ချက်စားလို့မရတဲ့ အခြေအနေထိရှိနေတယ်လို့ စစ်ရှောင်တာဝန်ခံက ကိုပြောပါတယ်။ “ကျွန်တော်တို့…
Read More » -
12 Decemberသတင်း
မိုးကောင်းမှာ အရပ်သားတစ်ယောက်ကို စစ်ကောင်စီတပ်ကပစ်သတ်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ အရပ်သားတစ်ယောက်ကို စစ်ကောင်စီတပ်ကပစ်သတ်လိုက်တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနေ့ နေ့လည် ၁၂ နာရီလောက်မှာ မိုးကောင်းမြို့နယ် အိုးတန်းရပ်ကွက်မှာရှိတဲ့ ကျွန်းတောတံတားပေါ် လူငယ်နှစ်ယောက်ဆိုင်ကယ်နဲ့ဖြတ်လာချိန် စစ်ကောင်စီဘက်ကစစ်ဆေးဖို့ တားဆီးရာ စစ်ဆေးမခံဘဲ ထွက်ပြေးခဲ့တာကြောင့် ပစ်သတ်လိုက်တာဖြစ်တယ်လို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။ “ကျမတို့ကြားတာတော့…
Read More »









