လက်နက်ကြီး
-
Aug- 2023 -29 Augustသတင်း
ရေဦးမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံတစ်ယောက် လက်နက်ကြီးထိမှန်သေဆုံး
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာ မနေ့ကဩဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်းလောက်က စစ်ကောင်စီစစ်ကြောင်းကို ကင်းထောက်ရင်း ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံတစ်ယောက် လက်နက်ကြီးထိမှန်သေဆုံးခဲ့ရတယ်လို့ People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်က ပြောပါတယ်။ စစ်အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီပဲယင်းမြို့ပေါ်ကနေ ရေဦးမြို့နယ် အနောက်ခြမ်းဘက်ကိုဦးတည်စစ်ကြောင်းထိုးလာတဲ့အချိန် တိုက်ခိုက်ဖို့ကင်းယူနေချိန်မှာပဲစစ်ကြောင်းက ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရတာလို့ ကိုထူးခန့်ကပြောပါတယ်။…
Read More » -
22 Augustတိုက်ပွဲ
နန့်ယားစစ်တပ်ကုန်းက ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာရရှိ
ဖားကန့်သွားလမ်း နန့်ယားကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က တစ်ရက်လုံးလက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် နန့်ယားကျေးရွာရဲ့ လူနေအိမ်ရပ်ကွက်တစ်ချို့နေရာမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသမီးတစ်ယောက် လက်နက်ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာဘက်ကို ပစ်ခတ်တာတွေရှိသလို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေရှိနိုင်တဲ့ ၂ နေရာဘက်မှာ ဩဂုတ်လ ၂၂ ရက်နေ့ တစ်ရက်လုံး နန့်ယားစစ်တပ်ကုန်းကနေ အမြှောက်သီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။ အခုလို အဆက်မပြတ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးက နန့်ယားရပ်ကွက် (၁)မှာရှိတဲ့ နေအိမ်တစ်လုံးအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အိမ်ဝရံတာအထဲမှာထိုင်နေတဲ့ အသက် ၃၅ နှစ်အရွယ် ဒေါ်ဇင်မာဦး ကျည်ထိမှန်ခဲ့တယ်လို့ နန့်ယားဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။ “သူတို့က တစ်ရက်လုံး ပစ်ကြတာဟုတ်တယ်။ ပစ်တာက KIA တပ်တွေရှိတဲ့ ဘက်ရယ်၊ နောက် တိုက်ပွဲဖြစ်တဲ့ နေရာဘက်ကို ပစ်ကြတယ်လို့ပြောတာပဲ။ ဒါပေမယ့် တိုက်ပွဲဖြစ်တဲ့နေရာက ဒီကနေ ဝေးတယ်။ သူတို့ပစ်လိုက်တဲ့ အမြှောက်သီးတစ်လုံးက ရပ်ကွက် ၁ မှာကျတယ်။ ပေါက်ကွဲတဲ့ ကျည်စက အမျိုးသမီးတစ်ယောက်မှာ ထိမှန်သွားတယ်”လို့ပြောပါတယ်။ လက်နက်ကြီး ကျည်စထိမှန်သွားတဲ့ ဒေါ်ဇင်မာဦးဆိုဟာ ချိုင်းအောက်တစ်နေရာနဲ့ ပေါင်တစ်ဖက် ခြမ်း ၂ နေရာမှာ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်နေ မနက်ပိုင်းကနေ ညနေ ၅ နာရီလောက်အထိ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် လုံးခြုံရေးအတွက်စိုးရိမ်ပြီး နန့်ယား စစ်တပ်နဲ့ နီးစပ်တဲ့ ရပ်ကွက် ၂ ခုက လက်မှာ နန့်ယားကျေးရွာရှိ သာဘာရေးကျောင်းတွေမှာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ နန့်ယားစစ်တပ်ကုန်းက လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တာဟာ ဒီကနေ့ မနက် ကားမိုင်းစစ်တပ်ကနေ ဖားကန့်ဘက်ကို တက်လားတဲ့ စစ်အင်အား ၁၀၀ ကျော်လောက်ပါရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ကားမိုင်းမြို့အထွက် မအူပင်အထက် ကျောက်ထုကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခံလိုက်ရတဲ့အတွက်ဖြစ်ပါတယ်။ ဒါ့ကြောင့် နန့်ယားစစ်တပ်ကုန်းကနေ KIA တပ်တွေရှိတဲ့ဘက်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ဘက်ကို ရမ်းသမ်းပစ်ခတ်မှုလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖားကန့်လမ်းတစ်လျှောက် ၂ ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် နန့်ယားစစ်တပ်ဂိတ်နေရာနဲ့ ကားမိုင်းလမ်းခွဲနေရာတွေမှာ ခရီးသည် ကုန်ကားများကို စစ်ကောင်စီတပ်ဘက်က သွားလာရေးပိတ်ဆို့ထားတာလည်းဖြစ်ပါတယ်။ ကျောက်ထုကျေးရွာနားမှာ ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းမှာ ဩဂုတ်လ ၁၇ ရက်နေ့လောက်က မိုးကောင်းမြို့နယ်ကနေ စစ်ကား ၃ စီးနဲ့ တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဖြစ်ပါတယ်။
Read More » -
18 Augustသတင်း
ဆယ်ဇင်းမှာ SNA တပ်ပစ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပြီး အရပ်သားပြည်သူ ၇ ဦး ဒဏ်ရာရရှိ
ဖားကန့်မြို့နယ်၊ ဆယ်ဇင်းတိုက်နယ်အပိုင်း နန့်ပုတ်ကျေးရွာဈေးတန်းဘက်ကို ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့က လက်နက်ကြီး ပတ်ခတ်လိုက်တဲ့အတွက် အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ “အိမ်ထဲကို တစ်လုံးကျတယ်၊ ဈေးတန်းထဲကို တစ်လုံးကျတယ်၊လက်နက်ကြီးနဲ့ပစ်တာပါဗျ“ဟု နန့်ပုတ်ကျေးရွာသားတစ်ဦးကပြောပါတယ်။ လက်ရှိမှာ လက်နက်ကြီးထိမှန်ပြီး…
Read More » -
16 Augustသတင်း
ယင်းမာပင်မှာ လက်နက်ကြီးထိလို့ ကလေးငယ်တစ်ယောက်သေဆုံး
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်၉နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မနေ့က ဩဂုတ်လ ၁၅ ရက်နေ့ နေ့လည် ၂နာရီလောက်မှာ ပုသိမ်–မုံရွာလမ်းမပေါ် ရောက်နေတဲ့ စစ်ကောင်စီ တပ်တွေဟာ လက်နက်ကြီးတွေနဲ့…
Read More » -
11 Augustသတင်း
မိုးညှင်းမှာ စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီး မြို့တွင်းကျရောက်ပေါက်ကွဲ
မိုးညှင်းမြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ မြို့တွင်းရပ်ကွက်တစ်ချို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဩဂုတ်လ ၁၀ ရက် မနေ့က မနက် ၁၁ နာရီလောက်မှာ မိုးညှင်းမြို့ ပန်းခြံကနေ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီး ၁၂၀ မမနဲ့ အချက်ပေါင်း ၁၀ ချက်ထက်မနည်းပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ မိုးညှင်းဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ကျမတို့အိမ်နားမှာ တစ်လုံးလာကျတာဟုတ်တယ် လူထိခိုက်တာတော့ မရှိပါဘူး”လို့ ပြောပါတယ်။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့ ရပ်ကွက်တွေကို လုံခြုံရေးအရ အမည်မဖော်ပေးရန် ဒေသခံများက တောင်းဆိုထားပါတယ်။ ဒေသခံတွေရဲ့ပြောဆိုချက်အရ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ မိုးညှင်းကာကွယ်ရေးတပ်တွေ မြို့တွင်းထဲဝင်ရောက်လာတဲ့ ရုပ်သုံဖိုင်တစ်ခု လူမှုကွန်ယက်စာမျက်နှာမှာ မိုးညှင်းကာကွယ်ရေးတပ်ဘက်က တင်လာခဲ့တဲ့နောက်ပိုင်း မြို့တွင်း မြို့ပြင် လမ်းသွားလမ်းလာပြည်သူများကိုလည်း စစ်ဆေးရေးတွေလည်း ပိုတင်းကြပ်လာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဩဂုတ်လ ၆ ရက် ညနေ ၄ နာရီဝန်းကျင်မှာလည်း မိုးညှင်း– ဘီလူးမြို့ လမ်းဆုံမှာရှိတဲ့ မိုးညှင်းစိုက်ပျိုးရေးရုံးကိုလည်း မိုးညှင်း KPDF က သွားရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ၇ဦးကျဆုံးမှုရှိခဲ့ကြောင်း မိုးညှင်းကာကွယ်ရေးတပ်က ဩဂုတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်အနေနဲ့ ခုလိုတော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့ဘက်တွေကို လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်နေတာဖြစ်နိုင်ကြောင်း မိုးညှင်းဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “သူတို့ကအဓိက ထန်းတပင်ရွာဘက်ကို ပစ်တာလို့သိရတယ် အဲဘက်ကို PDF တွေရှိတယ်ထင်ပြီး ပစ်တာ ဒါပေမယ့် လက်နက်ကြီးတစ်ချို့ကတော့ မြို့တွင်းရပ်ကွက်တစ်ချို့တွေမှာ ကျတာရှိတယ်”လို့ပြောပါတယ်။ မိုးညှင်းမြို့နယ်တွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ကာကွယ်ရေးတပ်တွေကြား မကြာခနဆိုသလို ထိတွေ့တိုက်ပွဲဖြစ်ပွားတာရှိပြီး ပြီးခဲ့တဲ့ဇွန်လမှာလည်း မိုးညှင်းမြို့နယ် အင်ကွယ်ရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုညှင်းကာကွယ်ရေးတပ်ဘက်မှ တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
Read More » -
8 Augustသတင်း
နမ့်ဖတ်ကာမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့လှုပ်ရှားလာရင် ပြည်သူတွေကို မငဲ့တော့ဘဲ လက်နက်ကြီးပစ်ခတ်တော့မယ်လို့ စစ်တပ်ပြော
ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားလာရင် ဒေသခံပြည်သူတွေကို မငဲ့ညာတော့ပဲ စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်တော့မယ်လို့ သတိပေးပြောဆိုလာတဲ့အတွက် နမ့်ဖတ်ကာဒေသခံတွေဟာ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့နေထိုင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နမ့်ဖတ်ကာမှာ တပ်စွဲနေထိုင်တဲ့ စစ်တပ် ခ.လ.ရ ၁၂၃ တပ်က ဩဂုတ်လ ၄ ရက်နေ့မှာ နမ့်ဖတ်ကာကျေးရွာက ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေကိုခေါ်ယူပြီး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားလာရင် အကြောင်းကြားဖို့နဲ့ လက်နက်သံမြည်လာရင် နေရာမရွေးလက်နက်ကြီးပစ်ခတ်တော့မယ်ဆိုတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ယခုလို KNG ကချင်သတင်းဌာနကို ပြောဆိုပါတယ်။ “နမ့်ဖတ်ကာမှာက TNLA တွေလည်းလှုပ်ရှားနေတော့…
Read More » -
7 Augustသတင်း
ရွှေကူမှာ စစ်သင်္ဘောဆိုက်ခါနီး လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်လို့ ရေလဲရွာက အမျိုးသမီးတစ်ဦးကျည်ထိမှန်
ကချင်ပြည်နယ် ရွှေကူမြို့မှာရှိတဲ့ ရွှေကူ သင်္ဘောဆိပ်မှာ စစ်သဘော် ၉ စီး ဆိုက်ကပ်ခါနီး စစ်တပ်ဘက်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်လာတဲ့အတွက် ရေလှဲရွာက အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “သင်္ဘေက ခုရွှေကူရောက်သွားပြီလေး ဆိပ်ကမ်းရောက်ခါနီး ရေလှဲဘက်ကိုလက်နက်ကြီးတွေပစ်နေတာ ရေလှဲရွာကတော့ အမှုန့်ဖြစ်ပြီလားမသိဘူး။အမျိုးသမီးတစ်ယောက်ထိတယ်လို့ သိရတယ် အသေးစိတ်တော့မသိရသေးဘူး ။ ပစ်တာအချက်ပေါင်း ၄၀၊ ၅၀…
Read More » -
4 Augustသတင်း
ကသာမှာ ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး
စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ၁၀နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ မနေ့မနက်ပိုင်း ၉နာရီဝန်းကျင်မှာ ကလုံရွာမှာ စစ်ကောင်စီတပ်တွေက ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်း အင်းရွာတိုက်နယ်အုပ်စုဘက်ကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်ပြီးတော့ အင်းရွာအုပ်စုဦးစောကျွန်းရွာက ကလေးငယ်သေဆုံးခဲ့ရတာလို့ ကသာမြို့နယ်ကကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။ “ကလုံမှာရွာကအဖွဲ့တွေက သူတို့ရဲ့အရှေ့ဘက်ကမ်း ကလုံနဲ့မျက်နှာချင်းဆိုင်ရွာ…
Read More » -
Jul- 2023 -19 Julyသတင်း
နမ့်ဖတ်ကာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာပြင်းထန်
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအနီး စစ်ကောင်စီတပ်နဲ့ KIA ကြားတိုက်ပွဲပြင်းထန်နေပြီး နမ့်ဖတ်ကာစစ်တပ်ကနေ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ၄ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာပြင်းထန်ကြောင်းစွာရရှိထားတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၈ ယနေ့ ညနေ ၅ နာရီခန့်ကနေ…
Read More » -
7 Julyသတင်း
ဝက်လက်မှာ စျေးသည်အမျိုးသမီးတွေအပါအဝင် ၇ ဦးပစ်သတ်ခံရ
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သမရိုးရွာနားမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မူကြောင့် ဈေးသည်အမျိူးသမီးများအပါအဝင် အရပ်သား ၇ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာသာကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မနေ့ကမနက်ပိုင်း ၄နာရီဝန်းမှာ သမ္မရိုးရွာဘက်ကို စစ်ကြောင်းထွက်လာချိန်လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “သူတို့ကရွာသာကြီးမှာတပ်စွဲညအိပ်တာ အဲ့ကနေမနက်၄နာရီလောက် စစ်ကြောင်းပြန်ထွက်တော့ ဈေးသည် တွေကလည်းမနက်၅နာရီလောက်ဆို ဈေးထွက်ရောင်းတာဗျ အဲ့မှာသူတို့သမ္မာရိုးရွာအရောက်မှာ ပတ်လည်ကို ပတ်ပစ်တာ အဲ့မှာဈေးသည်တွေသွားမှန်တာ ပွဲချင်းပြီးသေကုန်တာပဲ”လို့…
Read More »









