ကွတ်ခိုင်
-
Jun- 2024 -3 Juneသတင်း
ရှမ်းမြောက် ကွတ်ခိုင်နဲ့မုံးကိုးအပါအဝင် နေရာတစ်ချို့မှာ ကိုးကန့် MNDAA တပ်စွဲနေရာယူထားလို့ စာသင်ကျောင်းဖွင့်ဖို့အခက်ခဲဖြစ်နေ
ရှမ်းမြောက် ကွတ်ခိုင်နဲ့ မုံးကိုးဒေသကျေးရွာအပါအဝင် နေရာတစ်ချို့မှာရှိတဲ့ စာသင်ကျောင်းဝင်းထဲ ကိုးကန့် MNDAA ကတပ်စွဲနေရာယူလိုက်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ကလေးတွေအတွက်ကျောင်းဖွင့်နိုင်ဖို့ အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာအနီး ခိုမုန်းကျေးရွာအခြေခံပညာရေးကျောင်းမှာ ကိုးကန့် MNDAA တပ်ဖွဲ့တွေ တပ်ချနေရာယူထားတာ ၅ လကျော်ကြာမြင့်နေပြီး ဒီကနေ့ထိ ပြောင်းရွှေ့ပေးတာမရှိတဲ့အတွက် ၂၀၂၄–၂၀၂၅ စာသင်နှစ်အတွက်ကျောင်းဖွင့်ဖို့ အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ “ကျနော်တို့ ကျောင်းဖွင့်ဖို့လုပ်နေပေမဲ့ ကိုးကန့် MNDAA က ကျောင်းမှာ နေရာယူနေတယ်။ သူတို့ကျောင်းမှာနေလိုက်တော့ ကျနော်တို့ဘယ်လိုမှ လှုပ်ရှားလို့မရနေဘူး။ ကျောင်းဖွင့်နိုင်ဖို့တော်တော်ခက်နေတယ်။ သတင်းကြားရတာတော့ သူတို့က တရုတ်ကျောင်းအဖြစ် ပြောင်းဖွင့်ဖို့ ပြင်ဆင်နေတယ်လို့သတင်းထွက်နေတယ် သူတို့က လုံး၀မရွှေ့ပေးဘူး။ ရွာသားတွေရဲ့ ဆန္ဒက ကိုးကန့်တွေကို ကျောင်းကနေ ရွှေ့ပေးပါ။ အဲဒီကျောင်းကို NUG နဲ့ချိတ်ပြီး နမ့်ဖတ်ကာနဲ့ ပူးတွဲပြီး ကျောင်းဖွင့်ဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ် အခုသူတို့က လုံး၀မရွှေ့ပေးဘူး။ ဆေးရုံဆေးပေးခန်းနဲ့ စာသင်ကျောင်းကို သူတို့နေရာယူလိုက်တာ။ ဆေးရုံမှာက TNLA နဲ့ MNDAA နှစ်ဖွဲ့လုံးနေရာယူနေတယ်။”လို့ ကွတ်ခိုင် ခိုမုန်းကျေးရွာဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။ လက်ရှိ ကိုးကန့်တပ်တွေတပ်စွဲနေရာယူထားတဲ့ ခိုမုန်းကျေးရွာ စာသင်ကျောင်းမှာ NUG နဲ့ချိတ်ပြီး နမ့်ဖတ်ကာနဲ့ပူးတွဲပြီး စာသင်ကျောင်းဖွင့်ဖို့ရွာသားတွေ ပြင်ဆင်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ခိုမုန်းကျေးရွာ စာသင်ကျောင်းမှာ MNDAA တပ်ဖွဲ့နေရာယူလိုက်တဲ့အပြင် နောက်ထပ် TNLA တပ်နှစ်ဖွဲ့လုံးဟာ ခိုးမုန်းရွာရဲ့ဆေးရုံ၊ဆေးပေးခန်းမှာလည်း ပူးပေါင်းတပ်ချနေရာယူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါကြောင့် ကျေးရွာဒေသခံတွေက MNDAA နဲ့ TNLA တပ်တွေကို ဆေးပေးခန်းကနေနေရာဖယ်ပေးဖို့ အကြိမ်ကြိမ်သွားရောက်တောင်းဆိုပေမယ့် လုံး၀ဖယ်ပေးခြင်းမရှိဘူးလို့ ဆိုပါတယ်။ အလားတူ ခိုမုန်းကျေးရွာအပြင် ကွတ်ခိုင်၊ ကာလိုင်ကျေးရွာမှာလည်း KIO အစိုးရအောက်ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမှာကျောင်းသား၊သူများ ကျောင်းနာမည်အပ်နှံနေချိန် မေလ ၂၉ ရက်နေ့မှာတော့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA တပ်က ကျောင်းတံခါး၀မှာ ပိတ်ဆို့လိုက်ပြီး ကျောင်းသားတွေကို ကျောင်းနာမည်ထည့်ခွင့် ပိတ်ပင်လိုက်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တစ်ဆက်တည်းမှာဘဲ မူဆယ်နဲ့ မုံးကိုးမြို့ကြား ကြူကုတ်ပန်ဆိုင်းမြို့ထဲက ဖိုင်ကောင်းကျေးရွာဆိုတဲ့ ကချင်အများစုနေတဲ့ကျေးရွာက စာသင်ကျောင်းမှာ ကိုးကန့် MNDAA လက်နက်ကိုင်တပ်ဖွဲ့က နေရာယူထားလိုက်တာကြောင့် ဒေသခံပြည်သူတွေ ကျောင်းဖွင့်နိုင်ဖို့အရေး အခက်အခဲ၊ အတားအဆီးတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆက်လက်သိရပါတယ်။ “ကျမတို့ ကိုးကန့်ကိုပြောတယ် မနှစ်ကတည်းက ကျောင်းလည်းမပိတ်သေးဘူး ကျောင်းမှာမနေပေးပါနဲ့ ရွှေ့ပေးပါ စစ်တပ်နေတုန်းကလည်း ဒီလိုစာသင်ကျောင်းတွေမှာ မနေဘူး ဒါကြောင့် ဘယ်လက်နက်ကိုင်ကိုမှ ဒီလိုနေတာ ခွင့်မပြုဘူး မလိုလားဘူး အကြိမ်ကြိမ်ပြောခဲ့ပြီးပြီ။ ဒါပေမဲ့သူတို့က နေဖို့နေရာမရှိလို့ ကြည့်ကြည့်အုံးမယ်ဆိုပြီး ဒီနေ့ထိ မရွှေ့ပေးဘူး။ ကျောင်းဆောင်တစ်ခုမှာ သူတို့နေနေဆဲဖြစ်တယ်။ အရင်အစိုးရနဲ့ဆိုင်တဲ့နေရာအားလုံးဟာ သူတို့ရဲ့နေရာဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ အဲလိုနေရာယူလိုက်တာပေါ့။ အခုတော့ ဘာမဆိုသူတို့ပိုင်ဆိုင်တဲ့အရာဆိုတော့ စိုးရိမ်နေရတဲ့အခြေအနေလည်းဖြစ်နေတယ်။” လို့ ပန်ဆိုင်းမြို့ ဖိုင်ကောင်းကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ ဖိုင်ကောင်းကျေးရွာ စာသင်ကျောင်းမှာ ကိုးကန့်တပ်ဖွဲ့တပ်စွဲလိုက်တာကြောင့် ပြသနာအကြိမ်အကြိမ်ဖြစ်ပွားခဲ့ပြီဖြစ်တဲ့အပြင် မေလ ၂၇ ရက်နေ့မှာလည်း ထပ်မံပြီး ကျောင်းရှေ့မှာလွင့်ထူထားတဲ့ KIO ရဲ့ အမျိုးသားအလံကို ကိုးကန့်တပ်ဖွဲ့က ဖြုတ်သိမ်းပေးလိုက်ရာကနေ အငြင်းအခုံ ဆက်လက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အခုချိန် ကိုးကန့် MNDAA က ဒီစာသင်ကျောင်းမှာ ကျောင်းဆရာ၊ဆရာမ စာရင်း၊ ကျောင်းသားစာရင်းအားလုံး မုံးကိုး ကိုးကန့်ဌာနချူပ်ထံ တင်ပြခိုင်းထားတာတွေအပြင် ဒေသခံရွာသားတွေကိုယ်ထူကိုယ်ထစနစ်နဲ့ဖွင့်လှစ်ထားတဲ့ ကျောင်းကို နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးပိတ်ပင်ဖို့ ကြိုးစားတာတွေလည်း ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။ “ကျမတို့ဒေသမှာ ကျမတို့ပျော်ပျော်ရွှင်ရွှင်ပဲနေချင်တယ်။ အခုလိုမျိုး စိတ်ကျဉ်းကြပ်အောင် လက်နက်ကိုင်အဖွဲ့တွေ အဘက်ဘက်ကဆိုတော့ ဒီလိုအဖွဲ့များတဲ့ကြားမှာ ကျမတို့ရွာသားတွေက ဘယ်သူ့စကားပဲနားထောင်ရမယ်လဲမသိ အရမ်းနေရခက်တယ်။ ဖြစ်နိုင်ရင် ရှင်းရှင်းလင်းလင်းပဲ နေချင်တယ်။ တရားမျှတမှုနဲ့ ကောင်းကောင်းမွန်မွန်ပဲ နေချင်ပါတယ်လို့ပြောချင်တယ်။” ဟု ဖိုင်းကောင်းကျေးရွာဒေသခံက ဆက်ပြောပါတယ်။ ခုလို ကိုးကန့် MNDAA နဲ့TNLA က စာသင်ကျောင်းတွေကို အတားအဆီးပိတ်ပင်မှုတွေလိုက်လံပြုလုပ်နေတဲ့ နေရာတွေကတော့ ကွတ်ခိုင်၊ မူဆယ်နဲ့ မုံးကိုး စတဲ့ဒေသတွင်းက ကချင်လူမျိုးစုအများပိုင်းနေထိုင်တဲ့ ကျေးရွာတွေက စာသင်ကျောင်းတွေကိုပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကိုးကန့် MNDAA နဲ့ တအာင်းတပ်မတော် TNLA တို့ကိုမေးမြန်းနိုင်ဖို့ KNG အနေနဲ့ကြိုးစားနေဆဲဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Apr- 2024 -30 Aprilသတင်း
ကွတ်ခိုင် – မူဆယ် ကားလမ်းမကြီးပေါ်ရှိ ရွာ ၃ ရွာမှာ KIO အစိုးရ အမှိုက်များရှင်းလင်းပေး
ကွတ်ခိုင် – မူဆယ် ကားလမ်းမကြီးပေါ်ရှိ ကျေးရွာ ၃ ရွာမှာ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO က ပထမဦးဆုံးအကြိမ် ပတ်ဝန်းကျင်သန့်ရှင်းရေး အမှိုက်တွေကို ရှင်းလင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။ အမှိုက်ပေါများလာတာနဲ့အမျှ လေထုညစ်ညမ်းမှုလည်း ပိုဆိုးရွားလာတာကြောင့် အိမ်မွေးတိရိစ္ဆန်တွေမှာ ကူးစက်ရောဂါအဖြစ်များလာနေတယ်လို့ ဒေသခံတွေက…
Read More » -
26 Aprilသတင်း
နမ့်ဖတ်ကာမှာ မိုင်း၊ ဗုံးရှင်းလင်းရေးလုပ်ရင်း မတော်တဆပေါက်ကွဲမှုကြောင့် KIA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်လက်နက်ကျန်ဖြစ်တဲ့ မိုင်း၊ ဗုံးရှင်းလင်းနေရင်း မတော်တဆဗုံးပေါက်ကွဲလို့ KIA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၂၄ ရက် မနေ့ ညနေ ၃ နာရီဝန်းကျင် နမ့်ဖတ်ကာကျေးရွာ သာယာကုန်းဘက် စစ်လက်နက်ကျန် မိုင်း၊ ဗုံးတွေကိုရှင်းလင်းပြီး ဗုံးတွေကိုယမ်းမှုန့်ထုတ်လိုက်ဖို့ ပြင်ဆင်နေချိန် ပေါက်ကွဲတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ကချင်တတင်းဌာန KNG ကို ပြောပါတယ်။ “ညနေ ၂း၅၆ မိနစ်မှာဖြစ်သွားတယ်။ အခုဖြစ်တာက ဒီလက်နက်ကျန်ပစ္စည်းဗုံးတွေကို ယမ်းမှုန့်ထုတ်လိုက်ပြီး မြေမြုပ်လိုက်ဖို့ လုပ်ထားတာ မထိဖို့မကိုင်ကြဖို့လည်း ပြောထားပြီသားဖြစ်တယ်။မထင်မှတ်ပဲ ရိုက်မိထုမိလိုက်တာ ဗုံးကပေါက်ကွဲတာတော့ အဲ့မှာ တစ်ယောက်က ပွဲချင်းပြီး သေသွားတယ်။ ကျန် ၂ ယောက်က တော်တော်ဆိုးတယ် ဆေးရုံမှာတင်ထားတယ်”လို့ နမ့်ဖတ်ကာရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကနေ ဒေသခံပြည်သူတွေ ဗုံး၊ မိုင်းအန္တရယ်မကျရောက်အောင်မိုင်းရှင်းလင်းပေးနေတာလည်းဖြစ်ပါတယ်။ ဗုံးပေါက်ကွဲချိန် KIA တပ်ဖွဲ့ဝင် ၁ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ကျန် ၂ ဦးကတော့ ထိခိုက်မှုဒဏ်ရာပြင်းထန်ပြီး လက်ရှိ နမ့်ဖတ်ကာဆေးရုံတင်ထားရတယ်လို့ ဆက်လက်သိရပါတယ်။ ဗုံးအမျိုးအစားကတော့ ဘာအမျိုးအစားဆိုတာမသိရှိရဘူးလို့ သူကပြောပါတယ်။ “ယူထားပြီးသား၊ ထားထားပြီးသား ဗုံးကို ကိုင်မိထုမိသွားတာပေါ့။ ဘာဗုံးအမျိုးအစားလဲဆိုတော့ ကောင်းကောင်းတော့မသိဘူး။ ပြီးခဲ့တဲ့ ရက်ကလည်း ရွာသားတရုတ်အမျိုးသားတစ်ဦးက သူ့ဘာသာသူ မိုင်းကျန်ယူဆော့ရင်း ပေါက်ကွဲလို့ သေဆုံးမှုဖြစ်သွားသေးတယ်”ဟု သူကဆက်ပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာမှာ စစ်ကောင်စီတပ်ချခဲ့တဲ့ ခလရ ၁၂၃ စခန်း အနီးပတ်ဝန်းကျင် စစ်လက်နက်ကျန်ပစ္စည်းတွေ၊ မိုင်း၊ဗုံးတွေကြောင့် အိမ်မွေးတိရစ္ဆာန်တွေ ပုံမှန်နင်းမိ ပေါက်ကွဲတာတွေရှိတယ်လို့ ဒေသခံတွေ ပြောပါတယ်။ နမ့်ဖတ်ကာတိုက်ပွဲအပြီး KIA တပ်ဖွဲ့ဝင်တွေဘက်က မိုင်းရှင်းလင်းရေးလုပ်ငန်းတွေလုပ်နေဆဲလည်း ဖြစ်ပါတယ်။ ကွတ်ခိုင်မြို့နယ်မှာ စစ်လက်နက်ပစ္စည်းများကြောင့် ဒေသခံများ မိုင်နင်းမိပြီး ထိခိုက်သေဆုံးတာတွေ ပုံမှန်ဖြစ်နေတာဖြစ်ပါတယ်။…
Read More » -
19 Aprilသတင်း
ကွတ်ခိုင်မြို့မှာ KIA အနေနဲ့ ရုံးဖွင့်အခြေချလိုပါက ခွင့်တောင်းရမယ်လို့ဆို
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်နေရာယူထားတဲ့ ကွတ်ခိုင်မြို့မှာ KIA အနေနဲ့ ရုံးဖွင့်အခြေချလိုပါက ခွင့်တောင်းရမယ်ဆိုတဲ့ ပြောဆိုချက်အပေါ် ကချင်ဒေသခံတွေက မေးခွန်းထုတ်နေကြပါတယ်။ ပြီးခဲ့တဲ့ ဧပြီ လ ၁၀ ရက် နဲ့ ၁၂ ရက်နေ့မှာ ကွတ်ခိုင်ရှိ…
Read More » -
13 Aprilသတင်း
ပလုံကောက်တဲ့အမျိုးသားတစ်ဦးမြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဖြတ်လိုက်ရ
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်ကနေ ပလုံကောက်ပြီးအသက်မွေးဝမ်းကျောင်းပြုတဲ့ ဇနီးမောင်နှံ ၂ ဦးအနက် အမျိုးသားဖြစ်သူမြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်လည်းတစ်ဖက်ဖြတ်လိုက် ရတယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။ ဖြစ်စဥ်မှာ ဧပြီလ ၁၂ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိကွတ်ခိုင်မြို့နယ် ဇီဝကဆေးရုံမှာဆေးကုသမှုခံယူနေတယ်လို့ အမျိုးသမီးဖြစ်သူကပြောပါတယ်။…
Read More » -
3 Aprilသတင်း
ကိုးကန့်တပ် စစ်ဆေးရင်းလက်လွန်ပြီးသေဆုံးသွားသူအတွက် နစ်နာကြေးမပေးနိုင်ဘူးလို့ ကိုးကန့်တပ်က အကြောင်းပြန်
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့်တပ် MNDAA က စစ်ဆေးရင်းလက်လွန်ပြီး သေဆုံးသွားတဲ့ စိတ်မနှံ့သူအမျိုးသားအတွက် နစ်နာကြေးမပေးနိုင်ဘူးလို့ကိုးကန့်တပ်ဘက်က အကြောင်းပြန်တယ် လို့ ဒေသခံတွေကပြောပါတယ်။ ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ သတ်ဖြတ်ခံရသူဟာ သူနေထိုင်ရာ ကွတ်ခိုင်မြို့နယ်…
Read More » -
Mar- 2024 -25 Marchသတင်း
ကွတ်ခိုင်မှာ မြေမြှုပ်မိုင်းနဲ့တိုက်ပွဲကျန်လက်နက်ကြီးတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေမြင့်တက်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲကျန်လက်နက်ကြီးတွေနဲ့ မြေမြုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေဆက်တိုက်မြင့်တက်နေတယ်လို့ ဒေသခံတွေနဲ့ ပရဟိတအဖွဲ့တွေ ဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကနေ ဒီကနေ့အထိကို မိုင်းနင်းမိတဲ့အရေအတွက်ဟာ ပိုပြီးမြှင့်တက်လာ နေပြီးတော့ နှစ်ပတ်အတွင်းသေဆုံးသူက ၂ ယောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူက…
Read More » -
25 Marchသတင်း
ကွတ်ခိုင်မှာရေရှားပါးမှုကြုံနေရ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ လျှပ်စစ်မီးမရရှိသေးတဲ့အပြင် စက်သုံးဆီဈေးနှုန်းမြှင့်တက်တာတွေကြောင့် ဒေသခံတွေ ရေရှားပါးတဲ့ပြဿနာနဲ့ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ကွတ်ခိုင်မြို့နယ်မှာ ရေကို အဝီဇိတွင်းတွေကနေသာအဓိကရယူကြတာဖြစ်ပြီး ရေရဖို့အတွက် လျှပ်စစ်မီးကိုအဓိကအသုံးပြုရတာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအစမှာပဲ လျှပ်စစ်မီးတွေ လုံးဝမရပဲပြတ်တောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “လျှပ်စစ်မီးမရတာပေါ့နော် စက်သုံးဆီကိုအဓိကထားပြီးတော့…
Read More » -
Feb- 2024 -13 Februaryသတင်း
အိုးမဲ့ အိမ်မဲ့ နမ့်ဖတ်ကာစစ်ရှောင်တွေအတွက် ကူညီထောက်ပံ့မှုလိုအပ်နေ
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ တိုက်ပွဲကြောင့် နေစရာအိမ်မရှိတော့ဘဲ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေအတွက်ကူညီထောက်ပံ့မှု အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေဆီနေ သိရပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး နမ့်ဖတ်ကာစစ်ရှောင်တွေဟာနေရပ်ပြန်လာကြပြီဖြစ်ပေမယ့် နေအိမ်မရှိတော့တဲ့သူတွေကတော့ နီးစပ်ရာကျေးရွာတွေရှိ အသိအိမ်တွေမှာ ဆက်လက်ခိုလှုံနေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ “ပြန်လာကြတဲ့ စစ်ဘေးရှောင်ထဲမှာ အိမ်ကနေလို့မရတော့တာတွေ အများကြီးရှိတယ်အိမ်မရှိတော့တဲ့သူတွေက ဟိုဖျက်ရွာဘက်တို့ အနီးအနားရွာတွေမှာ ကိုယ့်အသိမိတ်ဆွေအိမ်တွေမှာနေနေကြသေးတယ်။ အိမ်ဝင်နေလို့ရတဲ့သူတွေကတော့ ပြန်လာနေကြပြီ။ အိမ်တွေက အတော်များများပျက်စီးသွားတယ်။ အိမ်တစ်ခုလုံး မီးလောင်သွားတာတွေ၊ လေယာဉ်ဗုံးကြောင့်နဲ့ လက်နက်ကြီးကြောင့်မီးလောင်တာနဲ့ ပျက်စီးတာနဲ့ဆိုတော့။ လုံး၀ရစရာမရှိတော့တဲ့အိမ်တွေ ရှိတာပေါ့”ဟု နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ တိုက်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒေသခံအများပိုင်း နီးစပ်ရာ ဟိုဖျက်၊ နမ့်အွမ်၊ နမ့်ကွတ်၊ ဟိုနောင်စတဲ့ကျေးရွာတွေရှိ အသိမိတ်ဆွေအိမ်တွေမှာ ဆက်လက်ခိုလှုံနေကြရတယ်လို့ သိရပါတယ်။ တစ်လနီးပါးကြာမြင့်ခဲ့တဲ့ နမ့်ဖတ်ကာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုနဲ့လက်နက်ကြီးတွေကြောင့် မီးလောင်ပြာကျသွားတဲ့အိမ်အပါအဝင် ပျက်စီးသွားတဲ့အိမ်ပေါင်း ၁၀၀ထက်မနည်းရှိတယ်လို့ သိရပါတယ်။ လက်ရှိ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ နမ့်ဖတ်ကာပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေသလို အစားအသောက်နဲ့နေရာထိုင်ခင်းလည်း ကူညီထောက်ပံ့မှုများစွာ လိုအပ်နေတယ်လို့ ဆိုပါတယ်။ “အခု အရေးပေါ်က အစားအစာ၊ နေစရာအိမ်ဖြစ်တယ်။ တချို့တစ်အိမ်လုံးမီးလောင်သွားတဲ့သူတွေအတွက်က အဝတ်အစားရော အရေးပေါ် လိုအပ်တယ်။ခေါင်မိုးပေါက်သွားတဲ့အိမ်တွေအတွက် အခု နွေရာသီလည်း ရောက်တော့မယ်ဆိုတော့ တချို့အတွက်ကဖာစရာတွေ၊ ပြင်စရာတွေ၊ တချို့က တစ်အိမ်လုံးမရှိတော့ဘူးဆိုတော့ အစစရာရာ အားလုံးလိုအပ်တယ်။ ဗုံးစထိမှန်ပြီး ခြေထောက်ပြတ်သွားတဲ့သူတွေ၊ ဒဏ်ရာနဲ့သူတွေလည်းရှိတယ်။ အရေးပေါ်က စားဖို့သောက်ဖို့နဲ့ နေထိုင်စရာအိမ်ဖြစ်တာပေါ့”ဟုသူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး နမ့်ဖတ်ကာကို သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ် ခလရ ၁၂၃ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ တစ်လဝန်းကျင်အကြာ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အပြီးသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကြောင့် အရပ်သားပြည်သူ ၃၀ ဝန်းကျင်ထိခိုက်သေဆုံးခဲ့ရပြီး လက်ရှိ ထိခိုက်ဒဏ်ရာရရှိထားတဲ့သူတွေအတွက်လည်း ကူညီမှုတွေ လိုအပ်နေတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Dec- 2023 -20 Decemberသတင်း
ဆယ်စုနှစ်ကျော်ကြာတပ်ချနေထိုင်နေတဲ့ နမ့်ခိုင်စစ်တပ်စခန်းကြီးကို KIA တိုက်ခိုက်သိမ်းပိုက်
ရှမ်းမြောက် ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား အဓိကအရေးပါတဲ့ နမ့်ခိုင်တံတားစစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းသတင်ရင်းမြစ်တွေထံကနေ သိရပါတယ်။ အဲ့ဒီနမ့်ခိုင်စစ်တပ်စခန်းကို KIA တပ်မဟာ ၆ တပ်ရင်း ၉ တပ်ဖွဲ့များက ဒီဇင်ဘာ ၂၀…
Read More »









