စစ်တပ်

  • Aug- 2023 -
    8 August
    သတင်း

    သင်္ဘောဆန်တက်ချိန် လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ရွာသား ၃၀ ကျော်ကို စစ်တပ်ကဖမ်းသွား

    ရွှေကူမြို့နယ် အထက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်မှာရှိတဲ့ ရွာတွေက  အရပ်သားပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ် လိုက်လံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ မနက်ပိုင်း ၈နာရီလောက်မှာ ရွှေကူမြို့အထက်ပိုင်းမှာရှိတဲ့ ရွှေကူ လေးကျေးရွာ၊ ရွှေဘုံသာကျေးရွာနှင့် ငပေါက်ဝကျေးရွာဘက်ကို သံခွန်မော်တော် ၂ စီးနဲ့အင်အား ၃၀ ရောက်လာပြီး ဒေသခံပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ငပေါက်ဝကျေးရွာအနီးနေထိုင်တဲ့…

    Read More »
  • 4 August
    သတင်း

    မလိယန်ရွာနီး စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲ

    မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ မလိယန်ရွာနီးမှာ စစ်တပ်က ဒီနေ့ နေ့လည် ၁၁ နာရီဝန်းကျင်မှာ ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံး ၄ကြိမ်လာရောက် ပစ်ခတ်သွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ အဲဒီ စစ်တပ်ရဲ့ဂျက်လေယာဉ် ၂စီးဟာ နေ့လည် ၁၁ နာရီဝန်းကျင်မှာ မန်းလေးတံတားဦးလေဆိပ်ကနေ တက်လာခဲ့ပြီး နေ့လည် ၁၁ နာရီခွဲလောက်မှာ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။…

    Read More »
  • 1 August
    သတင်း

    စစ်တပ်က သတ်ဖြတ်မီးရှို့လိုက်တဲ့ ကချင်လူငယ် ၂ ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

    ရှမ်းမြောက် မူဆယ်နဲ့ ကွတ်ခိုင်ကြား တီးမား(Dima) ကျေးရွာက ကချင်လူငယ် ၂ ဦး ကို စစ်တပ်ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှုံ့အလောင်းဖျောက်ထားခဲ့ပေမယ့် ဒေသခံတွေ မနေ့က တွေ့ရှိခဲ့ပြီဖြစ်တယ်လို့ တီးမားဒေသခံတွေကပြောပါတယ်။ တီးမား(Dima) ကျေးရွာ KBC ကချင်အသင်းတော်တွင်း တက်ကြွပါဝင်လှုပ်ရှားနေတဲ့ အဲ့ဒီလူငယ် ၂ ဦးကို စစ်တပ် ဇူလိုင်လ ၂၅ ရက်နေ့ မတရားဖမ်းဆီးသွားပြီးနောက်တစ်ပတ်အကြာမှာ ဇူလိုင် ၃၁ ရက်နေ့မှာ သတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်ထားတဲ့ နေရာကို ရှာတွေ့ခဲ့တာဖြစ်တယ်လို့ တီးမားဒေသခံတစ်ဦးက ခုလိုပြောပါတယ်။…

    Read More »
  • Jul- 2023 -
    31 July
    သတင်း

    လုပ်ငန်းရှင်တွေ ပစ်မှတ်ထားဖိနှိပ်လာတဲ့ဖားကန့်

    “ဖမ်းသွားတဲ့ စက်တွေက သိန်း ၁၇၀၀၀ နဲ့ပြန်ရွေးလိုက်ရတယ် အခုတော့ဘာမလုပ်တော့ဘူးဗျ နားလိုက်ပြီ” ဒါကတော့ ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းကို ၆ နှစ်ကျော်လုပ်လာပြီးမှ စစ်ကောင်စီရဲ့ဖမ်းဆီးမှုတွေကြောင့် လုပ်ငန်းရပ်နား သွားတဲ့ လုပ်ငန်းရှင်တစ်ဦးပြောပြသွားတာပါ။ သူရဲ့အမည်နာမကိုတော့လုံခြုံရေးကြောင့်ဖော်ပြခွင့်မပေးထားပေမယ့် အမည်လွှဲကိုဌေးလို့သုံးခွင့် ပေးထား ပါတယ်။ကိုဌေးက ဖားကန့်ဒေသမှာ ကျောက်စိမ်းလုပ်ငန်းလုပ်လာတာ ၆နှစ်ကျော်ရှိလာပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့ မေလ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္မဏီဝင်စီးခံရပြီးနောက် စက်ယန္တရားအသိမ်းခံလိုက်ရတာကြောင့်  လုပ်ငန်းနားထားတာ ၂လကျော်ပြီလို့သူကပြောပါတယ်။ ကမ္ဘာကျော်ကျောက်စိမ်းတွေထွက်တဲ့ ဖားကန့်ဒေသဟာ စစ်တပ်အာဏာမသိမ်းမှီတုန်းကတော့ အခြေခံလူတန်း စားတွေ၊ သူဌေးလောင်း၊ လောပန်းလောင်ဖြစ်ချင်တဲ့ လူငယ်…

    Read More »
  • 24 July
    သတင်းPhoto- ဟုမ္မလင်းမြို့ဆိုင်းဘုတ်

    ဟုမ္မလင်းမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကျေးရွာ ၂ရွာ ထွက်ပြေးတိမ်းရှောင်နေရ

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် ကျေးရွာ ၂ရွာကပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။  ဟုမ္မလင်းမြို့နယ် လွှစင်ကျေးရွာမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်စခန်းကို ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်က သွားရောက်တိုက်ခိုက်ရာက‌နေ နှစ်ဖက်ထိ‌တွေ့ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဟုမ္မလင်းမြို့နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ ”တိုက်ပွဲက မနက်…

    Read More »
  • 21 July
    သတင်းphoto - ရှေ့တန်းတစ်နေရာက ဗန်းမောက်ကာကွယ်ရေးတပ်

    အောင်းကုန်းကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိဟုဆို

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကျောင်းသားတပ်၊အင်းတော်PDF တို့ကြား မနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့  ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ အောင်းကုန်းကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇နှင့် တပ်မ ၈၈ပူးပေါင်း အင်အား ၇၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ရွာသာရွာဘက်ကနေ အင်းတော်မြို့တွင်းဘက်ကိုတပ်ဆုတ်ခွာလာချိန် ကျောင်းသားတပ်နဲ့အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့က အောင်းကုန်းကျေးရွာ ကြိုးကြာလွင်ပြင်ကွင်းအနီးမှာ ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ  ၂ နာရီကျော်ကြာခဲ့တယ်လို့ သိရပါတယ်။ “သေဆုံးထိခိုက်ကတော့အတိအကျတော့မသိရဘူးပေါ့နော်တာပေမယ့် စစ်သား…

    Read More »
  • 20 July
    သတင်းဓာတ်ပုံ-ဇူလိုင်၂၀ ဒီကနေ့ မနက်ပိုင်းထွက်ပြေးရေတဲ့ ခင်ဦးက စစ်ဘေးရှောင်များ(ခင်ဦး သတင်းမှန်ပြန်ကြားရေး)

    ခင်ဦးမှာ လက်နက်ကြီးကြောင့် ၅ ရက်အတွင်း ကလေးငယ် ၁ ဦးအပါအဝင် ၄ဦးသေဆုံး

    စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးပစ်ခတ်မူကြောင့် ၅ ရက်အတွင်းမှာ ကလေးငယ် ၁ဦးအပါအဝင် ၄ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီကနေ့မနက်ပိုင်း ၈နာရီဝန်းကျင်မှာ ရေဦးမြို့တိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ခင်ဦးနယ် မူးသာရွာက ဒေသခံအမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံးခဲ့ရတဲ့ အတွက် ၅ရက်အတွင်း သေဆုံးသူ၄ဦးအထိရှိလာတာဖြစ်ပါတယ်။ “သူတို့ကရေဦးနဲ့အစပ် ခင်ဦးဘက်ကရွာတွေကို လက်နက်ကြီးနဲ့ရမ်း သမ်းပစ်ခတ်နေတာ…

    Read More »
  • 18 July
    သတင်းphoto- ရှေ့တန်းတစ်နေရာက KIA တပ်ဖွဲ့ဝင်များ

    KIO ဌာနချူပ်ကို ထိုးစစ်ဆင်နိုင်ဖို့ စစ်တပ်က အစွမ်းကုန်ကြိုးပမ်းနေ

    KIO ဌာနချူပ်ဘက်ကို ထိုးစစ်ဆင်နိုင်ဖို့ စစ်ကောင်စီတပ်က ရှမ်းမြောက်လမ်းကြောင်းဘက်ကနေလည်း စစ်အင်အားတွေ ပို့ဆောင်နိုင်အောင် ကြိုးပမ်းနေတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာပြီး တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတယ်လို့ ရှမ်းမြောက်ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ကချင်ပြည်ဘက်ကို စစ်ကြောင်းထိုးနိုင်အောင် လားရှိုး-မူဆယ် ပြည်ထောင်စု အဝေးပြေးကားလမ်းမကြီးနဲ့ တောလမ်းတွေအသုံးပြုပြီး နမ့်ခမ်းမြို့နယ်ဘက်ကို အဓိကထားစစ်ရေး လှုပ်ရှားနေတာဖြစ်တယ်လို့ ကွတ်ခိုင်ဒေသတွင် လှုပ်ရှားနေတဲ့ KIO…

    Read More »
  • 18 July
    သတင်းဓာတ်ပုံ-ဇူလိုင်၁၈ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ မီးရှို့ခံနေရတဲ့ သာတကန်ရွာ

    လေကြောင်းတိုက်ခိုက်ခဲ့ရပြီးနောက် ရွှေဘိုမြိုနယ်က ဒေသခံထောင်ချီစစ်ရှောင်နေရ

    စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တကန်သာရွာကို စစ်တပ်က လေကြောင်းကနေပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၇လုံးမီးလောင်ပျက်ဆီးခဲ့ရပြီး ဒေသခံထောင်ချီလည်း ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မနေ့က ဇူလိုင်၁၈ရက်နေ့ ညနေ ၆နာရီလောက်မှာ မုံရွာအနောက် မြောက်တိုင်း စစ်ဌာနချုပ်ကနေတက်လာတဲ့ Mi 35 ရဟတ်ယာဥ်နဲ့ ၁နာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။ “တကန်သာရွာကိုလည်း လေကြောင်းကနေတိုက်ခိုက်ခဲ့တာ အိမ် ၇လုံးလောက် မီးထဲပါသွားတယ် ဒေသခံ တစ်ဦးတော့ ခေါင်းနည်းနည်းထိတယ် စိုးရိမ်စရာတော့မရှိပါဘူး လက်ရှိတော့ ဒီအခြေနေတွေကြောင့်…

    Read More »
  • 18 July
    သတင်းPhoto - စစ်တပ်ကမီးရှို့ဖျက်စီးသွားတဲ့ ရွှေကူအရှေ့ဘက်ခြမ်းကကျေးရွာများ (Crd- Shwegu PDF)

    ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့ ရွှေကူမြို့အရှေ့ဘက်ခြမ်းဒေသ

    ရွှေကူမြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ကျေးရွာတွေဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်က ကုန်းကြောင်း ၊ရေကြောင်း၊ လေကြောင်းနဲ့ ထိုးစစ်ဆင်ပစ်ခတ်ခံရမှု အများဆုံးကြုံတွေ့နေရတဲ့ ဒေသဖြစ်ပါတယ်။ အဆိုးရွားဆုံးဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ ဌက်တံတားရွာနားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က  ဒုတပ်ရင်းမှုးအပါအဝင် ထိခိုက်သေဆုံးသူများပြီး အထိနာသွားခဲ့တဲ့နောက်ပိုင်း…

    Read More »
Back to top button