နမ့်ဖတ်ကာ
-
Dec- 2024 -3 Decemberသတင်း
မန်ပိန်းရွာ စာသင်ကျောင်းမှာတပ်မစွဲဖို့ပြောတဲ့ ကျောင်းသားမိဘတွေကို TNLA က သေနတ်နဲ့ခြိမ်းခြောက်ပြီး အတင်းအဓ္ဓမတပ်စွဲနေ
ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာ စာသင်ကျောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား တအာင်း TNLA က တပ်ချနေရာယူလိုက်တာကြောင့် ကျောင်းသားမိဘတွေ အပြင်းအထန်ကန့်ကွက်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ မူဆယ်မြို့နဲ့ နမ့်ဖတ်ကာကြား ခိုမုန်းကျေးရွာအနီးက မန်ပိန်းကျေးရွာ စာသင်ကျောင်းကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က နိုဝင်ဘာလ ၂၅ ရက်နေ့ အတင်းအဓ္ဓမတပ်စွဲလိုက်တာကြောင့် နိုဝင်ဘာလ ၂၉ ရက်နေ့ကစပြီး ဒီနေ့ထိ ဒေသခံတွေနဲ့ TNLA လက်နက်ကိုင်တပ်ဖွဲ့ကြား ပြဿနာဖြစ်နေပြီး TNLA က ဒေသခံတွေကို သေနတ်နဲ့ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။ “ကလေးတွေ ကျောင်းတက်နေတဲ့ဘေးမှာ အရင်ကျောင်းဆောင်ဟောင်းကို TNLA ကရှင်းလင်းပြီး နေရာလုယူလိုက်တာ။ ရွာက စာသင်ကျောင်းဝင်း မြေနေရာမှာ အဲလိုတပ်ချလိုက်တော့…
Read More » -
Oct- 2024 -29 Octoberသတင်း
နမ့်ဖတ်ကာမြို့မှာ TNLAနဲ့ MNDAA တပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ အရပ်သားတွေကိုဖမ်းဆီးပြီး ငွေနဲ့ရွေးခိုင်းနေ
ရှမ်းပြည်နယ်မြောက်ပိုင်း KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ဖတ်ကာမြို့မှာ TNLAနဲ့ MNDAA တပ်ဖွဲ့တွေက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ မြို့ထဲအရပ်သားတွေကိုဖမ်းဆီးပြီး ငွေကြေးနဲ့ရွေးခိုင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေက ပြောပါတယ်။ နမ့်ဖတ်ကာမြို့အတွင်း တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ သက်ဆိုင်ရာအုပ်ချူပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်မှုမရှိပဲ ပြည်သူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ငွေကြေးသိန်းဆယ်ချီနဲ့ရွေးခိုင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။ “ဥပမာ အိမ်တစ်အိမ်မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတစ်ယောက်ရှိတယ်ဆိုရင် အဲဒီတစ်ယောက်ကို လာရှာတယ်။အဲဒီမူးယစ်ဆေးဝါးသုံးတဲ့သူမရှိဘူးဆိုရင် အဲဒီအိမ်က အိမ်သူအိမ်သားတစ်ယောက်ယောက်ကို ဖမ်းသွားတယ်။ ပြီးရင် အဲဒီအဖမ်းခံရတဲ့အိမ်သားကို ငွေကြေးနဲ့ ပြန်လာရွေးခိုင်းတယ်။ တချို့ကတော့ အိမ်မှာတင် မူးယစ်ဆေးဝါးသုံးတဲ့သူကိုတွေ့ပြီး ဖမ်းသွားနိုင်တာရှိတယ်။ ဒါပေမဲ့ သူ့ကိုလည်း ငွေကြေးနဲ့ပဲ လာလဲလှယ်ခေါ်ခိုင်းတယ်”လို့ နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒေသခံတွေရဲ့ပြောချက်အရ TNLA နဲ့ MNDAA တပ်ဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို မူးယစ်ဆေးဝါးဖြတ်ပေးမယ်လို့ဆိုကာ နေအိမ်အထိလိုက်လံဖမ်းဆီးနေပြီး မူးယစ်ဆေးသမားနေအိမ်မှာရှိမနေပါက မိသားစုဝင်တစ်ဦးကို ဖမ်းဆီးသွားတာမျိုးလုပ်နေပြီး ငွေကြေးနဲ့ပြန်ရွေးခိုင်းနေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေ ပြောပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့-KIO အောက် နမ့်ဖတ်ကာအုပ်ချုပ်ရေးအဖွဲ့က TNLA နဲ့ MNDAA တပ်ဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တိုင်ပင်ခြင်းမရှိဘဲ အခုလိုလုပ်ရပ်မျိုးမလုပ်ဖို့ တောင်းဆိုစာပို့ထားတာဖြစ်ပါတယ်။ “ဒီတလောကတော့ TNLA ဘက်က အဲလိုလိုက်လုပ်တာမျိုး ပြန်မတွေ့ရတော့ဘူး။ ရှေ့တောက်လျှောက်က ဆက်တိုက်ကိုဖြစ်နေတာ ဟုတ်တယ်။ နမ့်ဖတ်ကာသိမ်းပြီးတာနဲ့ တောက်လျှောက်ကာလမှာ အဲဒီလိုဖြစ်ရပ်မျိုးတွေ ဆက်တိုက်ရှိတာ ဟုတ်တယ်။ ဒီမှာလည်း KIO က အုပ်ချုပ်ရေးယန္တရားတွေ စတင်တုန်း။ ဌာနဆိုင်ရာအသစ်တွေထပ်တိုးပြီး စတင်လည်ပတ်နေတုန်းဆိုတော့ အားလုံးကို အတည်တကျ ကောင်းမွန်စွာ မထိန်းချုပ်နိုင်တဲ့ကာလဆိုတော့ လက်နက်ကိုင်တွေအချင်းချင်းက အင်အားပြိုင်ဆိုင်တာမျိုးလား၊အချင်းချင်းကထိကအောက်တွေဖြစ်အောင် ပြုလုပ်ကြတာတွေရှိတာပေါ့။ ဒါပေမဲ့ ဒီနောက်ပိုင်းကာလမှာတော့ အချင်းချင်းကြား ကထိကအောက်ဖြစ်အောင် လုပ်ကြတာမျိုးတွေတော့ မတွေ့ရတော့ဘူး။ အဆင်ပြေနေပါတယ်” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။ နမ့်ဖတ်ကာကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး မြို့အဆင့်မြင့်တင်ကာ ဌာနဆိုင်ရာအသီးသီးဖွင့်လှစ်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO/KIA)ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ တအာင်းတပ် TNLA ၊ ကိုးကန့်တပ် MNDAA-စတဲ့ ညီနောင်တော်လှန်ရေးတပ်ဖွဲ့တွေလည်း အတူတကွ နေထိုင်ပြီးရုံးစိုက်တာတွေရှိပါတယ်။ အဲဒီထဲမှာမှ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA က ကျေးရွာအတွင်း အရပ်သားတွေကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ လူလိုက်လံဖမ်းဆီးတာတွေ၊ အရပ်သားနေအိမ်တွေနဲ့ စျေးဆိုင်တွေမှာ စိတ်ကြိုက်ဝင်ရောက်ရှာဖွေပြီး ပြည်သူပိုင်ပစ္စည်းကို သိမ်းဆည်းတာ စတဲ့လုပ်ရပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် TNLA ဘက်က ငွေကြေးကိုအဓိကထားပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့သူတွေကို လိုက်လံဖမ်းဆီးကာ တစ်ယောက်ကို သိန်း ၅၀ ကနေ ၁၀၀ အထိ ပြန်ရွေးခိုင်းတာတွေရှိနေတယ်လို့ ဆိုပါတယ်။ နမ့်ဖတ်ကာမြို့မှာ KIO အုပ်ချုပ်ရေးယန္တရားအောက် ဌာနအသီးသီးမှာ ဒေသခံတိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ကျေးရွာလူထုတွေကိုယ်တိုင် ဖော်ဆောင်နေတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ လည်ပတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းတစ်ခွင်က ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ သိမ်းပိုက်ရရှိထားတဲ့ ဒေသတွေမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)ဘက်က ဝင်ရောက်နေထိုင် သွားလာလှုပ်ရှားတာတွေကို တားမြစ်တာတွေရှိနေပြီး နယ်မြေနဲ့ပတ်သက်ပြီး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းကြား ပြဿနာတွေဆက်တိုက်ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ By- ဂျာဘောက်ရာ
Read More » -
Sep- 2024 -16 Septemberသတင်း
နမ့်ဖတ်ကာ ကားသမားတစ်ဦး မုံးကိုးမြို့အနီးမှာ လုယက်သတ်ဖြတ် ခံရ
ရှမ်းမြောက် မုံးကိုးမြို့အနီးမှာ နမ့်ဖတ်ကာဒေသခံ ကားသမားတစ်ဦး ခရီးသည်တွေရဲ့သတ်ဖြတ်မှုကြောင့် အသက်သေဆုံးခဲ့ရတယ်လို့ နမ့်ဖတ်ကာဒေသခံ တွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ နမ့်ဖတ်ကာကနေ နမ့်ခမ်းဘက်သွားဖို့ ခရီးသည် ၃ ဦးကိုတင်ပြီး ကားအငှားလိုက်တဲ့ ကားသမားဟာ မုံးကိုးမရောက်ခင်…
Read More » -
May- 2024 -13 Mayသတင်း
နမ့်ဖတ်ကာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅ ဦး ဒဏ်ရာရရှိ
ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေပြောပါတယ်။ မေလ ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင် အသက် ၁၅ နှစ်အောက် ယောက်ျားကလေး ၅ ဦးဟာ KIA သိမ်းပိုက်ခဲ့တဲ့ နမ့်ဖတ်ကာကျေးရွာ စစ်ကောင်စီတပ်ရဲ့ ခလရ ၁၂၃ စခန်းထဲဝင်ပြီး မပေါက်ကွဲသေးတဲ့ လက်ထောက်ဗုံးကျည်ဆော့ကစားပြီး ပစ်ပေါက်ရာကနေ ဗုံးပေါက်ကွဲသွားတာကြောင့် ဒဏ်ရာရရှိထားတာဖြစ်တယ်လို့ သိရပါတယ်။ “ညနေ ၄ ခွဲလောက်မှာ ပေါက်ကွဲသံကြားတာပေါ့။ အဲဒါ ကလေးတွေက စစ်တပ်စခန်းထဲ ခိုးဝင်ပြီး အဲမှာ လက်နက်ကျန်တွေ၊ လက်နက်ခွံတွေ ကောက်ကစားကြတာ။ အဲမှာ တစ်ယောက်က လက်ထောက်ဗုံးကိုင်ဆော့ရာကနေ ပစ်ပေါက်မိလိုက်တာ ပေါက်ကွဲပြီး ၅ ယောက်လုံး ဒဏ်ရာရရှိခဲ့တာ အခု ၃ ယောက်ကိုတော့ ကွတ်ခိုင်ဆေးရုံကို ပို့ထားတယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။ ဗုံးပေါက်ကွဲလို့ ဒဏ်ရာရရှိတဲ့ ကလေး ၅ ဦးဟာ နမ့်ဖတ်ကာ ဟိုပုံရပ်ကွက်က မောင်ကျောက်မင်ခွင်း (အသက် ၉ နှစ်) ၊ ကျောက်ကျင်ဖွ(အသက် ၁၂ နှစ်)၊ ရက်ကွက် ၃ က မောင်ရန်တာအင်း ( အသက် ၁၂ နှစ်) ၊ မောင်ဆန်မျိုးအောင် ( အသက် ၁၅ နှစ်) နဲ့ နမ့်ဖတ်ကာ ရပ်ကွက် ၁ က မောင်ကျိန်ကွမ်းတ ( အသက် ၁၄ နှစ်) တို့ ၅ ဦးဖြစ်တယ်လို့ သိရပြီး ဒဏ်ရာပိုပြင်းထန်တဲ့ ၃ ဦးကို ကွတ်ခိုင်ဆေးရုံမှာပို့ထားတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ခဲ့တဲ့ နမ့်ဖတ်ကာ အခြေစိုက်စစ်ကောင်စီတပ်ရင်း ခလရ ၁၂၃ တပ်စခန်းထဲကို ရွာသားတွေကို ဝင်ရောက်ခြင်းမပြုဖို့ တားမြစ်ထားတာဖြစ်တဲ့ကြားက ကလေး ၅ ဦးဟာ အနောက်ဘက်လမ်းကြောင်းကနေခိုးဝင်ပြီး ဆော့ကစားကြရင်းဖြစ်သွားတယ်လို့ သူကပြောပါတယ်။ “ဒီစစ်တပ်ဟောင်းထဲ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးသေးဘူး။ ရှင်းလင်းရေးတွေ မလုပ်ထားသေးဘူး။ ဒါပေမဲ့ ကလေးတွေက ဘယ်သူမှမတွေ့ဘူးဆိုပြီး အနောက်လမ်းကနေ ခိုးဝင်ကြရင်း ဖြစ်သွားတာဟုတ်တယ်။” ဟု နမ့်ဖတ်ကာဒေသခံကဆက်ပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာမှာ ပြီးခဲ့တဲ့လမှာလည်း ဒေသခံပြည်သူတွေရဲ့အိမ်ခြံဝင်းတစ်ခုမှာ စစ်လက်နက်အကြွင်းအကျန်မိုင်းပေါက်ကွဲပြီး ဒဏ်ရာရသူတွေရှိသလို လယ်တောသွားရင်း မိုင်းနင်းမိတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး လက်ရှိ ၅ ဦးနဲ့ဆိုရင် နမ့်ဖတ်ကာမှာ စစ်လက်နက်ကျန် ပစ္စည်းပေါက်ကွဲမှုကြောင့် ရွာသား ၂ ဦးခန့်သေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီလို့ သိရပါတယ်။ နမ့်ဖတ်ကာကျေးရွာဟာ ကွတ်ခိုင်နဲ့ မူဆယ်ကြားမှာရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်ရှိ KIA လက်အောက်အုပ်ချူပ်ရေးယန္တရားတွေလည်ပတ်နေတာပဲ ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
3 Mayသတင်း
ကိုးကန့်တပ်ဖွဲ့ ကချင်အမျိုးသမီးတစ်ဦးကိုဖမ်းဆီးထား
ရှမ်းမြောက် နမ့်ဖတ်ကာအနီး ခိုမုန်းကျေးရွာမှာ ကိုးကန့် MNDAA တပ်ဖွဲ့က ကချင်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားတာ ၃ ရက်ကြာလာပေမယ့် ပြန်လွတ်ပေးခြင်းမရှိသေးဘူးလို့ ဒေသခံတွေပြောပါတယ်။ မေလ ၁ ရက်နေ့ မနက်ပိုင်း ၈ နာရီလောက်မှာ ကိုးကန့် MNDAA…
Read More » -
Apr- 2024 -26 Aprilသတင်း
နမ့်ဖတ်ကာမှာ မိုင်း၊ ဗုံးရှင်းလင်းရေးလုပ်ရင်း မတော်တဆပေါက်ကွဲမှုကြောင့် KIA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်လက်နက်ကျန်ဖြစ်တဲ့ မိုင်း၊ ဗုံးရှင်းလင်းနေရင်း မတော်တဆဗုံးပေါက်ကွဲလို့ KIA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၂၄ ရက် မနေ့ ညနေ ၃ နာရီဝန်းကျင် နမ့်ဖတ်ကာကျေးရွာ သာယာကုန်းဘက် စစ်လက်နက်ကျန် မိုင်း၊ ဗုံးတွေကိုရှင်းလင်းပြီး ဗုံးတွေကိုယမ်းမှုန့်ထုတ်လိုက်ဖို့ ပြင်ဆင်နေချိန် ပေါက်ကွဲတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ကချင်တတင်းဌာန KNG ကို ပြောပါတယ်။ “ညနေ ၂း၅၆ မိနစ်မှာဖြစ်သွားတယ်။ အခုဖြစ်တာက ဒီလက်နက်ကျန်ပစ္စည်းဗုံးတွေကို ယမ်းမှုန့်ထုတ်လိုက်ပြီး မြေမြုပ်လိုက်ဖို့ လုပ်ထားတာ မထိဖို့မကိုင်ကြဖို့လည်း ပြောထားပြီသားဖြစ်တယ်။မထင်မှတ်ပဲ ရိုက်မိထုမိလိုက်တာ ဗုံးကပေါက်ကွဲတာတော့ အဲ့မှာ တစ်ယောက်က ပွဲချင်းပြီး သေသွားတယ်။ ကျန် ၂ ယောက်က တော်တော်ဆိုးတယ် ဆေးရုံမှာတင်ထားတယ်”လို့ နမ့်ဖတ်ကာရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကနေ ဒေသခံပြည်သူတွေ ဗုံး၊ မိုင်းအန္တရယ်မကျရောက်အောင်မိုင်းရှင်းလင်းပေးနေတာလည်းဖြစ်ပါတယ်။ ဗုံးပေါက်ကွဲချိန် KIA တပ်ဖွဲ့ဝင် ၁ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ကျန် ၂ ဦးကတော့ ထိခိုက်မှုဒဏ်ရာပြင်းထန်ပြီး လက်ရှိ နမ့်ဖတ်ကာဆေးရုံတင်ထားရတယ်လို့ ဆက်လက်သိရပါတယ်။ ဗုံးအမျိုးအစားကတော့ ဘာအမျိုးအစားဆိုတာမသိရှိရဘူးလို့ သူကပြောပါတယ်။ “ယူထားပြီးသား၊ ထားထားပြီးသား ဗုံးကို ကိုင်မိထုမိသွားတာပေါ့။ ဘာဗုံးအမျိုးအစားလဲဆိုတော့ ကောင်းကောင်းတော့မသိဘူး။ ပြီးခဲ့တဲ့ ရက်ကလည်း ရွာသားတရုတ်အမျိုးသားတစ်ဦးက သူ့ဘာသာသူ မိုင်းကျန်ယူဆော့ရင်း ပေါက်ကွဲလို့ သေဆုံးမှုဖြစ်သွားသေးတယ်”ဟု သူကဆက်ပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာမှာ စစ်ကောင်စီတပ်ချခဲ့တဲ့ ခလရ ၁၂၃ စခန်း အနီးပတ်ဝန်းကျင် စစ်လက်နက်ကျန်ပစ္စည်းတွေ၊ မိုင်း၊ဗုံးတွေကြောင့် အိမ်မွေးတိရစ္ဆာန်တွေ ပုံမှန်နင်းမိ ပေါက်ကွဲတာတွေရှိတယ်လို့ ဒေသခံတွေ ပြောပါတယ်။ နမ့်ဖတ်ကာတိုက်ပွဲအပြီး KIA တပ်ဖွဲ့ဝင်တွေဘက်က မိုင်းရှင်းလင်းရေးလုပ်ငန်းတွေလုပ်နေဆဲလည်း ဖြစ်ပါတယ်။ ကွတ်ခိုင်မြို့နယ်မှာ စစ်လက်နက်ပစ္စည်းများကြောင့် ဒေသခံများ မိုင်နင်းမိပြီး ထိခိုက်သေဆုံးတာတွေ ပုံမှန်ဖြစ်နေတာဖြစ်ပါတယ်။…
Read More » -
15 Aprilသတင်း
နမ့်ဖတ်ကာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ဂိတ်များလွန်းတာကြောင့် ဒေသခံများသွား လာရေးအခက်ကြုံနေ
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာတအာင်းတပ်မတော် TNLA တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေရဲ့ဂိတ် ၁၀ ခုထက်မနည်းရှိတာကြောင့် ဒေသခံပြည်သူတွေသွားလာရေးမှာ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာရဲ့အဝင်အထွက်လမ်းကြောင်းအားလုံး လက်နက်ကိုင်တော်လှန် တပ်ဖွဲ့တွေရဲ့ ဂိတ်တွေရှိသလို ပူးပေါင်းဂိတ်တွေလည်းရှိပြီး ဂိတ်အလွန်များနေတဲ့အတွက် ခရီးသွားပြည်သူတွေအတားအဆီးဖြစ်ပြီး အခက်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ “လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အရမ်းများတယ်။ TNLA ၊ကိုးကန့် MNDAA ၊ KIA အားလုံးရှိတယ်။ လမ်းမှာ ဂိတ်အရမ်းများတယ်။ အဖွဲ့အရမ်းများတော့ ဂိတ်တိုင်းအခွန်ဆောင် ရတယ်။အဲဒီအခွန်တွေဆောင်ရခြင်းအားဖြင့် ကျေးရွာထဲမှာက ကုန်ပစ္စည်းတွေသွင်းဖို့ထုတ်ဖို့ အတော်ခက်ခဲသွားတာပေါ့။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။ တအာင်းတပ်မတော် TNLA ဟာ လက်ရှိ နမ့်ဖတ်ကာတစ်ခုလုံးကိုမြင်နိုင်တဲ့…
Read More » -
Feb- 2024 -13 Februaryသတင်း
အိုးမဲ့ အိမ်မဲ့ နမ့်ဖတ်ကာစစ်ရှောင်တွေအတွက် ကူညီထောက်ပံ့မှုလိုအပ်နေ
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ တိုက်ပွဲကြောင့် နေစရာအိမ်မရှိတော့ဘဲ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေအတွက်ကူညီထောက်ပံ့မှု အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေဆီနေ သိရပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး နမ့်ဖတ်ကာစစ်ရှောင်တွေဟာနေရပ်ပြန်လာကြပြီဖြစ်ပေမယ့် နေအိမ်မရှိတော့တဲ့သူတွေကတော့ နီးစပ်ရာကျေးရွာတွေရှိ အသိအိမ်တွေမှာ ဆက်လက်ခိုလှုံနေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ “ပြန်လာကြတဲ့ စစ်ဘေးရှောင်ထဲမှာ အိမ်ကနေလို့မရတော့တာတွေ အများကြီးရှိတယ်အိမ်မရှိတော့တဲ့သူတွေက ဟိုဖျက်ရွာဘက်တို့ အနီးအနားရွာတွေမှာ ကိုယ့်အသိမိတ်ဆွေအိမ်တွေမှာနေနေကြသေးတယ်။ အိမ်ဝင်နေလို့ရတဲ့သူတွေကတော့ ပြန်လာနေကြပြီ။ အိမ်တွေက အတော်များများပျက်စီးသွားတယ်။ အိမ်တစ်ခုလုံး မီးလောင်သွားတာတွေ၊ လေယာဉ်ဗုံးကြောင့်နဲ့ လက်နက်ကြီးကြောင့်မီးလောင်တာနဲ့ ပျက်စီးတာနဲ့ဆိုတော့။ လုံး၀ရစရာမရှိတော့တဲ့အိမ်တွေ ရှိတာပေါ့”ဟု နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ တိုက်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒေသခံအများပိုင်း နီးစပ်ရာ ဟိုဖျက်၊ နမ့်အွမ်၊ နမ့်ကွတ်၊ ဟိုနောင်စတဲ့ကျေးရွာတွေရှိ အသိမိတ်ဆွေအိမ်တွေမှာ ဆက်လက်ခိုလှုံနေကြရတယ်လို့ သိရပါတယ်။ တစ်လနီးပါးကြာမြင့်ခဲ့တဲ့ နမ့်ဖတ်ကာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုနဲ့လက်နက်ကြီးတွေကြောင့် မီးလောင်ပြာကျသွားတဲ့အိမ်အပါအဝင် ပျက်စီးသွားတဲ့အိမ်ပေါင်း ၁၀၀ထက်မနည်းရှိတယ်လို့ သိရပါတယ်။ လက်ရှိ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ နမ့်ဖတ်ကာပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေသလို အစားအသောက်နဲ့နေရာထိုင်ခင်းလည်း ကူညီထောက်ပံ့မှုများစွာ လိုအပ်နေတယ်လို့ ဆိုပါတယ်။ “အခု အရေးပေါ်က အစားအစာ၊ နေစရာအိမ်ဖြစ်တယ်။ တချို့တစ်အိမ်လုံးမီးလောင်သွားတဲ့သူတွေအတွက်က အဝတ်အစားရော အရေးပေါ် လိုအပ်တယ်။ခေါင်မိုးပေါက်သွားတဲ့အိမ်တွေအတွက် အခု နွေရာသီလည်း ရောက်တော့မယ်ဆိုတော့ တချို့အတွက်ကဖာစရာတွေ၊ ပြင်စရာတွေ၊ တချို့က တစ်အိမ်လုံးမရှိတော့ဘူးဆိုတော့ အစစရာရာ အားလုံးလိုအပ်တယ်။ ဗုံးစထိမှန်ပြီး ခြေထောက်ပြတ်သွားတဲ့သူတွေ၊ ဒဏ်ရာနဲ့သူတွေလည်းရှိတယ်။ အရေးပေါ်က စားဖို့သောက်ဖို့နဲ့ နေထိုင်စရာအိမ်ဖြစ်တာပေါ့”ဟုသူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး နမ့်ဖတ်ကာကို သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ် ခလရ ၁၂၃ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ တစ်လဝန်းကျင်အကြာ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အပြီးသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကြောင့် အရပ်သားပြည်သူ ၃၀ ဝန်းကျင်ထိခိုက်သေဆုံးခဲ့ရပြီး လက်ရှိ ထိခိုက်ဒဏ်ရာရရှိထားတဲ့သူတွေအတွက်လည်း ကူညီမှုတွေ လိုအပ်နေတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Jan- 2024 -29 January
-
29 Januaryသတင်း
နမ့်ဖတ်ကာ ဒေသခံများအနေနဲ့ ခွင့်ပြုချက်ရမှသာ နေရပ်ပြန်လာဖို့ KIA ပြောဆို
ရှမ်းမြောက် နမ်ဖတ်ကာမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်ဖို့လိုအပ်သေးတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ခွင့်ပြုချက်ရမှသာ ဒေသခံစစ်ရှောင်ပြည်သူတွေ နေအိမ်ပြန်လာကြဖို့ KIA ဘက်ကပြောဆိုထားတယ်လို့ဒေသခံတွေပြောပါတယ်။ KIA တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့ နမ့်ဖတ်ကာမှာ စစ်တပ်ဘက်ကတိုက်ပွဲမဖြစ်ခင်ကတည်းက တပ်စခန်းပတ်ပတ်လည်နဲ့နေရာတော်တော်များများမှာ မိုင်းထောင်ထားတာတွေရှိတာကြောင့် KIA ဘက်က ရွာသားတွေကို အဝင်အထွက်ခွင့်မပြုသေးတာဖြစ်တယ်လို့ သိရပါတယ်။ “ဘေးပတ်ဝန်းကျင် မိုင်းထောင်ထားတာတွေ အများကြီးရှိသေးတယ်။ KIA ဘက်က အဲ့ဒါတွေကို ရှင်းလင်းရေးပြုလုပ်ရအုံးမယ်လို့ပြောတယ်။ ပြီးတော့ ရွာသားတွေကိုလည်း လုံး၀အဝင်အထွက်ခွင့်မပြုသေးကြောင်းပြောတယ်။ ဒါကြောင့် ရွာသားတွေလည်း KIA ဘက်က ဝင်လာတော့ ဝင်လာလို့ရပြီဆိုမှ ဝင်လာကြရအောင်လို့ ပြောချင်တယ်။ အိမ်တွေ အများကြီး ပျက်စီးသွားတော့ KIA ဘက်က အဲ့လိုအပျက်အစီးတွေကို ရှင်းလင်းရေးလုပ်ဆောင်အုံးမယ်ပေါ့။ သူတို့ ခွင့်ပြုမှ ဝင်လာကြဖို့ ရွာသားတွေကို အကြောင်းကြားထားခိုင်းတာဖြစ်တယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကမှ နမ့်ဖတ်ကာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၉) ရက်နေ့ကစပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ တစ်လနီပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ (၂၄) ရက်နေ့မနက်မှာတော့ အပြီးစီးသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ နမ်ဖတ်ကာ ခ.လ.ရ (၁၂၃) စစ်တပ်ကို လက်မလွတ်ရေးအတွက် စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ အပြင်းအထန်ခုခံခဲ့ပေမဲ့ တပ်ရင်းမှူးနဲ့ကျန်ရှိတဲ့တပ်သားတစ်ချို့တပ်ဆုတ်ခွာထွက်ပြေးသွားတာကြောင့် အပြီးဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေပြောပါတယ်။ နမ့်ဖတ်ကာစခန်းသိမ်းတိုက်ပွဲဟာ KIA အတွက် အကျိုးမြတ်ကြီးတစ်ခုဖြစ်သလို ရှမ်းမြောက် ကွတ်ခိုင်အထက်ဘက်အချက်အချာကြတဲ့ နေရာတစ်ခုကို KIA ဘက်က ရရှိလိုက်ခြင်းဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ “ဒီရှမ်းမြောက်အထက်ဘက် မြို့အဆင့်ရှိ ရွာကြီးကို KIA ဘက်က ပထမဆုံးသိမ်းပိုက်ခြင်းတယ်။ ဒီနေရာဟာ အားလုံးအတွက် အရမ်းအရေးကြီးတဲ့နေရာတစ်ခုဖြစ်တာကြောင့် KIA အတွက် အကျိုးမြတ်ကြီးတစ်ခုဖြစ်တယ်။ တရုတ်နယ်စပ် မူဆယ် – ၁၀၅ မိုင် – နမ့်ခမ်း အားလုံးက နမ့်ဖတ်ကာမှာ လာဆုံတယ်။ ဆိုတော့ တရုတ်နယ်စပ်က ဖြတ်လာသမျှအားလုံး နမ့်ဖတ်ကာမှာ လာဆုံတာဖြစ်တာကြောင့် အဝင်–အထွက် အားလုံးအတွက် အလွန်အရေးပါတဲ့နေရာကို KIA သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ မြင်ပါတယ်”ဟုနမ့်ဖတ်ကာဒေသခံက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့သလို KIA ဘက်ကလည်း ထိခိုက် သေဆုံးမှုများတယ်လို့ ဒေသခံတွေပြောပါတယ်။ ဒါ့အပြင် နမ်ဖတ်ကာတိုက်ပွဲအတွင်း နေအိမ် ၁၀၀ ကျော်ပျက်စီးခဲ့ပြီး ပြည်သူတွေ ထိခိုက်မှုနဲ့ အရပ်သားထိခိုက်သေဆုံးမှုစုစုပေါင်း ၃၀ ခန့်ရှိတယ်လို့ သိရတယ်။ အခုချိန် နမ်ဖတ်ကာ ဒေသခံပြည်သူတွေက တောတောင်တွေထဲ၊ နီးစပ်ရာကျေးရွာတွေမှာ ဆက်လက်ရှောင်တိမ်းနေရဆဲဖြစ်ပြီး နမ်ဖတ်ကာတိုက်ပွဲပြီးစီးပြီ ဖြစ်ပေမယ့် စိတ်ချရတဲ့အခြေအနေတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ နမ့်ဖတ်ကာဒေသကို ထိန်းချူပ်ဖို့အတွက် ဒေသခံပြည်သူတွေနဲ့ KIA ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားပြီး အုပ်ချူပ်ရေးယန္တရားလည်ပတ်သွားဖို့ စီစဉ်နေဆဲဖြစ်သလို KIA ခွင့်ပြုမှသာ ဒေသခံပြည်သူတွေလည်း နေရပ်ပြန်လို့ရမဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။ By – ဂျာဘောက်ရာ
Read More »