သတင်း

ကျင်းထဲပြုတ်ကျ သေဆုံးသွားသည့် မိသားစု ၃ ဦး ရုပ်အလောင်း နှင့် ကားရှာမတွေ့သေး

ဖားကန့်မြို့ လသားအရွယ်ကလေးငယ် ကို ကာကွယ်ဆေးထိုးပေးရန် ဖားကန့်သို့အဆင်း ရှရော်ခ၊ မော်မောင်းလယန်အတက် လမ်းဆုံတွင် ကားဘီးပေါက်ကာ ကျင်းသို့ ပြုတ်ကျသွားသည့် မိသားစုဝင် ၃ ဦး၏ ရုပ်အလောင်းနှင့် ကားကို ယနေ့ထိ ရှာမတွေ့သေးကြောင်း ကယ်ဆယ်ရေးလုပ်နေသူများမှ သိရသည်။

ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ပြီး မှော်မောင်းလျှံကျေးရွာရှိ မှော်မောင်းလျှံအကျိုးတူ ကုမ္ပဏီမှ ဝန်ထမ်းမိသားစု တစ်စုသည် လသားအရွယ်ကလေးငယ်ကို ကာကွယ်ဆေးထိုးပေးရန် ဖားကန့်ဆေးရုံသို့ခေါ်လာစဉ် ၎င်းတို့စီးနင်လာသည့် ကားမှာ အေးမြသာယာ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင် ဘရိတ်ပေါက်ကွဲအရှိန်လွန် ပြုတ်သွားခဲ့ခြင်းဖြစ်သည်။

“အခြေအနေကတော့ မထူးသေးဘူးဗျ။ ဒီနေ့လည်းရှာနေတုန်းပဲ ကားပြုတ်ကျတဲ့ ကန်က ပေ ၄၀၀ လောက်ရှိတဲ့ ကြိုးကို ရေပေါ်ကနေ ဖောင်ကနေ ချတာ နှစ်ပေ သုံးပေလောက်ပဲပိုတယ်။ အလောင်းလည်းရှာမတွေ့သေးဘူး ပြုတ်ကျသွားတဲ့ကားလည်းမတွေ့သေးဘူး” ဟု ကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက ဆိုသည်။

ဖားကန့် ကယ်ဆယ်ရေးအဖွဲ့ Photo – Crd

လတ်တလောတွင် ရှာဖွေရေး လုပ်ငန်းများကို မှော်မောင်းလျှံ ကုမ္ပဏီ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်းသားမှ ဝန်ထမ်းများနှင့် ပရဟိတ အသင်းများက ရှာဖွေရေး လုပ်နေကြောင်း သိရသည်။

ယင်း မိသားစုမှာ မှော်မောင်းလျှံ အကျိုးတူ ကုမ္ပဏီမှ စာရေးမိသားစုဟု သိရပြီး စီးနင်လာသည့်ကားမှာ ပါဂျဲရိုကား အမျိုးအစားဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button