သတင်း

မုံးကိုး ဖောင်းဆိုင်လမ်းတွင် ကန့်သတ်စစ်ဆေးမှုများကြောင့် စားနပ်ရိက္ခာသယ်ယူန် ပိုခက်ခဲလာ

ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်ဒေသဖြစ်သည့် ပန်ဆိုင်း၊ မုံးကိုးနှင့် ဖောင်းဆိုင်လမ်းနယ်တွင် လတ်တလော စစ်ကောင်စီတပ်မှ စားနပ်ရိက္ခာပစ္စည်းများသယ်ယူမှုများကန့်သတ်ထားသဖြင့် ဒေသခံပြည်သူများ ပြသာနာ အခက်အခဲကြုံတွေ့ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်ကားတွေက ဒီကြားထဲမှာ တောက်လျှောက် တက်နေတယ်။ စစ်ကားတွေကြီးဘဲ အခုတလော အတက်အဆင်း ကားတွေ တော်တော်များတယ်။ ၁၀ စီးကျော်အစီး ၂၀ ကျော် လောက်တွေ့ရတယ်။ ပြီးရင် အရမ်းလည်း စစ်တယ်”ဟု မုံးကိုးဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။

လက်ရှိချိန် စစ်ကောင်စီတပ်သည် ပန်ဆိုင်းနှင့် မုံးကိုး လမ်းတလျှောက်တွင် စစ်အင်အား အများအပြားဖြင့် နေရာအပြည့်ယူထားကြောင်းလည်းသိရသည်။

ပန်ဆိုင်း၊ မုံကိုးနှင့် ဖောင်းဆိုင် လမ်းနယ်တို့တွင် စစ်ကောင်စီတပ်ဘက်မှ စစ်ရေးလှုပ်ရှားမှုများနှင့် လမ်းပိုင်းစစ်ဆေးမူများရှိနေသည့်အတွက် အစားအသောက်များသယ်ယူမှုနှင့်ပတ်သက်ပြီး စားနပ်ရိက္ခာများပိုမသယ်ကြရန်နှင့် အခြားသူအတွက် ရိက္ခာသယ်ပို့ မပေးခြင်းများမပြုလုပ်ကြရန် ဒေသခံများကို တားမြစ်ထားသည်ဟု ဖောင်းဆိုင်ဒေသခံ တစ်ဦးက ယခုလိုပြောဆိုထားသည်။

“သူတို့ဆီကို ခွင့်တောင်းပြီး ကောင်းကောင်းပြောရင် ဆန်တွေသွားဝယ်စားလို့ရတယ်။ ဒါပေမယ့် ဈေးသည်တွေကျတော့ အများကြီးတင်လာရင် သူတို့ မင်္သကာလို့ စစ်ဆေးကြတယ်။ မုံးကိုးကနေ ဖောင်းဆိုင်ဘက်ကျတာ့ သူတို့လည်း စစ်မျက်နှာ ဖြစ်နေတော့ စစ်ဆေးတာတွေ ရှိတယ်”ဟုပြောဆိုသည်။

ထို့နောက် ဒေသခံများ၏ ပြောဆိုချက်အရ ကိုးကန့် MNDAA နှင့် KIA ထိန်းချုပ်ရာနေရာဘက်တွင် လမ်းပျက်စီးမှုများရှိနေပြီး သွားလာရေးတွင် ခက်ခဲမှုများရှိနေသလို ယခုလို စစ်ကောင်စီဘက်မှ စစ်ဆေးကန့်သတ်မှုများရှိနေသည့်အတွက်ကြောင့် ဖောင်းဆိုင်ဒေသခံပြည်သူများအတွက် ရည်ရှည်တွင် စားနပ်ရိက္ခာများပိုမိုခက်ခဲလာမည်ကိုလည်း ဒေသခံပြည်သူများက စိုးရိမ်နေကြပါသည်။

လက်ရှိတွင် ပန်ဆိုင်း၊ မုံးကိုး၊ ဖောင်းဆိုင် ဒေသများတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်လယ်ခန့်မှစတင်ပြီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ယခုနှစ် လက်ရှိအချိန်အထိလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်‌ရေးအခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

Show More

Related Articles

Back to top button