,

Breaking News :

အောင်ဟိန်းမင်း ဦးဆောင်သည့် PDF အဖွဲ့မှ ပိုက်ဆံလုယက်သည် ဆိုပြီး သတင်းအမှားဖြန့်

KIO နယ်မြေမှာဖွင့်လှစ်တဲ့ Kachin State Comprehensive University (KSCU)

မိုးညှင်း နှင့် မော်ဟန်ကြားတွင် စစ်ကောင်စီတပ်မှ ခရီးသွားယာဉ်များကို စစ်ဆေးနေ

ဗန်းမော်တွင် မီတာကြေးမဆောင်သည့် နေအိမ်များမှ မီတာဘောက်များ စစ်ကောင်စီအဖွဲ့ လိုက်လံဖြုတ်သိမ်းနေ

စစ်ကောင်စီတပ်၏ စက်လှေ ၄စီးပစ်ခံရပြီး မိုးစစ်ရွာမှ ကလေးငယ် ၅ဦးခန့် ထိခိုက် သေဆုံးမှုရှိ

ထီးချိုင့်နယ် ငွေကြေးကောက်ခံနေသည့် စစ်တပ်ဂိတ်တစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်သား ၃ဦးခန့်သေဆုံးဟုဆို

မင်းကင်းနယ်ရှိ စစ်တပ်ဂိတ်စခန်းတစ်ခုတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ၊ လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရရှိ

နန့်ယား ပြည်သူ့စစ်ခေါင်းဆောင် သတ်ခံရပြီးနောက် နန့်ယားကျေးရွာတွင် စစ်ဆေးရေးပိုမိုတင်းကြပ်ထား

မြစ်ကြီးနားတွင် စစ်ကောင်စီအဖွဲ့ ကင်းပုန်းချ ဖမ်းဆီးမှုလုပ်ဆောင်နေ၊ တစ်ရက်အတွင်း လူငယ် ၂ဦး ဖမ်းဆီးခံရ

ငွေသာကျေးရွာ မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

ကသာနယ် အုပ်ချုပ်ရေးမှူးများ ၁၀ ရက်အတွင်း ကသာ မှ စွန့်ခွာရန် PDF သတိပေး

ကသာမြို့အဝင်ဆိုင်းဘုတ်

ကချင် စစ်ကိုင်းနယ်စပ် ကသာမြို့နယ် စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ဇူလိုင် ၂၁ ရက်နေ့ နောက်ဆုံးထား၍ မိမိရာထူး၊ တာဝန်နှင့် ကသာနယ်အတွင်းမှ စွန့်ခွာကြရန် ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတိပေးထုတ်ပြန်ထားသည်။

ကသာတွင် ကျေးရွာပေါင်း (၁၃၆ ) ရွာ နှင့် ကသာမြို့ပေါ် ရပ်ကွက် ၁၀ ခုရှိသည့်အနက် လက်ရှိအချိန်ထိ ရပ်ကွက် ၆ ခုနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့မှာ စစ်ကောင်စီသြဇာခံ ရာထူးတာဝန် ဆက်လက် ထမ်းဆောင်နေဆဲဖြစ်သောကြောင့် ဇူလိုင် ၁၂ ရက်နေ့ မှ ၂၁ ရက်နေ့အထိ ၁၀ အတွင်း မိမိတို့ရာထူးမှ နုတ်ထွက်ကြရန် နှင့် ကသာနယ်ကို စွန့်ခွာကြရန် ကသာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇူလိုင် ၁၂ ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့ ထုတ်ပြန်ထားသည်။

“အဓိက ကတော့ အခုတော်လှန် ရေးကာလမှာ တချို့ကျေးရွာအုပ်ချုပ်ရေးမှူး တချို့အုပ်ကြီးတွေကျတော့ နှစ်ဖက်ခွကိုင်ထားတာရှိတယ်။ တချို့မြို့ပေါ် အုပ်ချုပ်ရေးမှူး တွေကျတော့လည်း စစ်ကောင်စီဘက်ကို ထောက်ခံပြီးတော့ အုပ်ချုပ်ရေး ယန္တာရားတွေကို လည်ပတ်နေတာရှိတယ်။ ဒါကြောင့် ကျနော်တို့တော်လှန်ရေး တပ်ဖွဲ့အနေနဲ့ စစ်ကောင်စီကို ထောက်ခံနေတဲ့အုပ်ကြီးတွေ နှင့် ဟိုလိုလို ဒီလိုလို လုပ်နေတဲ့အုပ်ကြီးတွေ ဆက်ပြီးတော့မလုပ်ဖို့နှင့် အကယ်၍ မနုတ်ထွက်ဘူးဆိုရင်လည်း ကသာနယ်ထဲမှာ မနေဖို့ ပေါ့”ဟု ကသာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

ကသာမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလခန့်မှစတင်ကာ ကျေးရွာများအားလုံး၏ ၈၈ ရာခိုင်နှုန်းခန့်တွင် NUG အစိုးရ ၏ အုပ်ချုပ်ရေးယန္တာရားများ စတင်လည်ပတ်အုပ်ချုပ်နိုင်ခဲ့သော်လည်း နေရာအချို့တွင် စစ်ကောင်စီသြဇာခံ နေမြဲ ဖြစ်သောကြောင့် ယခုလို ထပ်မံ သတိပေးရခြင်း ဖြစ်သည်ဟု ကသာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သိရသည်။

“ဟုတ်တယ် ကျနော်တို့ NUG အစိုးရကတော့ အုပ်ချုပ်ရေး ယန္တာရားတွေလည်ပတ်နိုင် ဖို့အတွက်ကြိုးစားနေတယ်။ ပြီး တော့ ကျနော်တို့မြို့ပေါ် ရပ်ကွက်အသီးသီးက လွဲရင် ကျေးရွာအားလုံးနီးပါးလောက်ကို NUG ကထိန်းချုပ်ထား နိုင်တယ်။ ဒါကြောင့်မို့ ပညာရေး ၊ ကျန်းမာရေး၊ တရားရေး စတဲ့အရေးကြီးတဲ့ဌာနတွေကို NUG အုပ်ချုပ်ရေးနဲ့ တဖြေးဖြေးလည်ပတ်နေတယ်။ မြို့ပေါ်မှာလည်း လေးရပ်ကွက်ကတော့ အုပ်ချုပ်ရေးမှူးတွေ ထွက်ပြီ။ ခြောက်ရပ်ကွက်ကျန်နေသေးတယ်”ဟုပြောဆိုသည်။

သို့သော် အဆိုပါ စစ်ကောင်စီလက်အောက်ခံရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် CDM ပြုလုပ်လာမည် ဆိုလျှင် အပြည့်အဝ တာဝန်ယူပေးမည်ဖြစ်ကြောင်း နှင့် လက်ရှိအချိန်ထိ ရာထူးမှနုတ်ထွက်ပြီး CDM ပြုလုပ်လာသည့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း ကသာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုံခြုံတာဝန်ယူထားပေးကြောင်း ထုတ်ပြန်ထားသည်။

NUG အစိုးရ နှင့် ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ကသာမြို့နယ်တစ်ခုလုံး၏ ၈၈ ရာခိုင်နှုန်းခန့်ကို ၂၀၂၂ မတိုင်းမှီကတည်းက နယ်မြေစိုး ရရှိထားပြီး တရားဝင်အုပ်ချုပ်ရေးကို ၂၀၂၂ ဖေဖော်ဝါရီလခန့်က စတင်လည်ပတ်နိုင်ခဲ့ ခြင်းဖြစ်သည်။

Read Previous

မချမ်းဘော့ COC ခရစ်ယာန်ဘုရားကျောင်း နယ်မြေကို သိမ်းယူမည်ဟု စစ်ကောင်စီ ဝန်ကြီး ၃ ပါးလာပြောသဖြင့် အသင်းတော်ဘက်မှလည်း စွန့်လွတ်ရန် ဆုံးဖြတ်

Read Next

အရာတော်မြို့နယ် ဆင်တလည်ကျေးရွာ မှ နေအိမ် ၃၀ ကျော် မီးရှို့ခံရ

Leave a Reply

Your email address will not be published.