,

Breaking News :

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား

ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား

ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ

စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ

ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံးဖောက်ခွဲခံရမူ တစ်လအတွင်း ၅ ကြိမ်ထိရှိလာ

ဒလန် တစ်ဦးဖမ်းဆီးခံရမှုကြောင့်  စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂ ဦးဖမ်းဆီး

မှော်ဆီစာ ရဲကင်းတိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်ဘက်မှ လက်ရှိချိန်ထိ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ

ဖားကန့်တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ဆီပန့်ဆိုင်များပိတ်ထား

ပုံဟောင်းအသုံးပြုထားသည်

ဖားကန့်မြို့တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် မြို့တွင်းရှိ ဆီပန့်ဆိုင်များ ယနေ့ ဇူလိုင် ၁၈ ရက်နေ့မှစပြီး ပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

ဆီပန့်အရောင်းဆိုင်ကြီးများတွင် ဓာတ်ဆီ၊ ဒီဇယ် ကားအဝင်မရှိသည့်အတွက် ဟုဆိုကာ ယနေ့ နံနက်ပိုင်းမှ ဆီများအားလုံး နီးပါး ပိတ်ထားသည်ဟု ဖားကန့်မြို့ အေးမြသာယာရပ်ကွက်နေအမျိုးသားတစ်ဦးက KNG သတင်းကို ပြောသည်။

“ဖားကန့်မြို့ထဲက ဆီဆိုင်ကြီးတွေ ပိတ်ထားတယ် မနေ့တုန်းကတော့ တစ်ဆိုင်လောက်ပဲ ပိတ်ထားတယ်။ အခုမနက်တော့ ဆီဆိုင်ကြီးတွေအားလုံးနီးပါး ပိတ်ထားတယ် ဒေါ်ရှမ်းမဆီပန့် ၊ မြဧရာ၊ ရွှေအောင်ဟိန်းထက်တို့ ရွှေမြန်မာတို့အဲ့အကြီးတွေအကုန်ပိတ်ထားတာ ဆီလက်ကျန်ကုန်သွားလို့ ပိတ် လိုက်တာတဲ့”ဟုပြောဆိုသည်။

လက်ရှိတွင် စက်သုံးဆီ အရောင်းဆိုင်များတွင် “ဆီလက်ကျန်ကုန်နေပါသဖြင့် ဆိုင်ပိတ်ထားသည်”ဟု အသိပေးစာ များကပ်ထားပြီး ဆီပန့်ဆိုင်များပြန်ဖွင့်နိုင်မည့်အချိန်ကို ဒေသခံများက မျှော်လင့်နေကြောင်း ဒေသခံများကဆိုသည်။

“ဘယ်တော့ပြန်ဖွင့်မလဲမသိဘူးဗျ။ ဆီမရှိရင်တော့ ပြည်သူတွေက ဒုက္ခရောက်ကြတာပေါ့။ အားလုံး ခက်ခဲသွားတာ အခုက ဖွင့်တဲ့ဆိုင် မရှိဘူး တစ်ဆိုင်နှစ်ဆိုင်လောက်နဲ့ အပြင်မှာ ပုလင်းချိန်ရောင်းတဲ့ ဆိုင်သေးလေးတွေလောက်ပဲရှိတယ် အခုက ဖွင့်တဲ့တစ်ဆိုင်နှစ်ဆိုင်ကလည်း လူတစ်ယောက်ကို နှစ်ဂါ လံပဲ အများဆုံးရှောင်းပေးတယ်” ဟု ဖားကန့် ဒေသခံတစ်ဦးကပြောသည်။

ဖားကန့်တွင် ဒီဇယ်တစ်ဂါလံ ၁၃၂၀၀ ကျပ်၊ ဓာတ်ဆီတစ်ဂါလံ ၁၄၃၀၀ ကျပ်အထိရှိပြီး အပြင် ပုလင်းချိန်ရောင်းသည့်ဆိုင်များတွင် တစ်ပုလင်း ၃၀၀၀ ကျပ်အနည်းဆုံးရှိကြောင်းသိရသည်။

Read Previous

ပူတာအို ရေအားလျှပ်စစ် စက်ရုံ မိုးကြိုးပစ်ခံရသဖြင့် နှစ်ညခြားတစ်ကြိမ်သာ မီးပေးနေ

Read Next

မြောင်တွင် စစ်ကောင်စီ စစ်ကြောင်းတိုက်ခိုက်ခံရပြီး ဗျူဟာမှူးအပါ ၂ဦးသေဆုံး၊ ၄ဦး ထိခိုက်ဒဏ်ရာရ