သတင်း

ဖမ်းဆီးခံရသည့် အရပ်သား ပြည်သူ ၂၃ ဦးအနက် ၁၉ ဦး ပြန်လွတ်ပြီး ကျန် ၄ ဦးအား တရားစွဲဆိုထား

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မက်လင်ချောင်ကျေးရွာမှ ဇွန်လ ၁၁ ရက်နေ့ ဖမ်းဆီးခံလိုက်ရသည့် အရပ်သားပြည်သူ ၂၃ဦးအနက် ၁၈ ဦးပြန်လွတ်မြောက်လာပြီးကျန် ၄ ဦးကို စစ်ကောက်စီတပ်က တရားစွဲဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံခဲ့ရသည့် ပြည်သူ ၂၃ ဦးတွင် အသက် ၇၅ နှစ်အရွယ်ရှိဦးဝင်းနှင့် အသက် ၇၃ နှစ်အရွယ်ရှိဒေါ် သိန်းဌေးတို့ကို ခြွင်းချက်အနေဖြင့် ဇွန်လ ၃၀ ရက်နေ့တွင် ကနဦးလွတ်ပေးခဲ့ပြီး ကျန်ရှိသည့် ၂၁ ဦးအနက် ၁၉ ဦးကိုဇူလိုင်လ ၈ရက်နေ့ လွတ်ပေးခဲ့ကာ နောက်ဆုံး ကျန်ရှိသော ၄ ဦးကို တရားစွဲဆိုထားကြောင်း အဖမ်းခံရသူများနှင့်ရင်းနှီးသည့် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောသည်။

“၂၃ ယောက်ထဲက လေးယောက်ကကျန်နေတာကျန်တဲ့လူတွေအကုန်လွတ်သွားပြီ အဲ့ကျန်နေတဲ့လေးယောက်က တရားစွဲခံလိုက်ရပြီ အကြမ်းဖက်မှုနဲ့တစ်ယောက် သုံးယောက်က ၅၀၅ နဲ့စွဲခံလိုက်ရတာ”ဟုပြောဆိုသည်။

တရားစွဲခံရသူများအနက် မရီနွယ်ထွန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)ဖြင့်သော်လည်းကောင်း၊ ဒေါ်သင်းသင်းမာ၊ မောင်ဇော်ဇင်ဦးနှင့် မောင်နန်းမင်းထွန်းတို့ကို ပုဒ်မ ၅၀၅ (က) တို့ဖြင့် အသီးသီးတရား စွဲဆိုထားကြောင်းသိရသည်။

“တရားစွဲခံထားရတဲ့လေးယောက်ကိုတော့ ရဲလက် အပ်လိုက်ပါပြီ။ ဘယ်ချိန်အမိန့်ချမယ် ရှေ့ဆက်ဘယ်လိုလုပ်ဆောင်မယ်တော့ မသိရသေးဘူး။ သူတို့ကိုတရားစွဲလိုက်တာက လွန်ခဲ့တဲ့ ၇ ရက်၊ ၈ ရက်နေ့လောက်ကတည်းကဟုတ်တယ်”ဟုဒေသခံတစ်ဦးကပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) သည် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်း တစ်ခုခုကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းများ ပြုလုပ်ပါက တရားစွဲဆိုခံရတဲ့ ပုဒ်မဖြစ်ပြီး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ဆယ်နှစ်မှ တသက်တကျွန်းနှင့် ငွေဒဏ်ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံရသော ၂၃ဦးသည် အသက်ဆယ်နှစ်အောက်များဖြစ်သည့် မသွန်းစုရတီဝေ ၈ နှစ်၊ မောင်သုတဇော် ၈ နှစ်၊ အမေသင်းရနံ့ဇော် ၃ နှစ်၊ မောင်ကံလင်းအောင် ၄နှစ်တို့ပါဝင်ပြီး မသင်းသင်းမာ ၄၀ နှစ်၊ မရီနွယ်ထွန်း ၂၉ နှစ်၊မမြသွေးနွယ် ၄၂ နှစ်၊ မောင်ဇော်ဇင်ဦး ၁၈ နှစ်၊ဦးကျော် ၃၀ နှစ်၊ ဦးမိုးညို ၃၀ နှစ်၊မောင်နန်းမင်းထွန်း ၃၀နှစ်၊ မောင်ရဲမိုးဟိန်း ၃၀ ဝန်းကျင်၊မောင်ကျော်ထူး ၃၀နှစ်၊ မောင်သောင်းဇော်ဝင်း ၃၀ နှစ်၊မောင်ထိန်လင်းအောင် ၃၀နှစ်၊ ဦးမိုးကျော် ၃၀ ဝန်းကျင်၊ ဦးကျော်သူဝင်း ၃၀နှစ်၊ မောင်သန့်မင်းပိုင် ၂၇ နှစ်၊ ဦးဝင်းသိန်း ၄၄ နှစ်၊ မောင်အုန်းကျော် ၂၈နှစ်၊ မောင်ကောင်းကျော်ဝင်း၊ ဦးဝင်း ၇၅နှစ်နှင့်ဒေါ်သိန်းဌေး ၇၃ နှစ်တို့ဖြစ်သည်။

မက်လင်ဂျောင်ကျေးရွာတွင် ဇွန်လ ၁ရက်နေ့ ည ၈နာရီဝန်းကျင်တွင်လည်း မက်လင်ဂျောင်အုပ်ချုပ်ရေးမှူူး ဦးအုန်းကျော်နှင့် ဆွေမျိုးတော်စပ်သူ ၃ ဦး စုစုပေါင်း ၄ ဦးအား အမည်မသိအဖွဲ့မှ သတ်သွားခဲ့သတ်ခံရမှုဖြစ်ပွားခဲ့သည်။

Show More

Related Articles

Back to top button