,

Breaking News :

အောင်ဟိန်းမင်း ဦးဆောင်သည့် PDF အဖွဲ့မှ ပိုက်ဆံလုယက်သည် ဆိုပြီး သတင်းအမှားဖြန့်

KIO နယ်မြေမှာဖွင့်လှစ်တဲ့ Kachin State Comprehensive University (KSCU)

မိုးညှင်း နှင့် မော်ဟန်ကြားတွင် စစ်ကောင်စီတပ်မှ ခရီးသွားယာဉ်များကို စစ်ဆေးနေ

ဗန်းမော်တွင် မီတာကြေးမဆောင်သည့် နေအိမ်များမှ မီတာဘောက်များ စစ်ကောင်စီအဖွဲ့ လိုက်လံဖြုတ်သိမ်းနေ

စစ်ကောင်စီတပ်၏ စက်လှေ ၄စီးပစ်ခံရပြီး မိုးစစ်ရွာမှ ကလေးငယ် ၅ဦးခန့် ထိခိုက် သေဆုံးမှုရှိ

ထီးချိုင့်နယ် ငွေကြေးကောက်ခံနေသည့် စစ်တပ်ဂိတ်တစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်သား ၃ဦးခန့်သေဆုံးဟုဆို

မင်းကင်းနယ်ရှိ စစ်တပ်ဂိတ်စခန်းတစ်ခုတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ၊ လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရရှိ

နန့်ယား ပြည်သူ့စစ်ခေါင်းဆောင် သတ်ခံရပြီးနောက် နန့်ယားကျေးရွာတွင် စစ်ဆေးရေးပိုမိုတင်းကြပ်ထား

မြစ်ကြီးနားတွင် စစ်ကောင်စီအဖွဲ့ ကင်းပုန်းချ ဖမ်းဆီးမှုလုပ်ဆောင်နေ၊ တစ်ရက်အတွင်း လူငယ် ၂ဦး ဖမ်းဆီးခံရ

ငွေသာကျေးရွာ မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

အင်းတော်နယ်တွင် ခရီးသွားပြည်သူများထံမှ ဖုန်းနှင့်ငွေ လုယူမှုများဖြစ်ပွားနေ

အင်းတော်မြို့အဝင်ဆိုင်းဘုတ်

စစ်ကိုင်းတိုင်းဒေသ အင်းတော်မြို့နယ်တွင် စစ်​​ကြောင်း ၃ခုဖြင့် သွားလာလှုပ်ရှားသော စစ်ကောင်စီတပ်သည် အင်းတော်-ဗန်းမောက်လမ်းပိုင်း သွားလာသည့် ပြည်သူများထံမှ ဖုန်းနှင့်ငွေသား လုယူမှုများ ကြုံတွေ့နေရကြောင်းသည်ဟု ဒေသခံများထံမှသိရသည်။

အင်းတော်မြို့ ရေတွင်းကုန်းနှင့် သံဘိုရွာတွင် ရောက်နေသည့် စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ သက္ကယ်ကျင်းရွာ၌ ကားသမားတစ်ဦး နှင့်ခရီးသည်များထံ ပိုက်ဆံတောင်းယူပြီး ဖုန်းများပါလုယူသွားကြောင်း ကြုံတွေ့ခဲ့ရသည့် ခရီးသွားပြည်သူတစ်ဦးက KNG ကိုပြောပါသည်။

“မနေ့တုန်းက သက္ကယ်ကျင်းမှာ ကားသမားတွေဆီက ပိုက်ဆံတွေဖုန်းတွေယူထားလုယူတယ်။ ကျနော်နဲ့သိတဲ့ကောင်လေးဆိုရင် သူက ကားနဲ့လာတာ။ အဲ့တာကိုကားတား စစ်ပြီးမှပိုက်ဆံ နှစ်သိန်းတောင်းတာ သူ့မှာမရှိဘူးပြောတော့ အင်းတော်မြို့ ထဲမှာသွားချေးခိုင်းပြီး ၂သိန်း ပေးလိုက်ရတယ်။ ပြီးရင်ဖုန်းလည်း ပါယူသွားတယ်။ ရှေ့က သွားတဲ့ ကားတွေကိုလည်း အဲ့လိုဘဲ လိုက်တောင်းနေတာတဲ့”ဟုပြောဆိုသည်။

ထိုနည်းတူ ထိုတစ်ရက်တည်းအတွင်း အင်းတော်မှ သက္ကယ်ကျင်းသို့ ဆိုင်ကယ်ဖြင့် သွားခဲ့သည့် အမျိုးသမီးတစ်ဦးထံမှ ငွေကျပ် ၂ သိန်းတောင်းရာ မရှိကြောင်း မပေးသည့်အတွက် လက်ကိုင်ဖုန်းသိမ်းယူပေးလိုက်ကြောင်း ကြားသိရသည်ဟု သူကဆက်ဆိုထားသည်။

လတ်တလောတွင် စစ်ကောင်စီတပ်မှ အင်းတော်နယ်အတွင်း တစ်ရွာဝင်တစ်ရွာထွက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေပြီး ပြီးခဲ့သော မေလနောက်ပိုင်းမှစတင်ကာ ခရီးသွားပြည်သူများထံမှ ငွေကြေးတောင်းခံသည့် လုပ်ရပ်များ လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် မဲဇာဘက်မှ အင်အား ၃၀ကျော်ပါရှိသော စစ်ကြောင်း၊ ကသာဘက်မှ အင်အား ၇၀ခန့်ပါရှိသော စစ်ကြောင်းနှင့် အင်အား ၆၀ ကျော်ပါရှိသော စစ်ကြောင်း စသော  စစ်ကြောင်း ၃ခုဖြစ်ကြောင်းသိရသည်။

Read Previous

ဆယ်ဇင်းတိုက်ပွဲအတွင်း ဒဏ်ရာရ စစ်သားများကို ကား ၃ စီးဖြင့် သယ်ထုတ်

Read Next

မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီ ဗုံးကျဲမည်ဟု သတင်းရရှိထားကြောင်း ဟိုပင် PDF ပြော

Leave a Reply

Your email address will not be published.