သတင်း

မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီ ဗုံးကျဲမည်ဟု သတင်းရရှိထားကြောင်း ဟိုပင် PDF ပြော

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ထုံးရေပေါက်ကျေးရွာ နှင့် နန့်ရင်းချောင်းအရှေ့ဘက်ခြမ်းတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲမည်ဟု သတင်းရရှိထားသောကြောင့် ပြည်သူများ သတိထားစေလိုကြောင်း ဟိုပင် PDF အဖွဲ့မှ သိရသည်။

ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကျဲမည်ဟု သတင်းရရှိထားသည်ဟု ဟိုပင် PDF တာဝန်ရှိသူတစ်ဦး က KNG သတင်းဌာနကို ပြောသည်။

“အဓိကတော့ ထုံးရေပေါက် နှင့် နန့် ရင်းချောင်းအရှေ့က ပြည်သူတွေပေါ့ ဒီနေ့ကနေနောက် နှစ်ရက် သုံးရက်အတွင်းမှာ ထုံးရေပေါက်နဲ့ အနီးတစ်ဝိုက်ကို လေယာဉ်နဲ့ ဗုံးလာကျဲမယ်ဆိုပြီး ထုံရေပေါက် ပြည်သူ့စစ်က တစ်ယောက်က (အမည်မဖော်လိုသူ) သတင်းပေးလာတယ်ဗျ။ အဲ့ကြောင့် ပြည်သူတွေအသွားအလာသတိထားဖို့ လိုအပ်တယ်”ဟုပြောဆိုသည်။

အဆိုပါ သတင်းကြောင့် နန့်ရင်း ချောင်းအရှေ့ဘက်သို့မလာကြရန် လယ်လုပ်သည့် ပြည်သူများလည်း သတိထားသွားလာရန်၊ ဘေးလွတ်ရာတိမ်းရှောင်ရန်လိုအပ်ပါက ကြိုတင်တိမ်းရှောင်ကြရန်လိုအပ်ပြီး ယခုကဲ့သို့ ဗုံးလာကျဲနိုင်မည့် အကြောင်း နှင့် ပတ်သက်၍ ဟိုပင် PDF မှ တာဝန်ရှိသူ တစ်ဦးက ယခုကဲ့သို့ သုံးသပ် ပြောဆိုသည်။

“ဖြစ်နိုင်ခြေရှိတာကတော့ ကျွန်တော်တို့သိရသလောက် သူတို့အဖွဲ့အစည်းကနေ ခြိမ်းခြောက်တဲ့သဘောမျိုးလား ဖြစ်ကောင်းဖြစ်နိုင်မလားအဲ့ဒါကြောင့်မို့ ကျွန်တော်တို့လည်း အတည်ပြုလို့တော့မရဘူးပေါ့။ အဲ့ဒါကြောင့် မိဘပြည်သူတွေကို မနစ်နာအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့သတိပေးတာပါ” ဟု ပြောသည်။

ယင်းကိစ္စနဲ့ပတ်သက်၍လည်း ဂလိုင်ကြောင် စစ်ကြောင်းက ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာထားသည်။

Show More

Related Articles

Back to top button