တိုက်ပွဲသတင်း

စစ်ကိုင်းမြို့နယ် စစ်ကောင်စီ နှင့်ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး ၉ ဦး သေဆုံး

စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာတွင် စစ်ကောင်စီ နှင့် ပျူစောထီးတပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ၉ ဦး ကျဆုံးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။

ယနေ့ နံနက် ၄ နာရီ ဝန်းကျင် စစ်ကောင်စီ နှင့် ပျူစောထီးစခန်းကို Zero ပြောက်ကျားတပ်ဖွဲ့နှင့် စစ်ကိုင်းခရိုင်တပ်ရင်း ၂ တို့ ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဘက်အပြန်အလှန် ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကြွယ်ပုံ ရွာမှာက ပျူတွေ အရမ်းများပြီး ဇောင်းထနေတဲ့ပုံစံမျိုးပေါ့။ အဲ့တာနဲ့ သူတို့စခန်းကို သွားတိုက်ခိုက်ခဲ့တာ သူတို့ဘက်ကလည်းအထိအခိုက်များတယ်။ ရွာအပြင်မှဦရှိတဲ့ ထုတ်လုပ်ရေးစခန်းတစ်ခုကိုမီးရှို့နိုင်ခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ရဲဘော်တစ်ဦးကတော့ ကျည်ဆန်မှန်ပြီး တစ်နာရီခွဲအကြာမှာ ကျဆုံးသွားတယ်” ဟု တိုက်ပွဲအခြေနေနှင့် ပတ်သက်လို့ Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အဆိုပါ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်၏နာမည်မှာ ကိုအောင်ကိုဇင်(ခ)အာကြီး ဖြစ်ပြီး ကျဆုံးစဥ်မှာ ၂၄နှစ် သာရှိသေးသည်ဟု သူကဆက်ပြောသည်။

စစ်ကောင်စီ နှင့်ပျူစောထီးတို့ စခန်းချနေထိုင်သည့် ကြွယ်ပုံကျေးရွာသည် ရွှေဘို နှင့် စစ်ကိုင်းလမ်းမကြီးဘေး ကျေးရွာတစ်ရွာဖြစ်ကာ စစ်ကိုင်းမြို့မှ ဆိုင်ကယ်ဖြင့်သွားလျှင် ၁ နာရီကျော်ခန့်ကွာဝေးသည်။

Show More

Related Articles

Back to top button