Fact Check

နန်ဇော်တိုက်ပွဲများတွင် KIA တပ်သား ၃၀ ကျော် သေဆုံးဟူသော သတင်းအမှားကို ထပ်ဖြန့်နေ

ဝိုင်းမော်မြို့ နယ် နန်ဇော်ယန်အနီး စစ်ကောင်စီ ပူးပေါင်းတပ် နှင့် KIA တို့ကြား ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် KIA တပ်သား ၃၀ ကျော် ကျဆုံးခဲ့ရသည်ဆိုသော သတင်းအမှားကို Manaw Myay ဖေ့စ်ဘုတ်တွင် ဇူလိုင် ၂၃ ရက်နေ့ ထပ်မံဖြန့်ဝေ ရေးသားထားသည်ကို တွေ့ရသည်။

အလားတူ “ကွံန်းရံက်ခြိူဝ်းတအောင်” ဖေ့စ်ဘုတ်ပစ်စာမျက်နှာတွင်လည်း KIA တပ်သား ၈၀ ကျော် ကျဆုံးခဲ့သည်ဟု ဆိုသည့် အချက်ကိုပဲ ပြင်ဆင်ကာ ဇူလိုင် ၂၄ ရက်နေ့ ထပ်မံ ဖြန့်ဝေထားသည်ကို တွေ့ရသည်။

သို့သော် အဆိုပါဖော်ပြချက်များမှာ သတင်းအမှားတစ်ခုသာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီ ပူးပေါင်းတပ် နှင့် KIA တို့ကြား နန်ဇော်ယန်တိုက်ပွဲနှင့် ပတ်သက်ပြီး ဒေသအခြေစိုက်သတင်းမီဒီယာ ဖေ့စ်ဘုတ်စာမျက်နှာများတွင် KIA တပ်သား ၃၀ (သို့) ၈၀ ကျော် ကျဆုံးသွားသည်ဆိုသော သတင်းကို ဖော်ပြထားခြင်း မရှိပါ။

KIA ၏ တိုက်ခိုက်မှုကြောင့် ဇူလိုင် ၁၀-၁၁ ရက်နေ့ နန်ဇော်ယန်တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ ထိခိုက်သေဆုံးမှု အများအပြားရှိပြီး နွားလှည်းဖြင့်အလောင်းများကို သယ်ယူခဲ့ရကြောင်း ဖော်ပြမှုများသာ ရှိခဲ့သည်။ ထို့အပြင် ရှေ့တန်းသို့လမ်းပြရန် ငြင်းဆိုခဲ့သည့် စစ်ကောင်စီအောက် ပြည်သူ့စစ် အဖွဲ့ ၂ ဦးကို စစ်ကြောရေးပို့ဆောင်ခဲ့ကြောင်းကိုလည်း တွေ့ရသည်။

ထို့ကြောင့် နန်ဇော်ယန်တိုက်ပွဲတွင် စစ်ကောင်စီ နှင့် ပြည်သူ့စစ်များ၏ ကျဆုံးမှုကို KIA တပ်သားများ ကျဆုံးခဲ့သယောင် ပြန်လည် ပြင်ဆင်ကာ သတင်းအမှားဖြန့်ဝေခြင်းသာ ဖြစ်သည်ကို တွေ့ရှိရသည်။

ယခု သတင်းအမှားကို စတင်ရေးသားဖြန့်ဝေခဲ့သော Manaw Myayဖေ့စ်ဘုတ်အကောင့်သည် ယခင်ကလည်း ဓါတ်ပုံအဟောင်းများဖြင့် အချက်အလက်များကို ပြင်ဆင်ကာ သတင်းအမှား ပုံမှန်ဖြန့်ဝေနေသော အကောင့်တစ်ခုဖြစ်သည်ကို စီစစ်တွေ့ရှိရသည်။

နန်ဇော်ကျေးရွာအနီးတစ်ဝိုက်တွင် ဇူလိုင်လ ၁၀၊ ၁၁၊ ၁၂၊ ၁၄၊ ၁၆၊ ၁၉ ရက်နေ့များတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ကို ဒေသတွင်း သတင်းမီဒီယာစာမျက်နှာများတွင် ရေးသားဖော်ပြထားသည်။

Show More

Related Articles

Back to top button