တိုက်ပွဲသတင်း

ရွှေကူနယ်ရှိ စစ်ကောင်စီတပ် စစ်အင်အား ၄၀၀ ကျော် ၂နေရာသို့ စစ်ကြောင်းဆက်ထိုးနေ၊ တိုက်ပွဲထပ်မံဖြစ်ပွားနိုင်ဟုဆို

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း စစ်အင်အား ၄၀၀ ဝန်းကျင်ခန့် စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည်  နောက်ထပ် စစ်ကြောင်း ၂ဖွဲ့ခွဲကာ စစ်ကြောင်းထိုးနေသည့်အတွက် စစ်ရေးတင်းမာမှုအခြေအနေတွင်ဖြစ်ပေါ်နေပြီး အချိန်းမရွေးတိုက်ပွဲ ထပ်မံဖြစ်ပွားလာနိုင်သည်ဟု ဒေသခံများစိုးရိမ်နေကြသည်။

အောက်တိုဘာလ ၁၁ရက်နေ့ ရွှေကူမြို့မှ နန့်လင်းနှင့် နောက်လတ်ကြီး ကျေးရွာတို့တွင် စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စည်သာရွာနှင့် ရှမ်းမြောက်နယ်စပ် စီးမော် စသည့် ၂နေရာဘက်သို့ စစ်ကြောင်း ၂ခုဖြင့် ထွက်ခွားသွားသည်ဟု ရွှေကူဒေသခံတစ်ဦးက KNG ကိုပြောသည်။

မနေ့ည ၃နာရီလောက်ကနေ စည်သာရွာကို ဝင်စီးနေတာ ရွာမှာလူမရှိတော့ ပြည်သူတွေရဲ့ အိမ်တွေပဲ မွှေနှောက် ဖျက်ဆီးသွားလိုက်တယ်။ ဒီမနက်မှတောာ့ စစ်ကြောင်း ၂ခုပြန်ခွဲပြီး စစ်ကြောင်းကတော့ အဲ့စည်သာဘက်မှာပဲဆက်ရှိနေသေးတယ်။ တစ်ကြောင်းကတော့ ရှမ်းမြောက်နယ်စပ်ဘက်က စီးမော်ဘက်ကိုထွက်ခွာသွားကြတယ်ဟုဆိုသည်။

စစ်ကြောင်းအင်အား ၄၀၀ ဝန်းကျင်ရှိသည့်အနက် ၂၀၀ ခန့်သည် ရှမ်းမြောက်နယ်စပ် စီးမော်ဘက်သို့ ထွက်ခွာသွားပြီး လမ်းကြောင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့တို့ကြား အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟု သူကဆက်ဆိုသည်။

ထို့သို့ ရွှေကူဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေသည့်အတွက်ကြောင့် စည်သာ၊ စီးမော်အပါ နန့်လင်း၊ နောက်လတ်ကြီး၊ ခေါ်လေး၊ မံဝိန်း၊ စီမူကြီးနှင့်စီမူလေး စသောကျေးရွာတို့သည် ရွာလုံးကျွတ် ရွှေကူမြို့ပေါ်နှင့် စစ်ကိုင်းနယ်စပ် မိုးကင့်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါသည်။

ပြီးခဲ့သောရက် အောက်တိုဘာလ ၁၁ ရက်နေ့တွင် နန့်လင်းနှင့်နောင်လတ်ကြီး ကျေးရွာ ၂ခုကြားတွင် စစ်ကောင်စီတပ်နှင့် KIA PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ကြောင့် အဆိုပါ ကျေးရွာ ၂ခု၏ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီးပေးခဲ့ကြကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

Show More

Related Articles

Back to top button