,

Breaking News :

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

နာဂတောင်တန်း ကျေးရွာတစ်ခု ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွား

ရွှေဘိုတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

ဒီပဲယင်းတွင် တစ်ပတ်အတွင်းကျေးရွာ ၁၀ ရွာမှ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ

ရွှေကူ ဆင်တပ်ရွာတွင် ဖမ်းဆီးထားသည့် ပြည်သူ ၁၄ ဦးအနက် ဆယ်ကျော်သက်လူငယ်တစ်ဦးကို ကလေးအကျဥ်ထောင်ပို့ရန် စီစဥ်နေ

မိုးညှင်း Silent strike နေ့တွင် အလယ်တန်းကျောင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား

စစ်ဘေးရှောင်ကျေးရွာ ၁၂ ရွာမှ ဒေသခံတစ်သောင်းကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာအရေးပေါ်အကူညီများ လိုအပ်နေ

စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးတို့ဖြင့် အဆက်အသွယ် မရသေး

အာဏာသိမ်းမှု ၂ နှစ်ပြည့် အသံတိတ်သပိတ် ပါဝင်ပေးကြဖို့ ကချင်ပြည်နယ်မှ တော်လှန်ရေးအင်အားစုများ တိုက်တွန်း

ယင်းမာပင်တွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် ကိုယ်ဝန်ဆောင်တစ်ဦးအပါ အမျိုးသမီး ၂ဦးသေဆုံး

ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာ

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်နှင့် ပျားအိုကျေးရွာ ၂ခုတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ကျေးရွာအတွင်း လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနှင့် အသက်ကြီးရွယ်အို တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင် ရင်ပေါင်တိုင်ကျေးရွာအနီး စစ်ကောင်စီ ရဟတ်ယာဉ် ၄ စီးဖြင့် စစ်အင်အား ၁၀၀ ကျော် ပို့ချခဲ့ပြီး စစ်ကြောင် ၂ခွဲကာ ရင်ပေါင်တိုင်နှင့် ပျားအိုရွာ ၂ခု အတွင်း လက်နက်ရမ်းသမ်းပစ်ခတ် ဝင်ရောက်ခဲ့သဖြင့် ယခုလို သေဆုံးမှုရှိခဲ့သည်ဟု ဒေသတစ်ဦး KNG ကိုပြောသည်။

ရဟတ်ယာဉ်နဲ့ အင်အားလာချသွားတယ် အဲ့စစ်သားတွေက ရွာထဲမှာဝင်ပြီး ရမ်းပစ်လို့မှန်တာဟုတ်တယ်။ လက်နက်ထိမှန်သွားတဲ့ ၂ယောက်က သမီး ယောက္ခမတွေဖြစ်ကြတယ်လို့သိရတယ်။ သူ့ချွေးမဖြစ်သူက ကိုယ်ဝန် ၆ လအရွယ်ရှိပြီလို့သိရတယ်။ ၂ ယေက်စလုံးအဲ့နေရာမှာတင် အသက်သေဆုံးခဲ့ရပါတယ်ဟုပြောသည်။

အသက်သေဆုံးခဲ့ရသည့် အမျိုးသမီး ၂ဦးမှာ အသက် ၆၀ နှစ်အရွယ် ဒေါ်ညွန့်ခေါ်သူနှင့် အသက် ၃၀ နှစ်အရွယ်ရှိသူ ဒေါ်စိုးတို့ဖြစ်ကြပြီး ၎င်းတို့သည် နုန်းတန်ကျေးရွာဇာတိများဖြစ်ကြသည်ဟုသိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကျည်ထိမှန်မှုကြောင့် ဒေသခံအမျိုးသမီး ၂ဦး သေဆုံးမှုဖြစ်ပွားခဲ့သည့်အပြင် အမျိုးသား ၂ဦးလည်း ဒဏ်ရာပြင်းထန်ရရှိထားသည်ဟု သတင်းအရင်းအမြစ်ကပြောသည်။

အဆိုပါ စစ်ကြောင်း ၂ခုပေါင်း စစ်အင်အား ၁၂၀ ဝန်းကျင်ရှိပြီး ယနေ့နံနက်ပိုင်း ရင်ပေါင်တိုင်ကျေးရွာမှ ပြန်လည်ထွက်ခွာသွားပြီး ဒေသခံအမျိုးသား ၄၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆက်လက်သိရသည်။

ယခုလို ယင်းမာပင်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေသောကြောင့် ရွာပေါင်း ၁၅ ရွာထက်မနည်း ဒေသခံများသောင်းချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်။

ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာတွင် ပြီးခဲ့သော ဩဂုတ်လ ၁၁ ရက်နေ့တွင်လည်း စစ်တပ်မှ ရဟတ်ယာဉ် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၁၇ ဦးထက်မနည်း သေဆုံးမှုများရှိခဲ့သည်။

Read Previous

ကလေးငယ်များကောက်ယူလာသည့် မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် လူငယ် တစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရှိ

Read Next

စစ်ရိက္ခာသယ် သင်္ဘော ၇စီးဆန်တက်လာသည့်အတွက် ရွှေကူနယ် ကျေးရွာတစ်ချို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ