သတင်း

ဖားကန့် အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင် လွတ်မြောက်လာ

စစ်ကောင်စီ၏ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆို ထောင်ဒဏ်ချတ်မှတ်ခံခဲ့ရသည့် ဖားကန့် အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်မောင် ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင် ဖားကန့်အကျဉ်းထောင်မှ လွတ်မြောက်လာပြီဖြစ်ကြောင်းသိရသည်။

ကိုဇော်ဝင်မောင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် ပြစ်ဒဏ် ၁ နှစ် ၆လ နှင့် ပို့ကုန်/သွင်းကုန် အက်ဥပဒေအရ ပြစ်ဒဏ် ၁ လ အပါ စုစုပေါင်း ထောင်ဒဏ် ၁ နှစ် ၇ လအထိ ချမှတ်ခံခဲ့ရပြီး သာမန်လွတ်ရက်စေ့ပြီး လွတ်မြောက်လာခြင်းဖြစ်သည် လွတ်မြောက်လာသူ ကိုဇော်ဝင်းမောင်က KNG ကိုပြောသည်။

ကျနော် ဒီမနက်ပဲ ၁၀ နာရီလောက်မှာလွတ်လာပါတယ်။ သာမန်လွတ်ရက်စေ့လို့ လွတ်လာတာပါဟုပြောဆိုသည်။

ယနေ့လွတ်မြောက်လာမှုတွင် ကိုဇော်ဝင်မောင်နှင့်အတူ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆို ဖမ်ဆီးခံရသည့် ကိုမျိုးဦးခေါ်သူအပါ ၂ ဦးလွတ်မြောက်လာသည်ဟုသိရသည်။

ကိုဇော်ဝင်းမောင်သည် ဖမ်းဆီးခံရမှုမတိုင်မှီ ဖားကန့်မြို့နယ်အတွင်းမှ ဖြစ်ပျက်နေသည့် သတင်းများကို သတင်းဌာနများသို့ ပေးပို့သည့် အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်ပြီး ပြီးခဲ့သော ၂၀၂၁ ခုနှစ် မေလ ၂၅ ရက်နေ့ လုံးခင်းကျေးရွာတွင် ညဆီမီးသပိတ်ပြုလုပ်နေစဉ် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရခြင်းဖြစ်သည်။

ဖားကန့်မြို့နယ်တွင် စစ်တပ်က အာဏာသိမ်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်သူများ ပြည်သူ ၄၄ ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ထို ပြည်သူ ၄၄ ဦးရှိသည့်အနက် လွတ်မြောက်လာသူ ၂၇ ဦးရှိပြီးဖြစ်သည်။

Show More

Related Articles

Back to top button