သတင်း

ကသာမြို့တွင် ရဲကားဖြင့် လိုက်လံပစ်ခတ်သဖြင့် လူငယ် ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း ကသာမြို့ အထက (ကျောင်းလမ်းတွင် ဆိုင်ကယ်စီးနင်းလာသည့် လူငယ် ၂ ဦးကို ကင်းပတ်‌နေသည့် စစ်ကောင်စီ ရဲကားမှ လိုက်လံပစ်ခတ်ရာ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း ဒေသခံများမှ သိရသည်။

နိုဝင်ဘာလ ၂၄ ရက် ည ၇ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူမှာ ဒဏ်ရာရရှိထားပြီး နောက်တွင်လိုက်စီးသူမှာ သေဆုံးသွားသည်ဟု ကသာဒေသခံတစ်ဦးက ပြောသည်။

ကားနဲ့နောက်ကလိုက်ပြီး လိုက်ပစ်သတ်တာ ဆိုင်ကယ်နောက်က တစ်ယောက်ပွဲချင်းပြီးသေတယ် နောက်တစ်ယောက်က ဒဏ်ရာပြင်းထန်လို့ ဆေးရုံမှာတင်ထားရတယ်ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူသည် ကသာမြို့ ရပ်ကွက် (မုံလတန်း ရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၀ ဝန်းကျင်ရှိသူဖြစ်ပြီး လက်ရှိ ရုပ်‌အလောင်းအား ရင်ခွဲရုံတွင် ထားရှိကြောင်း သိရသည်။

ကသာမြို့တွင် စစ်တပ်အာဏာသိမ်းပြီး‌‌နောက် ည ၇ နာရီနောက်ပိုင်း စစ်ကောင်စီတပ်မှ ညမထွက်ရ ပုဒ်မ ၁၄၄ ထုတ်ထားသည့်မြို့ဖြစ်သည်။

သို့သော် ယမန်နေ့ည လူငယ် ၂ ဦးပစ်ခတ်ခံရချိန်သည် ၇ နာရီဝန်းကျင်သာရှိသေးသည့်အတွက် စစ်ကောင်စီတပ်က အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ပစ်သတ်နေခြင်းသာဖြစ်သည်ဟု ဒေသခံများ ပြောဆိုပါသည်။

Show More

Related Articles

Back to top button