သတင်း

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

ကချင်ပြည်နယ် ဖားကန့်မြို့တွင်းရှိ ကျောက်စိမ်းတောင်တံတားနှင့် လုံးခင်းကျေးရွာအဝင် တံတားထိပ် နေရာများတွင် စစ်ကောင်စီအဖွဲ့ လိုင်စင်မဲ့ ကားများကို စစ်ဆးဖမ်းဆီးနေကြောင်းသိရသည်။

ဒီဇင်ဘာလ ၂ ရက် ယနေ့နံနက်ပိုင်း ၉ နာရီဝန်းကျင်မှစတင်ကာ စစ်အင်အား ၅၀ ဝန်းကျင်အပါ ဖားကန့်မြို့တွင်း လမ်းနေရာများတွင် လိုင်စမင်မဲ့ ကားများ စစ်ဆေးနေကြောင်း ဖားကန့် ဒေသခံ အမျိုးသားတစ်ဦး KNG ကိုပြောသည်။

ဖားကန့် တံတားနဲ့ လုံးခင်းတံတား အဲ့နေရာတွေမှာ စဖမ်းနေပြီ ဒီတံတား ၂ခုက ၆ မိုင်လောက်ဝေးတာဟုတ်တယ်။ အခုကတော့ ကားတွေကိုပဲ အရင်ဖမ်းနေတာ ဆိုင်ကယ်တွေသာ ပြန်ဖမ်းလိုက်တော့ ပြည်သူတွေက ဒုက္ခရောက်ပြီဟုပြောသည်။

ယနေ့တွင် ပြည်သူများ၏ လိုင်စင်မဲ့ ကား ၅ စီးထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်းသိရသည်။

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ လိုင်စင်မဲ့ကားများ စတင်ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့တို့၏ တော်လှန်ရေးလုပ်ငန်း ပိတ်ဆို့သည့် လုပ်ရပ်ဖြစ်သည်ဟု ဖားကန့်ဒေသခံတစ်ဦးက ယခုလိုသုံးသပ်ပြောဆိုသည်။

လိုင်စင်မဲ့ဆိုပြီး သူတို့လုပ်လာတဲ့သဘောက တော်လှန်ရေးလုပ်နေတဲ့ သူတွေကို ပိတ်ဆို့တယ်လို့ပဲမြင်တယ်။ ဒီလိုလုပ်လိုက်မှ သူတို့ရဲ့ ပိတ်ဆို့မှုတွေ ပိုပြီးထိရောက်လာမယ်။ တခြားကျန်တဲ့ ကစ္စတွေလည်းပါမှာပေါ့ဟုပြောဆိုသည်။

ပြီးခဲ့သော နိုဝင်ဘာလ ၁၀ ရက်ကျော်အတွင်း အဆိုပါ ဖားကန့် မြို့တွင်း တံတားနှင့် လုံးခင်းတံတားနေရာများတွင် လိုင်စင်မဲ့ကားများ စစ်ဆေးခဲ့ရာတွင် ၁၀ စီးကျော်ခန့် ဖမ်းဆီးခံလိုက်ရပြီး ငွေပေးပြီး ပြန်လည်ရွေးယူခိုင်းခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဖားကန့်ကျောက်စိမ်းမှော်သည် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ကားအများဆုံးအသုံးပြုသည့် မြို့တစ်ခုအပါအဝင်ဖြစ်သည်။

Show More

Related Articles

Back to top button