,

Breaking News :

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

နာဂတောင်တန်း ကျေးရွာတစ်ခု ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွား

ရွှေဘိုတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

ဒီပဲယင်းတွင် တစ်ပတ်အတွင်းကျေးရွာ ၁၀ ရွာမှ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ

ရွှေကူ ဆင်တပ်ရွာတွင် ဖမ်းဆီးထားသည့် ပြည်သူ ၁၄ ဦးအနက် ဆယ်ကျော်သက်လူငယ်တစ်ဦးကို ကလေးအကျဥ်ထောင်ပို့ရန် စီစဥ်နေ

မိုးညှင်း Silent strike နေ့တွင် အလယ်တန်းကျောင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား

စစ်ဘေးရှောင်ကျေးရွာ ၁၂ ရွာမှ ဒေသခံတစ်သောင်းကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာအရေးပေါ်အကူညီများ လိုအပ်နေ

စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးတို့ဖြင့် အဆက်အသွယ် မရသေး

အာဏာသိမ်းမှု ၂ နှစ်ပြည့် အသံတိတ်သပိတ် ပါဝင်ပေးကြဖို့ ကချင်ပြည်နယ်မှ တော်လှန်ရေးအင်အားစုများ တိုက်တွန်း

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

လုံးခင်း JM မိုဘိုင်း ဖုန်းဆိုင်အတွင်း ဓါးပြဝင်ရောက်တိုက်ခဲ့သည့် မြင်ကွင်း

ဖားကန့်မြို့နယ် လုံးခင်ရပ်ကွက်တွင်ရှိသည့် JM မိုဘိုင်းဖုန်းဆိုင် ဓါးပြတိုက်ခံရပြီး ဖုန်း ၇ လုံးအပါအဝင် ငွေသား ၁၀ သိန်းဝန်းကျင် လုယူသွားကြောင်းသိရသည်။

ဒီဇင်ဘာလ ၂ ရက် ယနေ့နံနက်ပိုင်း ၉ နာရီဝန်းကျင် ဆိုင်အတွင်း ဝင်ရောက်ဓါးပြတိုက်ခံရမှုတွင် Samsung ဖုန်း ၂လုံး၊ Vivo ဖုန်း ၅ လုံး၊ Service စင်တာမှ ငွေသား ၁၀ သိန်း၊ ကောင်တာမှ ငွေ ၁၂၀၀၀ ကျပ် စုစုပေါင်း သိန်း ၅၀ ဖိုး ဓါးပြတိုက်လုယူသွားသည်ဟု ဆိုင်ရှင်နှင့်နီးစပ်သူ ပြည်သူတစ်ဦး KNG ကိုပြောသည်။

ဆိုင်ဓားပြတိုက်ခံရတာက မနက်ပိုင်း ၉ နာရီလောက်မှာဟုတ်တယ်။ ဆိုင်ထဲဝင်လာတာက ၂ ယောက်ထဲပဲ အပြင်မှာလုံးခြုံရေးယူပေးနေတဲ့ သူတွေက ဘယ်လောက်ရှိလဲတော့မသိဘူး။ ဖုန်းတန်ဖိုးနဲ့ ငွေသား အားလုံးပေါင်းရင် သိန်း ၅၀ ကျော်လောက်ရှိတယ်လို့သိရတယ်ဟုဆိုသည်။

ဖုန်းဆိုင်အတွင်း ဓါးပြဝင်ရောက်တိုက်သည့် လူ ၂ ဦးသည် ဆိုင်အတွင်းမှ ထွက်ခွာသွားခဲ့ပြီးနောက် လမ်းတွင်သွားလာနေသည့် ပြည်သူ တစ်ဦး၏ ဆိုင်ကယ်တစ်စီးကိုလည်း ထပ်မံလုယက် မောင်းနင်းသွားသည်ဟု သိရသည်။

ဓါးပြဝင်တိုက်သည့် လူ ၂ ဦး၏ မျက်နှာများအုပ်ထားသည့်အတွက် မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ်မသိလိုက်ရကြောင်း သိရသည်။

ယခုလို ဖုန်းဆိုင်အတွင်းထဲအထိ ဓါးပြတိုက်ခံရမှုမှာ ဖားကန့်ဒေသအတွင်း ခိုးယက်မှု အလွန်များပြားလာသည့် အခြေအနေတွင် ဖြစ်ပေါ်လာပြီး နယ်မြေစိုးမိုးမှုအလွန်အားနည်းသည့်အတွက်ကြောင့်လည်းဖြစ်သည်ဟု ဒေသခံများပြောဆိုသည်။

ဖားကန့်မြို့နယ်သည် သီးခြားမြို့နယ်များထက် လူမျိုးပေါင်းစုံ ကျင်လည်နေသည့် ကျောက်စိမ်းထွက်ရှိသည့် မှော်ဒေသဖြစ်ပြီး စစ်တပ်ကအာဏာသိမ်းပြီး ယခုလိုဖြစ်စဉ်များ ပြည်သူလူထုကြား မကြာခဏ ကြုံတွေ့နေရခြင်းဖြစ်သည်။

Read Previous

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

Read Next

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ