,

Breaking News :

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

နာဂတောင်တန်း ကျေးရွာတစ်ခု ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွား

ရွှေဘိုတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

ဒီပဲယင်းတွင် တစ်ပတ်အတွင်းကျေးရွာ ၁၀ ရွာမှ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ

ရွှေကူ ဆင်တပ်ရွာတွင် ဖမ်းဆီးထားသည့် ပြည်သူ ၁၄ ဦးအနက် ဆယ်ကျော်သက်လူငယ်တစ်ဦးကို ကလေးအကျဥ်ထောင်ပို့ရန် စီစဥ်နေ

မိုးညှင်း Silent strike နေ့တွင် အလယ်တန်းကျောင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား

စစ်ဘေးရှောင်ကျေးရွာ ၁၂ ရွာမှ ဒေသခံတစ်သောင်းကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာအရေးပေါ်အကူညီများ လိုအပ်နေ

စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးတို့ဖြင့် အဆက်အသွယ် မရသေး

အာဏာသိမ်းမှု ၂ နှစ်ပြည့် အသံတိတ်သပိတ် ပါဝင်ပေးကြဖို့ ကချင်ပြည်နယ်မှ တော်လှန်ရေးအင်အားစုများ တိုက်တွန်း

မြင်းမူ မြို့မရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရကာ ရဲနှင့်စစ်သား ၃ ဦးသေဆုံး

စစ်ကိုင်းဒေသ Zero ပြောက်ကျားအဖွဲ့

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြို့မရဲစခန်းအဝင်ဝတွင် ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ဗုံးထောင်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး နှင့် စစ်သား၂ ဦး သေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာပြင်းထန်ခဲ့သည်ဟု Zero ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ မနက် ၇ နာရီဝန်းကျင်တွင် မြင်းမူမြို့မှ ရဲစခန်းရှိ စစ်သားနှင့် ရဲ ၄ ဦးသည် လက်ဖက်ရည် ထွက်သောက်စဥ် အခုလိုထောင်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကျနော်တို့က မိုင်းနှစ်လုံးနဲ့ ရဲစခန်းဝကို သွားချခဲ့တယ်။ ရဲတွေက ကင်းလုပ်ပြီးတော့ လက်ဖက်ရည်သောက်တဲ့အချိန်ပေါ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ နောက်ဆုံးသိရတဲ့အခြေနေက ရဲတစ်ကောင်ကနေရာမှာတင် ပွဲချင်းပြီးသေတယ်။ စစ်သားနှစ်ကောင်က မုံရွာအရောက်မှာ သေသွားတယ်လို့ သိရတယ်။ ရဲစခန်းဝမှာ ကင်း‌စောင့်နေတဲ့ ရဲမေတစ်ယောက်က မျက်နှာထိတယ်လို့ သိရတယ်။ နောက်တစ်ယောက်က စိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်ဟု ပြောသည်။

မြင်းမူ မြို့မရဲစခန်းတွင် စစ်သားနှင် ရဲအင်အား ၃၀ ဝန်းကျင်ခန့်ရှိပြီး တိုက်ခိုက်ခံခဲ့ရပြီးနောက် ရဲစခန်းအဝင်အထွက်ကို ပိတ်ထားကာ ရဲစခန်းအနီးတစ်ဝှိုက်တွင် စစ်ဆေးရေး တင်ကြပ်ထားကြောင်း သူက ဆက်ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) True Fighter (တပ်ခွဲ)၊ တပ်ရင်း() မြင်းခြံခရိုင်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင်လည်း တောချောင်းဦး ရဲစခန်းကို Zero ပြောက်ကျားတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းကာ စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲ ၇ ဦး သေဆုံးခဲ့သေးသည်။

Read Previous

ပူတာအိုဒေသကို ထိန်းသိမ်းကာကွယ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောဆို

Read Next

ဖမ်းဆီးခံထားရသည့် ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကို တွေ့နိုင်ရန် KBC ကြိုးပမ်းနေဆဲ