တိုက်ပွဲသတင်း

မင်းကင်း ပျူစောထီးစခန်းတစ်ခုကို ကျောင်းသာတော်လှန်ရေးတပ်ဖွဲ့ တိုက်ခိုက်ခဲ့ရာ ၃ဦးသေဆုံး၊ ၄ ဦး အရှင်ဖမ်းမိ 

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် အင်ကြင်းတောင်ပျူရွာကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးကာ ၄ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု Student’s Revolution Force အဖွဲ့က ဇွန်လ ၁၂ ရက်နေ့ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်း ၄ နာရီခန့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် ၂နာရီကျော်ကြာမြှင့်ခဲ့ကာ လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပျူရွာကို ဝင်တိုက်ကြတာပါ အဲ့မှာတိုက်ပွဲကတစ်နာရီကျော်လောက်ကြာတော့ သူတို့ထွက်ပြေးကြတယ် အဲ့မှာခုခံသူတွေထဲကနေ ၅ယောက်ဖမ်းမိတယ် ၃ယောက်ကတော့သေဆုံးခဲ့တယ် မျက်မြင်ပါပဲ ဘန်ကာတွေ သူတို့ကင်းစခန်းတွေကိုလည်း ဖျက်ဆီးခဲ့ပါတယ်“ဟုကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) မှ တာဝန်ရှိသူကပြောသည်။

ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများကို ကျောင်းသားတော်လှန်ရေးတပ်စခန်းတွင် ထိန်းသိမ်းထားပြီး စစ်သုံ့ပန်း ဥပဒေများနှင့်အညီ စစ်ဆေးမေးမြန်းကာအရေးယူသွားမည်ဖြစ်ကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

ဖမ်းဆီးရမိသူများမှာ ဦးကံငြိမ်း ၆၅နှစ်၊ ဦးပြည့်ဘော် ၅၈နှစ်၊ ဦးဝင်းဦး ၃၇နှစ်၊ ဦးအေးဆွေ ၅၇ နှစ်တို့ ဖြစ်ပြီး တိုက်ပွဲအတွင်း Carbine M-2 ၁လက် ၊ 4.8ပြောင်းချောသေနတ် ၂လက်၊ က.ပ.စ ထုတ်ကြည်ထိုး ၁လက်၊ တူမီး၂လက်၊ 4.8ကျည် 63ထောင့်၊ 0.30 ကျည် ၁၁၄ထောင့် နှင့် ဖုန်း၃လုံး တို့ကိုလည်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းတွင်လည်း မင်းကင်းမြို့နယ် မောက္ကတော်ရွာအနီးတွင် စစ်ကောင်စီတပ် နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့တို့အကြား နာရီဝက်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရမူများရှိခဲ့သည်ဟု သိရသည်။

Show More

Related Articles

Back to top button