ဖားကန့်မြို့နယ်
-
Jun- 2022 -22 Juneတိုက်ပွဲ
ဖားကန့် ဆန်ခါအကျဉ်းထောင်ကို KIA နှင့် PDF အဖွဲ့ လက်နက်ကြီးပစ်ခတ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာတွင်ရှိသော ဖားကန့်အကျဉ်းထောင်ကို ယနေ့နံနက်ပိုင်း ၅နာရီဝန်းကျင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ပူးပေါင်းကာ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရသည်။ စစ်ကောင်စီတပ်ရှိသည့် ဆန်ခါအကျဉ်းထောင်ဘက်သို့ KIA နှင့် PDF တို့က…
Read More » -
21 Juneသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကျင်းပနေချိန် လက်နက်ကြီးထိမှန်ခဲ့သည့် ပြည်သူသုံးဦးအနက် တစ်ဦးသေဆုံး
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံ မဒဲ့ယာန်ကျေးရွာတွင် ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၇ နှစ်ပြည့် မွေးနေ့ပွဲပြုလုပ်ကျင်းပနေချိန်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ပြည်သူ ၃ဦးအနက် တစ်ဦးသေဆုံးသွားပြီဖြစ်ကြောင်းသိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏…
Read More » -
20 Juneသတင်း
ဖားကန့်တွင် ဒလန်ဟုသတင်းထွက်နေသည့် အမျိုးသား ၃ဦး ပစ်သတ်ခံရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီဆာနှင့်လုံးခင်းကျေးရွာ ၂ခု၏ နယ်နမိတ်အစပ်နားတွင် ဒလန်ဟုဆိုရသော အမျိုးသားသုံးဦး လက်နောက်ပြန်ကြိုးသုတ်ကာ ပစ်သတ်ခံထားရပြီး သေဆုံးနေသည့် ရုပ်အလောင်း ယနေ့နံနက်ပိုင်းက တွေ့ရှိရကြောင်း ဒေသခံများထံမှသိရသည်။ ဖြစ်စဉ်သည် ယနေ့နံနက် အစောပိုင်း ၂ နာရီခန့်အချိန်တွင် မှော်စီဆာနှင့်…
Read More » -
17 Juneသတင်း
ဖားကန့်တွင် လူထုသပိတ် နှင့် PDF အဖွဲ့တို့ စစ်တပ်ထုတ်ကုန်များ ဖမ်းဆီး ဖျက်ဆီးခဲ့ကြ
ဖားကန့်မြို့နယ်တွင် ဆန္ဒပြထုတ်ဖော်နေသည့် ပြည်သူလူထုများနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့တို့ပူးပေါင်းကာ စစ်တပ်ထုတ်ကုန်များဖြစ်သည့် ABC နှင့် Dragon စီဘီယာများ အဖာတစ်ရာကျော်ခန့်ကို ဖမ်းဆီးဖျက်ဆီးပေးနိုင်ခဲ့ကြောင်း ဖားကန့်မြို့နယ်လုံးဆိုင်ရာ လူထုသပိတ်စစ်ကြောင်းမှ သိရသည်။ ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင်…
Read More » -
13 Juneသတင်း
ကလေး ၄ ဦးအပါအဝင် ဖမ်းဆီးခံရသည့် မက်လင်ဂျောင်ကျေးရွာမှ ပြည်သူ ၂၃ဦး ပြန်လွှတ်လာခြင်းမရှိသေး
ဖားကန့်မြို့နယ် မက်လင်ဂျောင်ကျေးရွာမှ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံသွားရသည့် ကလေး ၄ဦးအပါအဝင် ပြည်သူ ၂၃ဦး ယနေ့ချိန်ထိ လွှတ်မြောက်လာခြင်းမရှိသေးသည့်အပြင် မိသားစုဝင်များနှင့်လည်း အဆက်အသွယ်မရသေးကြောင်း သိရသည်။ ဇွန်လ ၁၁ ရက်နေ့ နံနက် ၂နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ မက်လင်ဂျောင်ကျေးရွာမှ…
Read More » -
10 Juneသတင်း
ဖားကန့်တွင် သူခိုးဟု ယူဆသည့် လူငယ် ၇ ဦးကို လက်နက်အဖွဲ့ တစ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွား
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် လူငယ် ၇ ဦးကို သူခိုးဟု ဆိုကာ လက်နက်ကိုင်ထားသည့် အဖွဲ့တစ်ဖွဲ့ မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့တွင်လည်း နောက်ထပ်တစ်ဦးကို ထပ်မံ ဖမ်းဆီးသွားကြောင်း သိရသည်။ ပထမဆုံး လူငယ် ၆ ဦးမှာ…
Read More » -
9 Juneသတင်း
လသားအရွယ် ကာကွယ်ဆေးထိုးပြီး ပြန်လာသော မိသားစုဝင် ၃ ဦး ကား ကျင်းထဲ ပြုတ်ကျ သေဆုံး
ဖားကန့်မြို့နယ် အေးမြသာယာ ကျောက်စိမ်းလုပ်ကွက်ဟောင်းကျင်းထဲတွင် အိမ်စီးကားတစ်စီး ပြုတ်ကျခဲ့ရာ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦး ထိုနေရာတွင် သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်သည် ယနေ့ နံနက် ၉နာရီခွဲတွင် မှော်မောင်းလျှံကျေးရွာမှ ဖားကန့်ပြည်သူ့ဆေးရုံသို့ လသားအရွယ်…
Read More » -
2 Juneသတင်း
နတ်မော်ကျေးရွာအုပ်ချုပ်ရေးမှူး ရိုက်နက်ထားသည့် ဒဏ်ရာများဖြင့်သေဆုံးနေ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နတ်မှော်ကျေးရွာအုပ်ချုပ်ရေးမှူးကို လက်နောက်ပြန်ကြိုးတုပ်ကာ ရိုက်နက်ထားပြီး ဒဏ်ရာများဖြင့်သေဆုံးနေသော ရုပ်အလောင်းကို ယနေ့ တွေ့ရှိခဲ့ကြောင်း ဒေသခံများထံ မှသိရသည်။ သေဆုံးနေသော အုပ်ချုပ်ရေးမှူး၏ရုပ်အလောင်းအား ဇွန်လ ၂ ရက် ယနေ့ နံနက်ပိုင်း ၈နာရီခန့်အချိန်တွင် ဆိုင်းတောင်ရွာအထွက်…
Read More » -
2 Juneသတင်း
ဖားကန့်တွင် အသတ်ခံရသူ ၄ ဦးမှာ မက်လင်ချောင် အုပ်ချုပ်ရေးမှူးအပါ ဆွေမျိုးတော်စပ်သူများဖြစ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုတွင် ဇွန်လ ၁ ရက်ညက အသတ်ခံလိုက်ရသည့်အမျိုး သား ၄ ဦးသည် မက်လင်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ဆွေမျိုးတော်စပ်သူ သုံးဦးတို့ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ ဇွန်လ ၁ ရက်နေ့ည ၈ နာရီခန့် အချိန်တွင်…
Read More » -
1 Juneသတင်း
ဖားကန့်တွင် လူငယ်လေးဦး လက်နောက်ပြန်ကြိုးသုတ်ပြီး ပစ်သတ်ခံရ
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုတွင် ယမန်နေ့ မေလ ၃၁ ရက်နေ့ည ဆွတ်အောင် ကျေးရွာအနီးရှိ တံတားငယ်တစ်ခုအောက်တွင် လူငယ်လေးဦး လက်နောက်ပြန်ကြိုးသုတ်ပြီး ပစ်သတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ည ၈ နာရီခန့်တွင်…
Read More »