ဗုံးကျဲ
-
Dec- 2023 -26 Decemberသတင်း
မိုးတားလေးမှာ စစ်တပ်က ဗုံးကျဲလို့ KPDF တပ်ဖွဲ့ ၁ ဦးသေဆုံး၊ အရပ်သားလည်း ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ
ကသာမြို့နယ် မိုးတားလေးကျေးရွာမှာ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးတားလေးရွာထဲကို အကြောင်းမဲ့ဗုံးကျဲတိုက်ခိုက်သွားတဲ့အတွက် မြို့လှ KPDF က တပ်သားတစ်ဦးသေဆုံးပြီး အရပ်သား ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေ ဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့ ဒီကနေ့ နေ့လည် ၁၁ နာရီခွဲအချိန် မြစ်ကြီးနားကနေ တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ဂျက်ဖိုက်တာတစ်စီးဟာ မိုးတားလေးရွာနဲ့ ကျွန်းပင်ရွာဘက်ကို ပေါင် ၅၀၀ လောက်ရှိတဲ့ ဗုံး တစ်လုံးစီကျဲချသွားတာဖြစ်တယ်လို့ ကသာကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “ဟုတ်တယ် မိုးတားလေးမှာ တော်လှန်ရေးအဖွဲ့တွေ ကင်းပတ်ရင်းခနနားနေတဲ့ချိန် ဗုံးချသွားတာ KPDF ကတစ်ယောက်ကျတယ်။ ပြီးတော့ အရပ်သား မိန်းကလေး တစ်ယောက်နဲ့ အမျိုးသား ၂ ယောက်လည်း ထိထားတယ်။ ကျွန်းပင်ဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ဘဲ သိထားသေးတယ် အဲလောက်ဘဲပြောလို့ရအုံးမယ် အသေးစိတ်တော့ မသိရသေးဘူး”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က ဗုံးကျဲချသွားတဲ့နေအိမ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ကင်းပတ်ရင်း ယာယီဝင်နားနေတဲ့နေအိမ်ဖြစ်ပြီး ပစ်မှတ်ကိုတိတိကျကျပစ်သွားတာဖြစ်တဲ့အတွက် နေအိမ်မှာတည်းခိုနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာအပြင် အနီးပတ်ဝန်းကျင်မှာရှိတဲ့ နေအိမ် ၈ လုံးလည်း ထိခိုက်ပျက်စီးကာ အရပ်သားထိခိုက်မှုရှိတာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ခုလို စစ်တပ်ဘက်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ယာယီဝင်နားနေတဲ့နေရာကိုပါ တိတိကျကျ ဗုံးကျဲသွားတာဟာ စစ်တပ်သတင်းပေးထက်သာတဲ့ တပ်တွင်းသတင်းပေးတွေရှိနေတဲ့အတွက် ဖြစ်နိုင်တယ်လို့ ကာကွယ်းတပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ “ပစ်မှတ်ဒီလောက်တိတိကျကျပစ်နိုင်တာ ဒါပထမဆုံးအကြိမ်ဘဲ ရိုးရိုးသတင်းပေးထက် သာတဲ့သတင်းပေးရှိနေလို့ ဒီလိုပစ်မှတ်တိကျတာ”လို့ ပြောပါတယ်။ စစ်တပ်က ဗုံးကျဲချသွားတဲ့ မိုးတားလေးရွာနဲ့ကျွန်းပင်ရွာဟာ မိုင်အားဖြင့် ၃ မိုင်ခန့်ဝေးတဲ့ရွာဖြစ်ပါတယ်။ ကသာမှာ ဒီဇင်ဘာလ လဆန်းပိုင်းကစပြီး စစ်ကိုင်းဘက်ကနေ ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ကျားဘီလူးဆိုတဲ့စစ်ကြောင်းတွေရောက်လာပြီးနောက် ဒီဇင်ဘာလ ၁၆ ရက်နေ့ ကသာမြို့နယ် ပကဖက သတင်းတာဝန်ခံအပါအဝင် ၃ ယောက် သတ်ဖြတ်ခံရတဲ့အပြင် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာလည်း မိုးတားလေး ဒရုန်းတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ အောင်ပုံရွာက ဒေသခံတစ်ဦးကိုလည်း သတ်ဖြတ်ခံလိုက်ရပြီဖြစ်ပါတယ်။ ခုလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအပြင် အရပ်သားသတ်ဖြတ်ခံရတာ ခပ်စိပ်စိပ်ဖြစ်လာနေတာဟာ စစ်တပ်သတင်းပေးအခိုင်မာရှိနေခြင်းကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကသာမြို့ဟာ ကချင်– စစ်ကိုင်းအစပ်မှာရှိတဲ့မြို့နယ်ဖြစ်ပြီး ဧရာဝတီမြစ်ကမ်းနံဘေး ရှိတဲ့မြို့နယ်ဖြစ်တဲ့အပြင် စစ်ရေးအရအချက်ချကျတဲ့ နေရာလည်းဖြစ်ပါတယ်။ By – ဇမီ
Read More » -
Oct- 2023 -10 Octoberသတင်း
လိုင်ဇာမြို့အနီး ဗုံးကျဲခံရမှုမှာ အရပ်သားထိခိုက် သေဆုံးသူ ၅၀ လောက်ရှိ
KIO ဌာနချုပ် လိုင်ဇာမြို့အနီး မုန်လိုင်ခက် (Mung Lai Hkyet) ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေအပါအဝင် အရပ်သားထိခိုက် သေဆုံးသူ ၅၀ လောက်ရှိပြီး တစ်ရွာလုံးနီးပါး ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ မုန်လိုင်ခက်ဒေသခံတွေ ပြောပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့၊ ည ၁၁ နာရီအချိန် စစ်ကောင်စီတပ်က မြစ်ကြီးနားဘက်နေ စစ်တပ်သုံးလေယာဉ်နဲ့…
Read More » -
Aug- 2023 -21 Augustသတင်း
ထီးချိုင့်နယ် တိုက်ပွဲမှာ စစ်တပ်ဘက်ကအထိနာပြီး လေယာဥ်နဲ့ဗုံးကျဲ
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ဇီးကုန်းကျေးရွာဘက်မှာ ဩဂုတ်လ ၂၀ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ထီးချိုင့်PDF ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက် ၃ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတစ်ချိူ့ကိုလည်း ကာကွယ်ရေးတပ်ဘက်ကသိမ်းဆည်းရမိခဲ့တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ကနေ သိရပါတယ်။ သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ဇီးကုန်းကနေ ကွင်းကြီးဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား…
Read More » -
May- 2023 -30 Mayသတင်း
ယင်းမာနယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ဗုံးကျဲတိုက်ခိုက်ခံရ
ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာကို စစ်ကောင်စီတပ် မေလ ၂၉ ရက်နေ့တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် ၂ ကြိမ်ထက်မနည်း လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ကပိုင်ကျေးရွာ၏ အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ မွန်းလွဲ ၂ နာရီခန့်တွင်…
Read More » -
25 Mayသတင်း
အင်းတော်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသ ကျွန်းတောကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများပြားခဲ့သောကြောင့် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူနေရပ်ကွက်ထဲဗုံးသီးကျ၍ အိမ်တစ်လုံးနှင့် ကုန်စုံဆိုင်တစ်ခု ပျက်စီးသွားကြောင်း ဒေသခံများမှ သိရသည်။ တပ်မ ၇၇ နှင့် တပ်မ ၈၈ ပူးပေါင်းတပ်အင်အား ၁၀၀ ကျော်ပါဝင်သော စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းက ရွာသာရွာမှ ဗန်းမောက်ဘက်သို့ ထွက်ခွာစဥ် သက်ကယ်ကျွန်းနှင့် ကျွန်းတောကျေးရွာကြားတွင်…
Read More » -
23 Mayတိုက်ပွဲ
အင်းတော်တွင် စစ်ကောင်စီတပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်
ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် မော်တိတ်ဒေသရှိ ရွာသာရွာအနီးတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်မှ ဂျက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် အင်းတော် PDF နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် တပ်မ ၈၈ နှင့် တပ်မ ၇၇ ပူးပေါင်းတပ် အင်အား…
Read More » -
10 Mayသတင်း
စစ်ကောင်စီတပ်သည် စာသင်ကျောင်းများကို ပစ်မှတ်ထား ဗုံးကျဲတိုက်ခိုက်နေ
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် စာသင်ကျောင်းအချို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်နေကြောင်း People’s Defense Comrade အဖွဲ့ထံမှ သိရသည်။ ရေဦးမြို့နယ် အနောက်ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်သည် စာသင်ကျောင်းများကို ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေကြောင်း People’s Defense Comrade မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။…
Read More » -
Apr- 2023 -20 Aprilတိုက်ပွဲ
KIA တပ်ရင်း ၆ ဌာနချုုပ်ကို စစ်တပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်
ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထက်ပိုင်း အင်မာဘွမ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၆ ဌာနချုပ် တပ်စခန်းကို ဧပြီလ ၁၉ ရက်နေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ညနေ ၅ နာရီခွဲခန့်တွင် လာရောက်ဗုံးကျဲခဲ့ခြင်းဖြစ်ပြီး အဆောက်အဦးများတစ်ချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု KIA နှင့် နီးစပ်သူ ဖားကန့်ဒေသခံတစ်ဦး KNG ကိုပြောသည်။ “လူက…
Read More » -
13 Aprilတိုက်ပွဲ
ဗန်းမောက်တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိ
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် သာယာကုန်းကျေးရွာတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အသက်ကြီးရွယ်တစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံပြည်သူများထံမှသိရသည်။ ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်း ၁၂ နာရီဝန်းကျင်အချိန် ဂျက်ဖိုက်တာဖြင့် ၈ ကြိမ်အထက် ဗုံးကျဲတိုက်ခိုက်သွားပြီး နေ့လည်…
Read More » -
11 Aprilတိုက်ပွဲ
ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ညနေပိုင်း ဒုတိယအကြိမ် ထပ်မံ ဗုံးကျဲတိုက်ခိုက်
ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာတွင် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးနေသော ရုပ်အလောင်းများကို ကောက်ယူနေသော အရပ်သားများကို စစ်တပ်က ယနေ့ ညနေပိုင်းတွင် ဒုတိယအကြိမ် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ယနေ့ ညနေ ၅ နာရီခန့်တွင် ဂျက်ဖိုက်တာတစ်စီးသည် ၁၀ မိနစ်ခြားကာ နှစ်ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက…
Read More »