SNA
- Mar- 2024 -20 Marchသတင်း

ပင်းဘောမှာ ဘုရားပွဲအကြောင်းပြပြီး စစ်တပ်နဲ့ SNA တပ်အင်အားဖြည့်နေ
မိုးကောင်းမြို့နယ် ပင်ဘောကျေးရွာမှာ ဘုရားပွဲအကြောင်းပြပြီး စစ်တပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SAN တပ်တို့ အင်အားဖြည့်နေတယ်လို့ ပင်းဘောဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၁၈ ရက်နေ့ကစပြီး ပင်းဘောရွာမှာရှိတဲ့ ဓမ္မရာဇိက အောင်တော်မှုစေတီတော်မြတ်ကြီးရဲ့ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် အလှူတော်မင်္ဂလာကို…
Read More » - 5 Marchသတင်း

တာမခံဘုန်းကြီးကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပိတ်ဆို့တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံရွာဘုန်းကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်မတော် SNA ပူးပေါင်းတပ် အင်အား ၆၀ ဝန်းကျင်ကို KIA,KPDF ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ၅၀ ထက်မနည်း သေဆုံးတယ်လို့ KPDF ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။…
Read More » - Feb- 2024 -29 Februaryသတင်း

မိုးညှင်းနဲ့ မိုးကောင်းဒေသ စစ်တပ်နဲ့ SNA တပ်က ဖမ်းဆီးမှုပိုမိုလုပ်ဆောင်လာ
မိုးညှင်းနဲ့ မိုးကောင်း မြို့နယ်အတွင်းရှိကြတဲ့ ကျေးရွာတစ်ချို့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်တွေက ခရီးသွားပြည်သူတွေကို သွားလာရေးခက်ခဲအောင်လုပ်ဆောင်နေပြီး ဖမ်းဆီးစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ မိုးညှင်း၊ ဟိုပင်၊ နမ္မန၊ မင်းကုန်း၊…
Read More » - Dec- 2023 -18 Decemberသတင်း

ဟုမ္မလင်း PDF မဟာမိတ်တပ်ပေါင်းစုတွေ သိမ်းပိုက်ခဲ့တဲ့ လွှစင်ကုန်းကျေးရွာမှာ SNA ပြန်လည် ဝင်ရောက်တပ်ချ
စစ်ကိုင်း ဟုမ္မလင်း မြို့နယ်ထဲက ဟုမ္မလင်း PDF မဟာမိတ်တပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ လွှစင်ကုန်းကျေးရွာထဲမှာ စစ်ကောင်စီ လက်အောက်ခံ SNA တပ်က တပ်ထိုင်ထားပြီလို့ ဒေသခံတွေ ပြောပါတယ်။ “လွှစင်ကုန်းဘုန်းကြီးကျောင်းမှာကော၊ လူနေအိမ်တွေမှာကော ပြန်နေ နေကြတယ်။ ကြာတော့ကြာပြီသူတို့ပြန်ရောက်နေတာ အခုထိမထွက်သွားကြသေးဘူး PDF တွေသိမ်းပြီး ဆုတ်သွားတဲ့နောက် ၂ရက်လောက်မှာပဲ သူတို့တွေပြန်ရောက်လာတာ”လို့ လွှစင်ကုန်းဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။…
Read More » - Oct- 2023 -5 Octoberသတင်း

ဟုမ္မလင်းနယ် နားနှုန်းရွာထဲမှာ SNA တပ်က အထိုင်တပ်ချဖို့ပြင်ဆင်နေ
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နားနှုန်းကျေးရွာထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်က အထိုင်တပ်ချဖို့ ပြင်ဆင်လာနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဟုမ္မလင်းမြို့နဲ့ ငါးမိုင်ခန့်သာဝေးတဲ့ နားနှုန်းကျေးရွာဟာ ကျေးရွာအုပ်စုထဲမှာ ကျေးရွာပေါင်း ၅ ရွာသာရှိတာဖြစ်ပြီး အဲ့ဒီကျေးရွာ ၅ရွာရဲ့ အလယ်ဗဟိုမှာကျတဲ့ နားနှုန်းရွာထဲမှာ SNA…
Read More » - 2 Octoberသတင်း

SNA နဲ့ PDF တို့ တိုက်ပွဲကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့မှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ဟုမ္မလင်း PDF ၊ မဟာမိတ် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့၊ အင်အား ၅၀ လောက်ရှိတဲ့ SNA တပ်တွေဟာ ဟုမ္မလင်းမြို့တောင်ဘက် မိုင်…
Read More » - Sep- 2023 -29 Septemberသတင်း

နောင်ပိုအောင်ကျေးရွာမှာ စစ်ကောင်စီနှင့် SNA တပ်တွေ စစ်သင်တန်းပေးနေ
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာထဲကို စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်တွေ အင်အား ရာချီဝင်ရောက်နေပြီ တပ်သားသစ် ၁၅၀ ဝန်းကျင်လောက်ကိုလည်း စစ်သင်တန်းတွေပေးနေတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၀ ရက်ကျော်လောက်ကတည်းက စစ်ကောင်စီစစ်သား ၁၅၀ ကျော်၊SNAစစ်သား ၂၅၀၊…
Read More » - 27 Septemberသတင်း

ဟုမ္မလင်းမှာ SNA နဲ့ PDF တိုက်ပွဲပြင်းထန်၊ အရပ်သားနှစ်ဦး သတ်ဖြတ်ခံထားရ
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်၊ မဟာမိတ်ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး၊ အရပ်သား ၂ ဦးလည်း သတ်ဖြတ်ခံထားရတယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာ ကင်းစေတီအနီးထိုင်ထားတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ SNA တပ်စခန်းကိုဟုမ္မလင်း PDD နှင့် မဟာမိတ်ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းမှာ လက်နက်ကြီး ၊…
Read More » - Aug- 2023 -18 Augustသတင်း

ဆယ်ဇင်းမှာ SNA တပ်ပစ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပြီး အရပ်သားပြည်သူ ၇ ဦး ဒဏ်ရာရရှိ
ဖားကန့်မြို့နယ်၊ ဆယ်ဇင်းတိုက်နယ်အပိုင်း နန့်ပုတ်ကျေးရွာဈေးတန်းဘက်ကို ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့က လက်နက်ကြီး ပတ်ခတ်လိုက်တဲ့အတွက် အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ “အိမ်ထဲကို တစ်လုံးကျတယ်၊ ဈေးတန်းထဲကို တစ်လုံးကျတယ်၊လက်နက်ကြီးနဲ့ပစ်တာပါဗျ“ဟု နန့်ပုတ်ကျေးရွာသားတစ်ဦးကပြောပါတယ်။ လက်ရှိမှာ လက်နက်ကြီးထိမှန်ပြီး…
Read More » - 7 Augustသတင်း

ဆယ်ဇင်းကြိုးတံတားနားမှာရှိတဲ့ SNA တပ်စခန်းကို KIA ဘက်က ထပ်ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့
ဖားကန့် ဆယ်ဇင်းကျေးရွာမှာရှိတဲ့ ကြိုးတံတားနားက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ဒီမနက် ၆နာရီဝန်းကျင်မှာ သွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။ ဒီနေ့မနက် နမ့်မော်နဲ့ကသိုဏ်းစစ်တပ်စခန်းဝင်ရောက်ချိန် တစ်ပြိုင်နက်ထဲမှာဘဲ ဆယ်ဇင်းရွာကြိုးတံတားနားမှာတပ်စွဲနေထိုင်တဲ့ SNA စခန်းကိုလည်း သွားရောက်တိုက်ခိုင်တာဖြစ်တယ်လို့ ပြောပါတယ်။ “ဒီမနက် စခန်း ၂ခုစလုံးကို သိမ်းနိုင်တဲ့အခြေနေဟုတ်တယ် ကသိုဏ်းရော ဆယ်ဇင်းက SNAစခန်းရော သိမ်းလိုက်တယ်ဆိုတာ မှန်ပါတယ်” လို့ပြောပါတယ်။ SNA တပ်စခန်းဝင်ရောက်တိုက်ခိုက်ရာမှာ အရာရှိ ၃ ဦးနဲ့သုံ့ပန်းတွေလည်း ဖမ်းဆီးရမိပြီးလက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိသွားတယ်လို့ ဒေသခံတွေ ဆယ်ဇင်းဘက်က ဒေသခံတွေပြောဆိုနေကြပေမယ့် ဒီအချက်လက်ကိုတော့ KNG အနေနဲ့သီးခြားအတည် ပြုနိုင်တာမရှိသေးပါဘူး။ KIA ဘက်က ဒီမနက်ထဲမှာဘဲ ဖားကန့်မှာရှိတဲ့ နမ့်မော်၊ကသိုဏ်းစစ်တပ်စခန်းအပြင် ဆယ်ဇင်း SNA စခန်းကိုဝင်ရောက်တိုက်ခိုက်တာဟာ ကသိုဏ်းတပ်စခန်းဘက်ကို စစ်ကူအနေနဲ့ဝင်ရောက်လာမယ့် စစ်ကောင်စီတပ်နဲ့SNA အဖွဲ့တွေကို တားဆီးတဲ့အနေနဲ့ သွားရောက်တိုက်ခိုက်တာ ဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ “အဓိကတော့ ဒီဘက်ကို စစ်ကူမလာနိုင်အောင် သွားတားတော့ဟုတ်တယ်။ဒါပေမယ့် လက်နက်ကိုင်ထားတဲ့တူတွေဆိုတဲ့ ကိုယ်ပစ်သူပစ်ပေါ့ သူတို့ဘက်က ထိခိုက်သေဆုံးသူများတယ်”လို့ပြောပါတယ်။ ဒီမနက် ကသိုဏ်တပ်စခန်းကိုသွားရောက်တိုက်ခိုက်တဲ့ KIA တပ်ရင်း ၆ နဲ့ဆယ်ဇင်း SNA စခန်းသွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ KIA တပ်ရင်း၂၆ ဟာ တပ်မဟာ ၉လက်အောက်ခံတပ်တွေဖြစ်ပါတယ်။ လက်ရှိ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေက နမ်ဆန်ယန်ဘက်ကိုလည်း နေ့တိုင်းစစ်အင်အား ဖြည့်နေတဲ့အပြင် ဖားကန့်ဘက်မှာလည်း စစ်တပ်စခန်းထိခိုက်သေဆုံးတာတွေများလာတဲ့အတွက် စစ်တပ်ဘက်က လေကြောင်းအသုံးပြုလာနိုင်သောကြောင့် အရပ်သားပြည်သူများ သတိထားနေကြဖို့ကိုလည်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။
Read More »








