ကသာ

  • Dec- 2023 -
    21 December
    သတင်း

    မိုးတားလေးတိုက်နယ် ပကဖရဲ့ ဒရုန်းတပ်ဖွဲ့ဝင် ၃ ယောက် အသတ်ခံရ

    စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ် မိုးတားလေးတိုက်နယ်မှာ မနေ့က ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်း စစ်ဆင်ရေးသွားပြီး ပြန်လာတဲ့ မိုးတားတိုက်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒရုန်းတပ်ဖွဲ့ဝင် ၃ ယောက် စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး အသတ်ခံခဲ့ရတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါ တယ်။…

    Read More »
  • 18 December
    သတင်း

    ကသာမြို့နယ် ပကဖ အဖွဲ့ရဲ့ သတင်းတာဝန်ခံအပါအဝင် ၃ ယောက်သတ်ဖြတ်ခံရ

    ကချင် စစ်ကိုင်းနယ်စပ်၊ ကသာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  သတင်းတာဝန်ခံတစ်ဦးအပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့က ကသာမြို့နဲ့ ၅ မိုင်အကွာလောက်က ပင်းမလွှတ်ကျေးရွာကို စစ်ကောင်စီ တပ်ဘက်က ဝင်ရောက်စီးနင်းတဲ့အချိန် သတ်ဖြတ်ခံခဲ့ရတာလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က…

    Read More »
  • Nov- 2023 -
    9 November
    သတင်း

    ကသာမှာ စစ်ကောင်စီ ရဲမိသားစုဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ စစ်တပ်ထဲပြောင်းရွေ့

    စစ်ကိုင်းဒေသကြီး ကသာမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲမိသားစုဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ကသာစစ်တပ်ကုန်းထဲမှာ ပြောင်းရွေ့ခိုင်းထားတယ်လို့ ကသာဒေသခံတွေကနေ သိရပါတယ်။ ကသာမြို့ပြင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ KIA၊ ကသာ ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)မဟာမိတ်တပ်တွေကြား လွန်ခဲ့တဲ့ ၃ရက်ကတည်းကနေ နှစ်ဖက်စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲတွေလည်း ရှိခဲ့တာကြောင့် စစ်ကောင်စီဟာ…

    Read More »
  • 8 November
    သတင်း

    ကသာတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံး

    စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ ရွှေကူမြို့နယ်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင် စုန်ဆင်းလာတဲ့ သံခွန်မော်တော်ယာဥ်ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်ကစစ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရွှေကူမြို့နယ်…

    Read More »
  • Sep- 2023 -
    22 September
    အင်တာဗျူး

    ဒရုန်းစစ်ဆင်ရေးကြောင့် ကသာ နဲ့ ရွှေကူဒေသ စစ်ကောင်စီတပ်ကို အသာစီးရယူ (မေးမြန်းချက်)

    ကချင်–စစ်ကိုင်း အစပ်ဒေသ၊ ကသာအထက်ပိုင်း နဲ့ ရွှေကူမြို့နယ် တစ်လျှောက်မှာ စစ်ကောင်စီတပ်က ကုန်းကြောင်း၊ ရေကြောင်းနဲ့ ထိုးစစ်ဆင်နေတာ ၂ နှစ်ကျော်ရှိလာနေပြီ ဖြစ်ပါတယ်။ အခုနှစ်တွေမှာတော့ မြို့လှနဲ့ ရွှေကူမြို့တစ်လျှောက် တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ပိုပြီးအထိနာနေတယ်လို့ မြို့လှ…

    Read More »
  • 18 September
    သတင်း

    ကသာမှာ စစ်ကောင်စီတပ်က အရပ်သား ၈ ယောက်သတ်ဖြတ်ခဲ့ပြီး နေအိမ် ၃၄ လုံးကိုလည်း မီးရှို့ဖျက်ဆီး

    ကချင်ပြည်နယ် ဗန်းမော်ကိုဦးတည်တက်လာနေတဲ့စစ်သင်္ဘောတွေပေါ်မှာပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကသာမြို့နယ် တုတ်ကြီးရွာက နေအိမ် ၃၄ ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးအရပ်သား ၈ ယောက်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်း ၇နာရီလောက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်သင်္ဘော၆စီးက တုတ်ကြီးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံတွေကို…

    Read More »
  • 15 September
    သတင်း

    ကသာနယ်မှာ  အရပ်သား  ၉ဦး သတ်ဖြတ်ခံရ

    စစ်ကိုင်းဒေသကြီး ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားတဲ့ အရပ်သား ၄၀ ကျော်ထဲက ၈ ဦးသတ်ဖြတ်ခံရတဲ့အပြင် နောက်ထပ် အင်းရွာနားမှာလည်း တစ်ဦးသတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ကသာကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၁၁ ရက်နေ့ ကသာနယ် ငအိုးတပ်ထဲကနေ ကျောက်ထုံးကြီးရွာ ၊အင်းဒရန့်ရွာနှင့်ပျဥ်းလေးပင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ကျော်ပါ ငအိုး ၁၂၁…

    Read More »
  • 8 September
    သတင်း

    စစ်တပ်ထောင်ခဲ့တဲ့ မိုင်းတွေကို ဒေသခံတွေ ကိုယ်ထူကိုယ်ထနဲ့ မှိုင်းရှင်းလင်းနေရ

    ကသာမြို့နယ် အင်းဒရန့်ကျေးရွာမှာ သြဂုတ်လ ၂၃ ရက်နေ့ကနေ စက်တင်ဘာလဆန်းပိုင်းအထိ ဝင်ရောက်တပ်စွဲခဲ့တဲ့ အင်အား ၁၀၀ ပါ စစ်ကောင်စီ စစ်ကြောင်းဟာ ကျေးရွာအတွင်းအပြင်မှာ နင်းမိုင်းထောင်ခဲ့တဲ့အတွက် အင်းဒရန်းကျေးရွာခံတွေကိုယ်ထူကိုယ်ထစနစ်နဲ့ မှိုင်းရှင်းလင်းနေရတယ်လို့ ဒေသခံတွေက  ပြောပါတယ်။ လက်ရှိ အင်းဒရန့်ဒေသခံတွေဟာ…

    Read More »
  • 6 September
    သတင်း

    ပျဉ်ထောင်လေးရွာက နေအိမ် ၃၀ ကျော်ကို စစ်တပ်ကမီးရှို့သွား

    စစ်ကိုင်းဒေသကြီး ကသာမြို့နယ် ပျဥ်ထောင်လေးရွာကို စစ်ကောင်စီတပ်ကတိုက်ပွဲမဖြစ်ပဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို လူနေအိမ် အလုံး ၃၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ  သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ ငအိုး ၁၂၁ တပ်ရင်းနဲ့ တပ်မ ၇၇ စစ်ကြောင်းတို့ပူးပေါင်းတဲ့ အင်အား ၇၀ ကျော်ရှိတဲ့ စစ်ကြောင်းဖြစ်ပြီးတော့ စက်တင်ဘာ ၅ ရက်နေ့ မနေ့က နေ့လည်ပိုင်းမှာ…

    Read More »
  • 1 September
    သတင်း

    ကသာနယ် အင်းဒရန့်ကျေးရွာမှာ စစ်ကောင်စီတပ်နှင့် KIA၊ PDFတို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး

    စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် အင်းဒရန့်ကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ KIA၊PDF ပူးပေါင်း တပ်ဖွဲ့တွေကြား ၃ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရပ်သားတွေရဲ့နေအိမ် တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့သိရပါတယ်။ ဩဂုတ်လ ၂၆ ရက်နေ့က ဗန်းမော်ကနေ မန္တလေး ဘက်ကိုဆုန်သွားတဲ့…

    Read More »
Back to top button