စစ်တပ်
-
Jan- 2024 -29 Januaryသတင်း
နန်းမားမှာ လက်နက်ကြီးထိမှန်ပြီး အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန်းမားမြို့မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အရပ်သား တစ်ယောက်သေဆုံးပြီး တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More » -
8 Januaryသတင်း
ဖားကန့် ဝှေခါမှာ စစ်တပ်ကလေယာဥ်နဲ့ဗုံးကျဲ၊ လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေတာကြောင့် ပြည်သူထောင်ချီထွက်ပြေးနေရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာဘက်ကို စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းလေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေလည်းဆက်တိုက်ပစ်ခတ်နေတာကြောင့် ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့ ဝှေခါရဲစခန်းနဲ့စစ်တပ်စခန်း ၂ခုကို KIA၊ KPDF တပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဝှေခါဘက်ကို စစ်ကောင်စီတပ်က မနေ့ညနေပိုင်းကတည်းကနေ လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့သလို ဒီကနေ့ဇန်နဝါရီလ ၈ရက်နေ့ မနက် ၁၁ နာရီမှာလည်း ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဖားကန့် KPDF တာဝန်ရှိသူတစ်ဦးက KNGကိုအတည်ပြုပြောဆိုပါတယ်။ “ဖားကန့်လက်ရှိအခြေအနေက လက်ရှိကျန်နေတဲ့ကုန်းကိုကာတဲ့သဘော နဲ့လေယာဥ်နဲ့လာပစ်သွားတယ်ဗျ။ လာတာက…
Read More » -
Nov- 2023 -22 Novemberသတင်း
စစ်တပ်က ရေလမ်းကြောင်းပိတ်ထားတဲ့အတွက် တလူး၊တကားကျေးရွာမှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်
ကချင်ပြည်နယ် တနိုင်းဒေသ တလူးကျေးရွာနဲ့ စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ် တကားကျေးရွာဘက်ကို စစ်တပ်က ရေလမ်းကြောင်းပိတ်စို့ထားတာကြောင့် ကုန်စည်စီးဆင်းမှုတွေရပ်တန့်ပြီး အခြေခံစား သောက်ကုန်တွေပြတ်လပ်နေတယ်လို့ တလူးကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီကျေးရွာ ၂ ရွာဟာ ကချင်– စစကိုင်းအစပ်မှာရှိပြီး တစ်ဆက်တည်းတည်ရှိနေတဲ့ ကျေးရွာတွေဖြစ်ကာ…
Read More » -
3 Novemberသတင်း
စစ်တပ်ရဲ့ သံခွန်မော်တော်ယာဉ် ၂ စီး မင်းလယ်ကျေးရွာအနီးမှာပစ်ခံရပြီး တစ်စီးထိခိုက်ပျက်စီး
စစ်ကိုင်းဒေသကြီး ကသာမြို့ကနေ ကချင်ပြည်နယ်ဘက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သံခွန်မော်တော်ယာဥ် ၂ စီး မင်းလယ်ကျေးရွာအနီးမှာပစ်ခတ်ခံရပြီး တစ်စီးထိခိုက်ပျက်စီးသွားကြောင်း ကသာကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၃ရက်နေ့ မနက် ၁၁ နာရီီီီီီီီီလောက်မှာ စစ်ရိက္ခတွေတင်ပြီး ကချင်ပြည်နယ်ဘက်ကို…
Read More » -
Sep- 2023 -27 Septemberသတင်း
စစ်တပ်ရဲ့သင်္ဘော ၆ စီးဆန်တက်ခဲ့ချိန် မြစ်ကမ်းတစ်လျှောက်ပြည်သူတွေ ဘာတွေကြုံခဲ့ရလဲ ကာကွယ်ရေးတပ်နဲ့တိုက်ပွဲအခြေနေ ဆက်သွယ်မေးမြန်းချက်
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ စစ်ကိုင်းအထက်မှာရှိတဲ့ ကချင်ပြည်နယ်ဘက်ကို စစ်လက်နက်ရိက္ခာတင်ပို့ရာမှာ ထိခိုက်သေဆုံးမှုနည်းတဲ့ ရေကြောင်းကို သိသိသာသာအသုံးပြုလာပြီး ပြီးခဲ့တဲ့ ၂ လတာအတွင်းမှာ မန်းလေးကနေ ကချင်ပြည်နယ်ဘက်ကို စစ်လက်နက်ရိက္ခာတွေကို ၂ ကြိမ်တိတိလာရောက်ပို့ဆောင်ထားနိုင်ပြီဖြစ်ပါတယ်။ စစ်လက်နက်ရိက္ခာတွေပို့တဲ့ စစ်ကောင်စီတပ်ရဲ့သင်္ဘောတက်လာတိုင်း ကသာအထက်ပိုင်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်ကနေ ဗန်းမော်ဆိပ်ကမ်းမရောက်ခင်အထိ…
Read More » -
18 Septemberသတင်း
မူဆယ်မြို့အနီး စစ်တပ်နဲ့ TNLA တပ်တို့အကြား စစ်ရေးတင်းမာနေ
ရှမ်းမြောက် မူဆယ်မြို့အနီး နေရာ ၂ ခုမှာ စစ်တပ်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA တို့ မနေ့ကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ မနက် ၉ နာရီလောက်မှာ မူဆယ်မြို့ ဟူးဘောကျေး ရွာနဲ့ ဂျေလန်ကျေးရွာအနီး ဝိန်းနန်းရွာဘက် စစ်ကောင်စီတပ်နဲ့ TNLA ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့ထိ ၁၀၅ မိုင် စစ်တပ်ကုန်းကနေ လက်နက်ကြီးရမ်းတမ်းပစ်ခတ်နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတာာဖြစ်တယ်လို့…
Read More » -
6 Septemberသတင်း
ပျဉ်ထောင်လေးရွာက နေအိမ် ၃၀ ကျော်ကို စစ်တပ်ကမီးရှို့သွား
စစ်ကိုင်းဒေသကြီး ကသာမြို့နယ် ပျဥ်ထောင်လေးရွာကို စစ်ကောင်စီတပ်ကတိုက်ပွဲမဖြစ်ပဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို လူနေအိမ် အလုံး ၃၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ ငအိုး ၁၂၁ တပ်ရင်းနဲ့ တပ်မ ၇၇ စစ်ကြောင်းတို့ပူးပေါင်းတဲ့ အင်အား ၇၀ ကျော်ရှိတဲ့ စစ်ကြောင်းဖြစ်ပြီးတော့ စက်တင်ဘာ ၅ ရက်နေ့ မနေ့က နေ့လည်ပိုင်းမှာ…
Read More » -
Aug- 2023 -27 Augustသတင်း
မိုးကောင်းမြို့မှာ စစ်တပ်ကဖွင့်ခိုင်းထားတဲ့ လောင်းကစားရုံ ပိတ်ပေးစေလို
မိုးကောင်းမြို့ထဲမှာ မနေ့ကစပြီး စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်နဲ့ အလယ်ရပ်ကွက်မှာ ဖွင့်ထားတဲ့လောင်းကစားရုံကို ပိတ်ပေးစေလိုတယ်လို့ မိုးကောင်းဒေသခံတွေကပြောပါတယ်။ အဲဒီလောင်းကစားရုံမှာ ကာစီနို၊ငါးပစ်ဂိမ်း၊မူးယစ်ဆေးဝါးအစုံရနိုင်တဲ့နေရာဖြစ်ပြီး ၂၄ နာရီဖွင်တဲ့လောင်းကစားရုံဖြစ်ကာ မိုးကောင်းမြို့မှာအကြီးဆုံးလောင်းကစားရုံဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ယောက်က ခုလိုပြောပါတယ်။ “မိုးကောင်းမြို့မှာ လောင်းကစားရုံက အကြီးအကျယ်ဖွင့်လာပြီ အိမ်လုံးပြတ်ငှားပြီးမှ ရုပ်ရည်အဆင်ပြေတဲ့ကောင်မလေးတွေကိုခေါ် …
Read More » -
21 Augustသတင်း
စစ်တပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးခံသွားရတဲ့ ဒွမ်ဘုံးရွာသား ၅ ဦးပြန်လွတ်လာ
ကချင်ပြည်နယ် နမ္မတီးဘက်ကနေ ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေ လူသားအဖြစ် ဖမ်းဆီးသွားတဲ့ ဒွမ်ဘုံးကျေးရွာ (Dumbung)က ဒေသခံပြည်သူ ၅ ဦး မနေ့ ညနေပိုင်းမှာ ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီဒွမ်ဘုံဒေသခံ ၅ ဦးဟာ ဩဂုတ်လ ၁၉ ရက်နေ့က နမ္မတီးဘက်ကနေ ဖားကန့်လမ်းဘက် စစ်အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒွမ်ဘုံးကျေးရွာအရောက်မှာတော့ လယ်ယာလုပ်ငန်းနဲ့ ခြံလုပ်ငန်းလုပ်ကိုင်နေတဲ့ ဒေသခံအမျိုးသား ၅…
Read More » -
17 Augustသတင်း
ရှမ်းမြောက်မှာ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲပြင်းထန်နေ
ရှမ်းမြောက် ကွတ်ခိုင် နဲ့ နမ့်ဖတ်ကာကြား နမ့်ခိုင်တံတားအနီး စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေ တပ်မတော် KIA ဘက်က ကြားဖြတ်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ် ၁၇ ရက်နေ့ ဒီနေ့ မွန်းလွဲပိုင်း ၁ နာရီခွဲလောက်မှာ ကွတ်ခိုင်ဘက်ကနေမူဆယ်ဘက်ကို ဦးတည်ချီတက်လာတဲ့စစ်ကောင်စီစစ်ကြောင်း အင်အား ၂၀၀ ခန့် ကို နမ့်ဖတ်ကာမရောက်ခင် နမ့်ခိုင်တံတားနားမှာ KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်လိုက်ပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေပြောပါတယ်။ “အခု နမ့်ခိုင်ဂိတ်နား စစ်တပ်စစ်ကြောင်းနဲ့ KIA တိုက်ပွဲဖြစ်ပွားနေတယ်။ ခုလည်း ပစ်နေကြတုန်း။ မနက်ကတည်းက ကွတ်ခိုင်ဘက်ကနေ စစ်အင်အားတွေ ကားနဲ့ရော ခြေလျင်နဲ့ရောတက်လာတယ်ကြားတယ်။ အခုအဲ့ဒီစစ်ကြောင်းကို KIA ဘက်က ပစ်ခတ်တာလို့ကြားတယ်။ လက်နက်ကြီးတွေလည်းပစ်နေတယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။ နမ့်ခိုင်တံတား စစ်တပ်ဂိတ်နား စစ်ကောင်စီစစ်ကြောင်း ပစ်ခတ်တိုက်ခိုက်ခံနေရပြီး နမ့်ဖတ်ကာ ခလရ ၁၂၃ ကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူနေတယ်လို့ ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာမနေ့မှ လားရှိုးဘက်ကနေ စစ်ကောင်စီ စစ်ကား ၅၀ လောက်နဲ့ချီတက်လာတာဖြစ်ပြီး အင်အားထက်ဝက်လောက်က ၀ပြည်ဘက်လမ်းသို့ ဦးတည်သွားပြီး ကျန်အင်အားတစ်ဝက်က ကွတ်ခိုင်မူဆယ်ဘက်သို့ ဦးတည်ချီတက်လာတာ ဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ “မနေ့ကတည်းက လားရှိုးဘက်ကနေ စစ်အင်အားတွေ ပြန်ချီတက်လာတယ်ကြားတယ်။ အဲ့ထဲက တချို့က လောက်ကိုင်ဘက် ၀ပြည်လမ်းဘက်ကို သွားလိုက်တယ်ပြောတယ်။ အဲ့ဒီ အင်အား ၂၀၀ လောက်က ဒီဘက်ကွတ်ခိုင်မူဆယ်ဘက်ကို ချီတက်လာတာဟုတ်တယ်။ စစ်တပ်ကတော့ အဆက်မပြတ်အင်အားတွေ ပို့နေတုန်းအခြေအနေပေါ့” ဟု ၎င်းကဆက်ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ စစ်အင်အား ၂၀၀ လောက်နဲ့ခြေလျင်စစ်ကြောင်းနဲ့ စစ်ယာဉ်တန်းအပါအဝင် ကုန်ကား ၁၂ ဘီးကားတွေမှာလည်းတစ်ချို့လိုက်ပါစီးနင်း ပြီး ချီတက်နေတယ်လို့…
Read More »









